World News

  • Mon 29 Jan 2018 - 19:55
    ဇန်နဝါရီ ၂၉ ရက်က အာဖဂန်နစ္စတန်နိုင်ငံ၏ အဓိက စစ်ပညာသင်ကျောင်းအနီးရှိ စစ် တပ်ကင်းစခန်းတစ်ခုကို စစ်သွေး ကြွငါးဦးက တိုက်ခိုက်ခဲ့ရာ စစ် သား ၁၁ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာရရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မြို့တော်ကဘူးလ်၏ အ နောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက် များတွင် ဖြစ်ပွားခဲ့သော ယခု တိုက်ခိုက်မှုသည် လူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် ကဘူးလ်မြို့ လယ်ကောင်၌ လူနာတင်ယာဉ် ဖြင့် ဗုံးဖောက်ခွဲခဲ့ပြီး နှစ်ရက်အ ကြာနှင့် လူ ၂၀ ကျော် သေဆုံးစေခဲ့သည့် ကဘူးလ်မြို့ပေါ်ရှိ ဟိုတယ်တိုက်ခိုက်မှုအပြီး တစ်ပတ်ကျော်တွင် ဖြစ်ပွားခြင်းဖြစ်သည်။
  • Mon 29 Jan 2018 - 19:54
    ဗီယက်နမ် ယူ-၂၃ ဘောလုံးအသင်း အိမ်အပြန်ခရီး စဉ်တွင် လေယာဉ်ပေါ်၌ အတွင်းခံ အဝတ်များ ဝတ်ဆင်ထားသည့် မော်ဒယ်များ စေလွှတ်ခြင်းအပေါ် လူမှုကွန်ရက်တွင် ပြင်းထန်သော ဝေဖန်မှုများ ကြုံတွေ့ခဲ့ပြီးနောက် ဗီယက်နမ်လေကြောင်း လိုင်းက ယင်းလုပ်ရပ်အတွက် တောင်းပန်ခဲ့သည်။ ဘီကီနီဝတ် လေယာဉ်မယ် များ အသုံးပြုသည့် Vietjet လေ ကြောင်းလိုင်းသည် တရုတ်နိုင်ငံ တွင် အာရှဘောလုံးအဖွဲ့ချုပ် (AFC)ဖလား ဗိုလ်လုပွဲ၌ ဥဇဘက် ကစ္စတန်ကို ရှုံးပြီးပြန်လာသော ဗီယက်နမ် ဘောလုံးသမားများအတွက် မော်ဒယ်များကို စေ လွှတ်ခဲ့၍ ဝေဖန်ခံရသည်။
  • Mon 29 Jan 2018 - 11:41
    ပစိဖိတ် သမုဒ္ဒရာ တောင်ပိုင်းတွင် ပျောက်ဆုံးခဲ့သည့် ကူးတို့ရေယာဉ်ပေါ်မှ လူ ၇ ဦးကို ဆယ်ရက်မျှ အကြာတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
  • Mon 29 Jan 2018 - 11:40
    အာဖဂန် နစ္စတန်တွင် ဆိုးရွားရက်စက်လှသည့် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့သည့်နောက် တာလီဘန် စစ်သွေးကြွများကို ထိရောက်စွာ တုံ့ပြန် ကိုင်တွယ်ရန် လိုအပ်လာပြီဟု အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။
  • Mon 29 Jan 2018 - 11:39
    ဇန်နဝါရီ ၂၈ ရက်က ကျင်းပခဲ့သည့် ဂရမ်မီ ဂီတထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားတွင် ဘရူနိုမားစ်၏ 24K Magic အယ်လ်ဘမ်က အောင်ပွဲခံနိုင်ခဲ့သည်။
  • Sun 28 Jan 2018 - 20:25
    ဗြိတိန်နိုင်ငံအနေဖြင့် ၂၀၁၆ မဲခွဲဆုံးဖြတ်မှုကို ပြောင်းပြန်လှန်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ဆက်လက်နေထိုင်လိုပါက လမ်း ဖွင့်ထားကြောင်း အီးယူစီးပွားရေးနှင့် ငွေကြေးကော်မရှင်နာ မင်းကြီး ပီယာမော့စကိုဗီစီကပြောသည်။ နောက်ထပ် လူထု ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပသင့်သည်ဟု ဗြိတိန်နိုင်ငံရေးသမား အချို့က ပြောသည်။
  • Sun 28 Jan 2018 - 20:24
     ဆော်ဒီအာရေးဗီးယား အကျင့်ပျက်ခြစားမှု တိုက်ဖျက် ရေးအဖွဲ့၏ နှိမ်နင်းမှုတွင် ထိန်း သိမ်းခံရပြီးနောက် နှစ်လအကြာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ အနက် တစ်ဦးဖြစ်သူ တော်ဝင် မင်းသား အယ်လ်ဝါလိဒ် ပြန်လည်လွတ်မြောက်လာသည်။ ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်း မှုတစ်ခုကို အစိုးရရှေ့နေက အ တည်ပြုပြီးနောက် အယ်လ်ဝါလိဒ် ကို ပြန်လွှတ်ပေးခဲ့ကြောင်း တာ ဝန်ရှိသူတစ်ဦးကပြောသည်။
  • Sun 28 Jan 2018 - 20:23
    လူကြိုက်များသော ကမ္ဘာလှည့်ခရီးသွားများ သွားလာ ရာနေရာများ၌ ညစ်ညမ်းသော အပြုအမူများကို ကမ္ဘောဒီးယား အာဏာပိုင်များက နှိမ်နင်းစဉ် ညစ်ညမ်းစွာ သီဆိုကခုန်နေသော နိုင်ငံခြားသား ၁၀ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္ဂနွေ နေ့တွင် ပြောသည်။  ယင်းလုပ်ရပ်ကြောင့် ထောင်တစ်နှစ်ချမှတ်ခံရနိုင်သော နိုင်ငံခြားသားများကို စီယမ်ရိ(ပ်)မြို့ရှိ နေအိမ်တွင် ကြာသပတေး နေ့က ဖမ်းဆီးခဲ့ပြီးနောက် ရုံးတင် စစ်ဆေးမည်ဖြစ်သည်။
  • Sun 28 Jan 2018 - 20:22
    အသက် (၇၀)ကျော် အရွယ်ရှိ စက်ပြင်ဆရာတစ်ဦး ပိုင်ဆိုင်သော မျက်နှာနှစ်ဖက်ပါဝင် သည့် ယာဉ်တစ်စီးကို အင်ဒိုနီးရှား အာဏာပိုင်များက လမ်းများပေါ် ၌ မောင်းနှင်ခွင့်မပြုသော်လည်း ထိုအမျိုးသားက လက်မလျှော့ သေးပေ။ ရိုနီဂန်နာဝန်က အနောက် ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့၌ လုပ်ဖော်ကိုင်ဖက်များ၏ အကူ အညီဖြင့် လိမ္မော်ရောင် Toyota Limos အမျိုးအစား ယာဉ်နှစ်စီး၏ ထက်ခြမ်းခြမ်းထားသော ရှေ့ ဘက်ကိုယ်ထည်နှစ်ခုကို ဂဟေ ဆက်ကာ အဆိုပါ မျက်နှာနှစ် ဖက်ပါသောကားကို တပ်ဆင်ခဲ့ သည်။
  • Sun 28 Jan 2018 - 20:21
     ရွေးကောက်ပွဲ သပိတ် မှောက်မှု ထောက်ခံသော နိုင်ငံ တစ်ဝန်း ဆန္ဒပြပွဲများမတိုင်မီ ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဆီနာဗယ်နီ၏ရုံးကို မော် စကိုရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ခဲ့သည်။ နာဗယ်နီ၏ တရားဝင် ယူ ကျုဘ်လိုင်းတွင် ပြသထားသည့် ဗီဒီယိုဖိုင်၌ ရဲတပ်ဖွဲ့ဝင်များရုံးသို့ ဝင်လာပြီး ဝန်ထမ်းများကို မေး မြန်းစစ်ဆေးနေကြောင်း မြင်ရ သည်။ မတ်လ ၁၈ ရက်တွင် ကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲ ကို ဆန့်ကျင်ဆန္ဒပြရန် နာဗယ်နီ က ပြောကြားထားသည်။
  • Sun 28 Jan 2018 - 20:20
     တွေ့ဆုံမှုကို ဆီးရီး ယား အတိုက်အခံက သပိတ် မှောက်မည်ဖြစ်သော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်က ရုရှားနိုင်ငံ ဆိုချီမြို့၌ ယနေ့ ကျင်းပမည့် ညီ လာခံသို့ ဆီးရီးယားငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးမှူး စေလွှတ် မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးကပြောသည်။ ဆိုချီညီလာခံသည် ဆွစ်ဇာ လန်နိုင်ငံ ဂျီနီဗာမြို့၌ ကုလသမဂ္ဂ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အားသစ်လောင်းရာတွင် အရေး ကြီးသော ထောက်ပံ့ကူညီမှုတစ် ခုဖြစ်မည်ဟု ဂူတာရက်စ်က ယုံ ကြည်နေကြောင်း ထုတ်ပြန်ချက် တွင် ကုလသမဂ္ဂပြောရေးဆိုခွင့် ရှိသူက ပြောသည်။
  • Sun 28 Jan 2018 - 20:19
    မိမိတို့၏ နည်းပညာ များကို ပိုမိုအကာအကွယ်ပေးနိုင်ရေး ဂျာမနီနှင့် ဥရောပကုမ္ပဏီ များကို တရုတ်နိုင်ငံက ဝယ်ယူရန် ကြိုးပမ်းမှုများအပေါ် ပိုမို၍ အနီး ကပ်ကြည့်ရှုရန် ဥပဒေဆိုင်ရာ နည်းလမ်းများကို ဂျာမနီက အလို ရှိနေကြောင်း ဂျာမနီဝန်ကြီးတစ် ဦးက ပြောသည်။
  • Sun 28 Jan 2018 - 20:19
    စစ်ဒဏ်ခံနေရသော ကဘူးလ်မြို့တွင် နှစ်များစွာအ တွင်း အကြီးမားဆုံး ပေါက်ကွဲမှု များအနက် တစ်ခု၌ လူ ၉၅ ဦး ထက်မနည်း သေဆုံးခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် သမ္မတဒေါ်နယ်ထရန့်က တာလီဘန်အဖွဲ့ကို ထိရောက်စွာ အရေးယူရန် တိုက်တွန်းခဲ့သည်။ ကဘူးလ်မြို့တွင် ဖြစ်ပွား သောကားဖြင့် ဗုံးခွဲတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထရန့်က ကြေညာချက်၌ ဖော်ပြသည်။
  • Sun 28 Jan 2018 - 20:18
     ဘေဂျင်းအစိုးရအနေ ဖြင့် တိုကျိုအစိုးရနှင့် မူလဆက် ဆံရေးလမ်းကြောင်းပေါ်သို့ ပြန် လည်ရောက်ရှိရေး ဆောင်ရွက်ရန် မျှော်လင့်ကြောင်း တနင်္ဂနွေနေ့တွင် ဘေဂျင်းမြို့၌ တရုတ်နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယီက ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ဂျပန်သည် ဒုတိယကမ္ဘာ စစ်အတွင်း တရုတ်နိုင်ငံသို့ ကျူး ကျော် တိုက်ခိုက်ခဲ့ခြင်းအတွက် မျှတသော တန်ပြန်ပေးဆပ်မှုမရှိ ကြောင်း ဘေဂျင်းအစိုးရက မကြာခဏ စွပ်စွဲသည့် ဆိုးရွားသော သမိုင်းကြောင်းရှိခဲ့၍ နှစ်နိုင်ငံအ ကြား အချိန်ကြာရှည်စွာ စကားစစ်ထိုးခဲ့သည်။
  • Sun 28 Jan 2018 - 20:17
    ကိုလံဘီယာနိုင်ငံတွင် သူပုန်အဖွဲ့မှ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့သော ဖာ့စ် (FARC) ပါတီသည် ယခုနှစ်အတွင်း ကျင်းပမည့် ပါလီမန်အမတ် ရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစည်းရုံးရေး စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း ဆင်းရဲနွမ်းပါးမှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်မည်ဟု စနေနေ့က ကတိပြု ပြောကြားသည်။ ကိုလံဘီယာ၏ အကြီးဆုံး လက်နက်ကိုင် သူပုန်အဖွဲ့ဖြစ် သော ဖာ့စ်အဖွဲ့သည် (၅၂)နှစ် ကျော်ကြာ တိုက်ပွဲများကို အဆုံး သတ်ရန် ၂၀၁၆ တွင် သမ္မတ ဂျူ အန်မန်နျူရယ်ဆန်းတို့စ်နှင့် ငြိမ်း ချမ်းရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
  • Sun 28 Jan 2018 - 19:59
    ပြိုင်ဘက် ဂျီရီဒီရာဟို့စ် နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ သော ထိပ်တိုက်မဲခွဲဆုံးဖြတ်မှုအပြီး ချက်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမီလို့စ်ဇီမန်သည် ဒုတိယ သမ္မတသက်တမ်း တာဝန်ထမ်း ဆောင်ရန် အနိုင်ရခဲ့သည်။ ရုရှားအပေါ် ဥရောပသမဂ္ဂ ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု များကို ကန့်ကွက်ပြီး ရွှေ့ပြောင်း နေထိုင်မှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ မစ္စတာဇီမန်သည် ဥရောပသမဂ္ဂလိုလားသည့် နိုင်ငံရေး အတွေ့အကြုံမရှိသူ ပညာရှင် ဒီရာဟို့စ်ကို မဲ ၅၂ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။
  • Sun 28 Jan 2018 - 19:58
    လွတ်လပ်ရေးလို လာသော နိုင်ငံရေးသမား ကား လက်စ်ပူဒီမွန့်ကို ကတ်တာလိုနီး ယားသမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခြင်းမှ တားမြစ်ရန် စပိန် တရားရုံးတစ်ခုက လှုပ်ရှားမှုပြု လုပ်ခဲ့သည်။ အောက်တိုဘာက လွတ် လပ်ရေးကြေညာပြီးနောက် ကတ် တာလိုနီးယားသမ္မတဟောင်း ပူဒီမွန့်သည် ဆူပူထကြွအောင် လှုံ့ ဆော်မှုနှင့် တော်လှန်ပုန်ကန်မှု စွဲချက်ကြောင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ထွက်ပြေးနေ ထိုင်လျက်ရှိသည်။
  • Sun 28 Jan 2018 - 17:28
    ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ဖော်တာလီဇာမြို့ရှိ နိုက်ကလပ်တစ်ခုတွင် ဇန်နဝါရီ ၂၇ ရက်က သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
  • Sat 27 Jan 2018 - 21:01
    အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်၏ လူစည်ကားရာ နေရာတစ်ခုတွင် လူနာတင်ယာဉ်ပေါ် တင်ထားသော ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲမှုကြောင့် လူ ၄၀ ဦး သေဆုံးပြီး လူ ၁၄၀ ခန့် ဒဏ်ရာရရှိကာ ယင်းမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု တာလီဘန်အဖွဲ့ကပြောသည်။
  • Sat 27 Jan 2018 - 21:00
    အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် ဇန်နဝါရီ ၂၁ ရက် နှောင်းပိုင်းက ရထားသံလမ်းဘေး၌ ဆယ်လ်ဖီရိုက်နေသော အမျိုးသားတစ်ဦး ရထား တိုက်ခံရသည်။ ဘိုရာဘန်ဒါ ဘူတာရုံရှိ ရထားသံလမ်းဘေးတွင် အဆိုပါ အမျိုးသားသည် ဆယ်လ်ဖီရိုက် နေစဉ် ရထားတိုက်ခံရသည့် ဗီဒီ ယိုသည် အွန်လိုင်းသုံးစွဲသူများအ ကြား ပျံ့နှံ့ခဲ့သည်။

Pages

Subscribe to World News