၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ရုရှားနိုင်ငံမော်စကိုမြီု့တော်မြင်ကွင်း

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ရုရှားနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရလာတာ ဖြစ်ပါတယ်။

 

အိမ်ရှင် ရုရှား အတွက်တော့ ကမ္ဘာ့ဖလားကို ၁၁ ကြိမ်မြောက် ပါဝင် ယှဉ်ပြိုင်မှုအဖြစ် မှတ်တမ်းဝင်လာပါမယ်။ ရုရှားရဲ့ အမြင့်ဆုံး ကမ္ဘာ့ဖလား အောင်မြင်မှုက ၁၉၆၆ မှာ စတုတ္ထနေရာ ရခဲ့ခြင်းပါ။

 

၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးဖြစ်တဲ့ လူပေါင်း ၃.၂ ဘီလီယံလောက် စောင့်ကြည့်ခဲ့ပါတယ်။

 

ဒီနှစ်မှာလည်း အဲဒီထက် မလျော့တဲ့ ကိန်းဂဏန်းမျိုး ရှိဦးမယ်လို့ ခန့်မှန်းထားပါတယ်။