World News

  • Wed 25 Oct 2017 - 10:13
    ပြီးခဲ့သည့် သီတင်း ပတ်ကုန်က ကျင်းပခဲ့သည့် ရွေး ကောက်ပွဲတွင် ဝန်ကြီးချုပ်ရှင်ဇို အာဘေး ပြန်လည်အနိုင်ရရှိခဲ့ သည့်နောက် ဂျပန်၏ ကာကွယ် ရေးအင်အား တိုးချဲ့မြှင့်တင်မည့် ရည်မှန်းချက် အကောင်အထည် ပေါ်ရန် ပိုမိုနီးစပ်လာပြီဟု လေ့ လာသူများက သုံးသပ်ခဲ့ကြသည်။
  • Tue 24 Oct 2017 - 11:20
    ဗြိတိန်နိုင်ငံသား ရေငုပ်သမား တစ်ဦးသည် ငါးမန်းကြီးတစ်ကောင်၏ ချဉ်းကပ် ရန်ပြုမှုကို တွန်းလှန်ခဲ့ရပြီး ပင်လယ်ပြင်တွင် အသက်လု ရုန်းကန် ကူးခတ်ခဲ့ရကြောင်း သိရသည်။
  • Tue 24 Oct 2017 - 10:40
    အိုင်အက်စ် လက်အောက်မှ ပြန်လည် သိမ်းယူရရှိသည့် မြို့တစ်မြို့အတွင်း ရုပ်အလောင်း အများအပြား ရှာတွေ့ခဲ့ကြောင်း ဆီးရီးယား စစ်တပ်က ကြေညာခဲ့သည်။
  • Tue 24 Oct 2017 - 10:21
    စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ၂၄ နာရီ နိုးနိုးကြားကြား အသင့်ပြင်ထားရန် အမေရိကန် စစ်ဘက်က စီစဉ်နေကြောင်း သိရသည်။ B-52 ဗုံးကြဲလေယာဉ်ကြီးများသည် အချိန်တိုင်း အရေးပေါ် ပျံတက်ပြီး စစ်ဆင်ရေး ဆင်နွှဲနိုင်ရန် အသင့်အနေအထားဖြင့် ရှိနေမည့် သဘော ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အဆုံးသတ်သွားသည့် စစ်အေးကာလ နောက်ပိုင်းတွင် အမေရိကန် လေတပ်သည် ထိုကဲ့သို့ အသင့်ပြင်မှုမျိုး ပြုလုပ်ခဲ့ခြင်း မရှိချေ။
  • Mon 23 Oct 2017 - 22:12
    အီရတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာတည်မြဲရေး မော်စကိုက လေးစားကြောင်း ကတိကဝတ်ပြုနိုင်ကြောင်း အီရတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့က ပြောကြားသည်။ မကြာသေးမီက အီရတ်ထံမှ လွတ်လပ်ရေးတောင်းခဲ့သော ကာ့ဒ်ဒေသနှင့် ရုရှားတို့ကြား စီးပွားရေးဆက်ဆံမှုရှိနေသည်။
  • Mon 23 Oct 2017 - 22:11
     ပြင်သစ်သမ္မတ အီမယ်နျူ ရယ်မက်ကရွန် မွေးမြူထားသော ခွေးလေးနီမိုသည် ပြင်သစ်အီလီ စီနန်းတော် မီးလင်းဖိုတွင် ကျင် ငယ်စွန့်ခဲ့သည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာသည်။ အဆိုပါဗီဒီယိုဖိုင်တွင် ထို နန်းတော်၏ ဧည့်ခန်းတစ်ခု၌ သမ္မတမက်ကရွန်နှင့်တကွ အစိုးရအငယ်တန်းအဖွဲ့ဝင်သုံးဦး ဆွေးနွေးစကားပြောနေစဉ် အနောက် ဘက်ရှိ မီးလင်းဖိုတွင် ခွေးလေးနီမိုက ကျင်ငယ်စွန့်ခဲ့ကြောင်း တွေ့ရသည်။ သဘာဝဂေဟဗေဒဆိုင်ရာ အငယ်တန်းဝန်ကြီး ဘရူနီပိုဆွန် က ‘‘ဘာအသံထွက်လာတာလဲ ဆိုပြီး အံ့အားသင့်သွားပါတယ်’’ ဟု ရယ်လျက်ပြောသည်။
  • Mon 23 Oct 2017 - 22:11
    အင်ဒိုနီးရှားစစ်ဦးစီးချုပ်ကို အမေရိကန်နိုင်ငံသို့ လွတ်လပ်စွာ သွားခွင့်ပြုကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။ ထိုစစ်အရာရှိချုပ်သည် အ မေရိကန်သို့ ပျံသန်းမည့် လေ ယာဉ်ပေါ်သို့ တက်ရောက်ရန် ကြိုးစားစဉ် ဟန့်တားခံခဲ့ရသည်။
  • Mon 23 Oct 2017 - 22:09
    အမေရိကန်ကာကွယ် ရေးဝန်ကြီး ဂျင်မ်မက်တစ်က ဒေါ်နယ်ထရန့်၏ ခရီးစဉ်မတိုင်မီ ယခုသီတင်းပတ်အတွင်း ၎င်း၏ အာရှခရီးစဉ်တွင် မြောက်ကိုရီး ယား၏ စစ်ရေးခြိမ်းခြောက်မှုများ ကို တားဆီးရေး အဓိကဆွေးနွေး မည်ဟု အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။  မြောက်ကိုရီးယားက ဒုံး ကျည်များ၊ နျူစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ကြား အပြန်အလှန်ခြိမ်းခြောက် မှုများနှင့်အတူ ကိုရီးယားကျွန်း ဆွယ်တွင် တင်းမာမှုများ မြင့် တက်နေသည်မှာ လပေါင်းများ စွာ ကြာမြင့်ပြီဖြစ်သည်။
  • Mon 23 Oct 2017 - 22:08
    ပါတီစုံဒီမိုကရေစီ စနစ် စတင်ခဲ့သော ငြိမ်းချမ်းရေး သဘောတူညီမှု နှစ်ပတ်လည်နေ့ တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အဓိကအတိုက်အခံ ပါတီကို ဖျက်သိမ်းမည်ဆိုခြင်းမှာမှန်ကန်ကြောင်း တနင်္လာနေ့က ပြော သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဒီမို ကရေစီစနစ်အတွက် အန္တရာယ် ရှိနေသဖြင့် ၁၉၉၁ က ပါရီငြိမ်း ချမ်းရေးသဘောတူညီမှုကို လက် မှတ်ရေးထိုးခဲ့သည့် နိုင်ငံများအ နေဖြင့် အရေးပေါ်ပြန်လည်တွေ့ ဆုံဆွေးနွေးရန် လူ့အခွင့်အရေး အဖွဲ့ ၅၀ ကျော်က တိုက်တွန်း ထားသည်။
  • Mon 23 Oct 2017 - 11:24
    Facebookပေါ်တွင် ရေးသားထားသည့် ပို့စ်တစ်ခု ဘာသာပြန် အမှားကြောင့် အစ္စရေး လုံခြုံရေး တပ်ဖွဲ့များ အလုပ်ရှုပ်သွားခဲ့ကြောင်း သိရသည်။
  • Mon 23 Oct 2017 - 11:23
    ဒေါသတကြီး ဝေဖန်ကန့်ကွက်မှုများကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အနေဖြင့် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီကို နှလုံးလှ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ထားမှုကို ပြန်လည် ရုပ်သိမ်းခဲ့ရကြောင်း သိရသည်။
  • Mon 23 Oct 2017 - 11:22
    ရွေးကောက်ပွဲတွင် ပြန်လည် အနိုင်ရခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏ အစိုးရသည် မြောက်ကိုရီးယားကို ထိရောက်စွာ တုံ့ပြန် ကိုင်တွယ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။
  • Sun 22 Oct 2017 - 21:08
    အင်ဒိုနီးရှားစစ်ဘက်အကြီးအကဲအား အမေရိကန်နိုင်ငံသို့ အ ဘယ်ကြောင့် ဝင်ခွင့်မပြုခဲ့သနည်းဆိုသည်ကို မေးမြန်းရန် အင်ဒို နီးရှားဆိုင်ရာ အမေရိကန်၏ ဒုတိယသံအမတ်ကြီးကို ဆင့်ခေါ်မည်ဖြစ်ပြီး ကန်နိုင်ငံခြားရေးဝန်ကြီးထံသို့လည်း သံတမန်ရေး မှတ်ချက်တစ်စောင် ပေးပို့မည်ဟု အင်ဒိုနီးရှားအရာရှိတစ်ဦးကပြောသည်။
  • Sun 22 Oct 2017 - 21:07
     ဟောင်ကောင် ဒေသ ယီလောင်မြို့တွင် သန့်ရှင်း ရေးအမျိုးသမီးတစ်ဦးအား ရထား သံလမ်းပေါ်သို့ တွန်းချခဲ့သည့် အမျိုးသားတစ်ဦးကို အောက်တို ဘာ ၂၁ ရက်၌ ဖမ်းဆီးခဲ့သည်။ အဆိုပါဖြစ်ရပ်ကို စီစီတီဗီ ကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ သည်။
  • Sun 22 Oct 2017 - 21:06
     သြစတြေးလျကမ်းလွန် တွင် လှေနှင့် တခြားစီဖြစ်နေသော ရေငုပ်သမားတစ်ဦးက ၎င်းကို ကြီးမားသော ကျားငါးမန်းတစ်ကောင်လိုက်သဖြင့် မိုင်များစွာကြာ ရေကူးပြီးမှ ကံကောင်း ၍ ကမ်းခြေသို့ ပြန်ရောက်လာခဲ့ ကြောင်း တနင်္ဂနွေနေ့က ပြော သည်။ ပြည်တွင်းသတင်းများ၌ ဂျွန် ကရိတ်ဟု ဖော်ပြသော မှိန်းတံ သုံး ငါးဖမ်းသမားသည် သောကြာနေ့က သြစတြေးလျ အနောက်ပြည်နယ် ကမ်းလွန်ရေအောက်တွင် ရောက်ရှိနေစဉ် ငါးမန်းလိုက်ခြင်းခံခဲ့ရသည်။ ၎င်း၏လှေသည် အင်ဂျင် ပြဿနာကြောင့် မျောပါနေခဲ့ သည်။
  • Sun 22 Oct 2017 - 21:05
     လစ်ဗျားနိုင်ငံ တည်ငြိမ် ရေးနှင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး ရည်ရွယ်ကာ ကုလသမဂ္ဂအဖွဲ့က ဦးစီး၍ တူနီး ရှားနိုင်ငံတွင် တစ်လကြာ ဆွေး နွေးပွဲများ ကျင်းပခဲ့သော်လည်း လစ်ဗျား ပြိုင်ဘက်အဖွဲ့အစည်း များအကြား အခက်အခဲကို စေ့ စပ်ပေးရန် မတတ်နိုင်ခဲ့ပေ။ မွမ်မာကဒါဖီ အုပ်ချုပ်ရေး အဆုံးသတ်ရန် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သော ၂၀၁၁ က တည်းက လစ်ဗျားနိုင်ငံတွင် ပဋိ ပက္ခများ စတင်ခဲ့သည်။
  • Sun 22 Oct 2017 - 21:04
     သမ္မတဟောင်း ဂျွန် အက်ဖ်ကနေဒီ လုပ်ကြံသတ်ဖြတ် ခံရမှုနှင့် ပတ်သက်သော ကာလ ကြာရှည် ထိပ်တန်းလျှို့ဝှက်ထား ရှိခဲ့သည့် ဖိုင်များ ဖွင့်ချမည့် အစီ အစဉ်ကို ခွင့်ပြုရန် စီစဉ်ထား သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောသည်။ နောက်ထပ်သတင်းအချက် အလက်များ ရရှိမှုအပေါ် မူတည်၍ ယင်းဖိုင်များကို ဖော်ပြခွင့်ပြုမည်ဟု ထရန့်က တွစ်တာတွင် ရေးသားဖော်ပြသည်။
  • Sun 22 Oct 2017 - 17:45
    ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းခံစားခဲ့ရသော ဒေသခံများအား အကူအညီပေးရန် ရန်ပုံငွေရရှိရေးဖျော်ဖြေပွဲအခမ်းအနားတစ်ခုသို့ ကန်သမ္မတဟောင်း ငါးဦး စုပေါင်းတက်ရောက်ခဲ့သည်။
  • Sat 21 Oct 2017 - 22:41
    အိုင်အက်စ်အဖွဲ့လက်မှ လွတ်မြောက်လာသော ဆီးရီးယားဒေသများသို့ ပြင်သစ်က ယူရို ၁၅ သန်း ကူညီမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်ဗက်စ်လီဒရိန်းက ပြောသည်။ ယင်းဒေသတွင် စားနပ်ရိက္ခာဖြန့်ဝေရေး၊ မိုင်းရှင်းလင်းရေး၊ နေအိမ်ရွှေ့ပြောင်းနေထိုင်နေသူများအား ကူညီရေးနှင့် ကျန်းမာရေးအတွက် ကူညီခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
  • Sat 21 Oct 2017 - 22:40
    ထိုင်းနိုင်ငံ ဘန် ကောက်မြို့၌ ရည်းစားဟောင်း ထိုင်းအမျိုးသမီး၏ ဝတ်လစ်စား လစ်ပုံများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြခဲ့သည့် ပြင်သစ်ကမ္ဘာလှည့် ခရီးသွားတစ်ဦးသည် အောက်တိုဘာ ၂၀ ရက်တွင် ဖမ်း ဆီးခံရသည်။ ကြာသပတေးနေ့ ဒေသစံ တော်ချိန် နံနက် ၆ နာရီခွဲခန့်တွင် Suvarnabhumi Airport လေ ဆိပ်၌ ကာတာလေကြောင်းလိုင်း မှ QR826 လေယာဉ်ပေါ်တွင် အသက်(၃၄)နှစ်အရွယ် ဗင်းဆင့် အာတိုနီဂျင်မာရီယာ လီဂရန်ကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Pages

Subscribe to World News