ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပုံရိပ်များ

လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ရဲ့ ဖွင့်ပွဲ အခမ်းအနားကို မနေ့က ညပိုင်းက ကျင်းပခဲ့တာပါ။

ပွဲကျင်းပတဲ့ နေရာကတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်က ပရိသတ်ရှစ်သောင်းလောက်ဆန်တဲ့လုဇ်နီကီ ဘောလုံးကွင်းကြီးထဲမှာပါ။

 အဲဒီကွင်းကြီးဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ် ကျင်းပမယ့် နေရာလည်း ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာတော့ ဗြိတိန် အဆိုတော် ရော်ဘီဝီလျံနဲ့ ဂီတပညာရှင်တွေ ပူးပေါင်းပြီးဖျော်ဖြေတင်ဆက်သွားတာပါ။

ဒါ့အပြင် ဂျွမ်းဘားအလှ အားကစားသမားတွေ၊ ပရော်ဖက်ရှင်နယ် ကချေသည်တွေ အယောက် ၅၀၀ လောက်လည်း ဖွင့်ပွဲမှာ ပါဝင်ခဲ့ကြပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အခု ဖွင့်ပွဲ အခမ်းအနားဟာ အရင်နှစ်တွေနဲ့ အများကြီး ကွာခြားနိုင်ပြီး ဂီတ ဖျော်ဖြေမှုပိုင်းကို အလေးထား တင်ဆက်ထားတယ်လို့ ကြေညာထားပါတယ်။

ဖွင့်ပွဲ အခမ်းအနားမှာ ဆုဖလားကြီးကို ဘရာဇီး ဂန္ထဝင် ဘောလုံးသမားဟောင်းနဲ့ ကမ္ဘာ့ချန်ပီယံဆု နှစ်ကြိမ် ရရှိဖူးသူ ရော်နယ်လ်ဒိုက ယူဆောင်လာပေးတာကိုတွေ့ရပါတယ်။

ရုရှားနိုင်ငံမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက် အားပေးခဲ့ပါသေးတယ်။

 ဓာတ်ပုံ - AFP ၊ EPA