World News

  • Sun 03 Dec 2017 - 20:14
     မြို့ပြဆင်ခြေဖုံး ရထားလမ်းပေါ်တွင် ပြေးဆွဲသော ရထားတွဲပေါင်း ၄၅၀ ထုတ်လုပ်ရန် တောင်ကိုရီးယား အခြေစိုက် Hyundai Rotem ကုမ္ပဏီသည် ယူရိုသန်း ၇၂၀ တန်သော သဘောတူစာချုပ်တစ်ခုကို အီရန်နှင့်လက်မှတ်ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြသည်။  ယင်းသဘောတူညီစာချုပ် ကို Hyundai Motors ကုမ္ပဏီ၏  ဌာနခွဲ Hyundai Rotem ကုမ္ပဏီ နှင့် အီရန်ရထားသယ်ယူပို့ဆောင်ရေးအာဏာပိုင်များသည် တီဟီ ရန်မြို့တွင် လက်မှတ်ရေးထိုးခဲ့ ပြီး အဆိုပါအခမ်းအနားသို့ အီရန်သယ်ယူပို့ဆောင်ရေးဝန်ကြီး အာဘတ်စ်အက်ခ်ဟောင်ဒီ တက် ရောက်ခဲ့သည်။
  • Sun 03 Dec 2017 - 20:13
     ဗြိတိန်နိုင်ငံ၌ အမြန်လမ်းပေါ်ရှိ တံတားတစ်ခုအစွန်မှ ပြုတ် ကျလုနီးဖြစ်နေသော ဗင်ကား တစ်စီးကို အကူအညီများ ရောက် ရှိလာချိန်အထိ ရဲတပ်ဖွဲ့ဝင်တစ် ဦးက လက်ဖြင့်ကိုင်ကာ ထိန်းထားခဲ့သည်။ အခင်းဖြစ်ပွားရာ ယော့ခ် ရှိုင်းယားဒေသရှိ A1(M) အဝေး ပြေးလမ်းမသို့ ရဲတပ်ဖွဲ့ဝင် မာတင်ဝီလိစ် ရောက်လာသောအခါ တံတားတစ်စင်းအစွန်မှ ပြုတ်ကျလုနီး ဖြစ်နေသော ဗင်ကားအတွင်း ဒရိုင်ဘာ ပိတ်မိနေကြောင်း တွေ့ခဲ့ရသည်။
  • Sun 03 Dec 2017 - 20:11
    ဘရာဇီးလွှတ်တော်အမတ်ဟောင်း၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး မာရီနာဆေးလ်ဗားက လာမည့်နှစ်သမ္မတရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် ၎င်း၏ပါတီက အမည်စာရင်း တင်သွင်းစေရေး ကြိုးပမ်းမည်ဟုပြောသည်။ ၎င်းသည် သမ္မတရာထူး ဝင်ပြိုင်မည်ဖြစ်ကြောင်း REDE ပါတီ အစည်းအဝေးတွင် မာရီနာက ပြောကြားခြင်း ဖြစ်သော်လည်း ဧပြီတွင် REDE ပါတီ၏ အမျိုး သားညီလာခံ ကျင်းပပြီးမှသာ ရွေးကောက်ပွဲဝင်ပြိုင်ရေး တရားဝင်မည်ဖြစ်သည်။
  • Sun 03 Dec 2017 - 20:10
    အမေရိကန်နှင့် တောင် ကိုရီးယားတို့၏ အကြီးမားဆုံး ပူးတွဲလေကြောင်းလေ့ကျင့်မှု မ တိုင်မီ အကြိုနေ့ဖြစ်သော ဒီဇင်ဘာ ၃ ရက်က ယင်းနှစ်နိုင်ငံသည်စစ်လိုလားသော နိုင်ငံများဖြစ်သည်ဟု မြောက်ကိုရီးယားက ထိုးနှက်ပြီး ယင်းလုပ်ရပ်ကြောင့် နျူ ကလီးယားစစ်ပွဲ ဖြစ်နိုင်သည်ဟု ပြောသည်။ ဆင်းရဲသော်လည်း နျူလက်နက်ပိုင်ဆိုင်ထားသော မြောက်ကို ရီးယားနှင့် စစ်ဖြစ်နိုင်ခြေပိုများလာခြင်းနှင့် ပတ်သက်၍ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံ ပေး မက်မာစတာက သတိပေး ပြီးနောက် မြောက်ကိုရီးယားက အထက်ပါကဲ့သို့ ပြောဆိုခြင်းဖြစ် သည်။
  • Sun 03 Dec 2017 - 20:08
     ဂျာမနီနိုင်ငံ ဟန်နိုဗာ မြို့တွင် ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံမှုများ၌ လူအ မြောက်အမြား ဒဏ်ရာရခဲ့သည်။ စက်တင်ဘာရွေးကောက်ပွဲ များအပြီး ပါလီမန်အတွင်း ဝင် ရောက်လာပြီးနောက် လက်ယာ စွန်း Alternative for Germany (AFD) ပါတီ၏ ပထမဆုံးညီလာခံကို ဆန္ဒပြသူများက ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ AFD ပါတီ ကိုယ်စားလှယ် ၆၀၀ အတွက် လမ်းရှင်းရန် ဟန် နိုဗာရဲတပ်ဖွဲ့သည် မီးသတ်ပိုက် များ၊ နံပါတ်တုတ်များ၊ ငရုတ် ကောင်းဘူးများ အသုံးပြုခဲ့ပြီး ဆန္ဒပြသူ ၁၀ ဦးကို ဖမ်းဆီးထိန်း သိမ်းခဲ့သည်။
  • Sun 03 Dec 2017 - 20:07
    ဗင်နီဇွဲလားနိုင်ငံ ၏ တာရှည်နိုင်ငံရေးအကျပ်အ တည်းကို ဖြေရှင်းရန် ရည်ရွယ်၍ ဒိုမီနီကန်နိုင်ငံ၌ ကျင်းပခဲ့သော ဆွေးနွေးညှိနှိုင်းပွဲများတွင် ဗင်နီဇွဲ လားအစိုးရအဖွဲ့ဝင်များနှင့် ညွန့် ပေါင်း အတိုက်အခံအဖွဲ့ကြား သဘောတူညီမှုရအောင် စွမ်း ဆောင်နိုင်ခဲ့ခြင်းမရှိပေ။ သို့သော် လာမည့်သီတင်း နှစ်ပတ်အတွင်း ညှိနှိုင်းမှုများ ထပ်မံကြိုးစားရေး ပြန်လည်တွေ့ဆုံရန် စီစဉ်ခဲ့သည်။
  • Sun 03 Dec 2017 - 20:06
     တောင်ကိုရီးယားနိုင်ငံ အနောက်ဘက် ကမ်းလွန်ပင် လယ်ပြင်တွင် ဒီဇင်ဘာ ၂ ရက်က လောင်စာဆီဖြည့် သင်္ဘောတစ်စီးနှင့် တိုက်မိ၍ ငါးဖမ်းစက်လှေ တစ်စီး တိမ်းမှောက်ရာ လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
  • Sun 03 Dec 2017 - 20:04
     နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ဆန့်ကျင် သော သြဇာကြီးမားသူတစ်ဦး သည် ယီမင်သူပုန်များကို တိုက် ခိုက်နေသည့် ဆော်ဒီအာရေးဗီး ယား ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့ထံ ပူးပေါင်းခဲ့၍ ယီမင်နိုင်ငံမြို့တော်ဆာနားကို ထိန်းချုပ်ထားသည့် သူပုန်မဟာမိတ်အဖွဲ့ပြိုကွဲမည့်ပုံပေါ်လာသည်။  သူပုန်တပ်ဖွဲ့များကြား သဘောထား မတိုက်ဆိုင်ဖြစ်မှု သည် ယခုသီတင်းပတ်အတွင်း အကြမ်းဖက်မှုအသွင်သို့ ရောက် ရှိခဲ့ပြီးနောက် လူထောင်ပေါင်း များစွာ သေဆုံးကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်စေခဲ့သည့် သုံးနှစ်ကြာ ယီမင်စစ်ပွဲအတွင်း စစ်မျက်နှာစာသစ်တစ်ခု ထွက်ပေါ်လာမည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လာသည်။
  • Sun 03 Dec 2017 - 20:03
    စီအိုင်အေညွှန်ကြား ရေးမှူး မိုက်ပွန်ပေနှင့် အစားထိုး ခံရခြင်းကြောင့် ရာထူးမှ ထွက်ခွာပေးခဲ့ရသည်ဆိုခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ရက်စ်တီလာဆန်က ငြင်းဆို ခဲ့သည်။  ယခုသီတင်းပတ်အတွင်း ၎င်းနှင့်ပတ်သက်၍ ရေးသားသည့် သတင်းအမြောက်အမြားမှာ မှန်ကန်မှုတစ်စုံတစ်ရာ ရှိ၊ မရှိ မေးမြန်းခံရရာ တစ်ခုမျှ မဟုတ်မှန် ကြောင်း ရက်စ်တီလာဆန်က ရိုက်တာသတင်းဌာနအား ဖြေကြားသည်။
  • Sun 03 Dec 2017 - 20:03
    ထရန့်၏ အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ဟောင်း မိုက်ကယ်ဖလင်းက အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် မိမိ ၏ အသွင်ကူးပြောင်းရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ဖလင်း၏ လုပ်ရပ်များသည် တရားဝင်ဖြစ်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားကာ တုံ့ပြန်လိုက် သည်။ ရုရှားနိုင်ငံနှင့် ပူးပေါင်းကြံ စည်ခဲ့သည်ဆိုသော ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်း ဆောင်ရွက်ရန် မိုက်ကယ်ဖလင်း က သဘောတူခဲ့ပြီး အပြစ်ရှိ ကြောင်း ဝန်ခံပြောကြားခဲ့သည်။
  • Sun 03 Dec 2017 - 20:02
    သမ္မတဒေါ်နယ် ထရန့် ဦးဆောင်သော အမေရိ ကန်အစိုးရက ကုလသမဂ္ဂ၏ ဒုက္ခသည်အရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်မှ အမေရိကန် ကို နုတ်ပယ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။ ‘‘ဒီကနေ့ ကုလသမဂ္ဂနဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို အသိပေးလိုတာက ဒုက္ခသည် တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေ ကို ကူညီပေးရေးအတွက် သဘောတူညီခဲ့တဲ့ Global Compact on Migration သဘောတူညီချက်မှာ အမေရိကန်ပူးပေါင်းပါဝင်မှု အဆုံးသတ်သွားပါပြီ’’ဟု ထုတ်ပြန်ချက်တစ်ခုတွင် ပြောသည်။
  • Sun 03 Dec 2017 - 17:37
    အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် ဒီဇင်ဘာ ၂ ရက်က အစ္စရေးနိုင်ငံသား ၂၀,၀၀၀ ခန့် စုဝေးခဲ့ပြီး အစိုးရ၏ အကျင့်ပျက်ခြစားမှုနှင့် ဝန်ကြီး ချုပ်ဘင်ဂျမင်နေတန်ညာဟုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။
  • Sat 02 Dec 2017 - 21:18
    ဒေါ်နယ်ထရန့် သမ္မတမဖြစ်မီ သီတင်းပတ်များက အက်ဖ်ဘီအိုင် အဖွဲ့သို့ လိမ်လည်၍ ထွက်ဆိုချက်ပေးခဲ့ခြင်းကြောင့် အပြစ်ရှိ ကြောင်း အမျိုးသားလုံခြုံရေးအရာရှိဟောင်း မိုက်ကယ်ဖလင်း က ၀န်ခံသည်။ မိုက်ကယ်ဖလင်းကို အထူးရှေ့နေရောဘတ်ပူ လာက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
  • Sat 02 Dec 2017 - 21:18
    အင်္ဂလိပ်နှင့် ပြင် သစ် နှစ်ဘာသာ ပြောဆိုသော ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌ နှုတ်ခွန်းဆက်ပြောဆိုရာတွင် ပြင် သစ်စကား ‘Bonjour’ ဟု အသုံး ပြုရန်နှင့် ‘Bonjour, Hi’ဟု အ သုံးမပြုရန် သတ်မှတ်ခဲ့သည်။ ထိုမြို့တွင် ‘Bonjour, Hi’ ဟူသော နှုတ်ဆက်စကားနှင့် အ ချိန်အတန်ကြာ ရင်းနှီးနေခဲ့သည်။
  • Sat 02 Dec 2017 - 21:17
    အစ္စရေးဒုံးကျည်များ သည် ဒမတ်စကတ်မြို့အနီးရှိ စစ်စခန်းတစ်ခုကို ထိမှန်ခဲ့ပြီး ဆီးရီးယား လေကြောင်းကာကွယ် ရေးစနစ်က စနေနေ့တွင် တုံ့ပြန်ခဲ့ပြီး ဒုံးကျည်နှစ်စင်းကို ပစ်ချဖျက်ဆီးခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ကြေညာသည်။ ရန်သူအစ္စရေးတို့က မြေပြင် မှ မြေပြင်ပစ်ဒုံးကျည်အများအ ပြားဖြင့် စစ်စခန်းတစ်ခုကို တိုက် ခိုက်ခဲ့ပြီး ယင်းစခန်း ပျက်စီးခဲ့ ကြောင်း သတင်းကဖော်ပြသည်။
  • Sat 02 Dec 2017 - 21:16
     မောင့်အဂွန်း မီး တောင်ပေါက်ကွဲမှုမှ ထွက်ပေါ် လာသော မီးတောင်ပြာများ အန္တ ရာယ်ကြောင့် လေယာဉ်ပျံသန်းမှု အခြေအနေ ထိခိုက်နိုင်သည်ဆို သော ခန့်မှန်းချက်များကြောင့် စနေနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာ လီကျွန်းမှ ထွက်ခွာမည့်လေ ကြောင်းခရီးစဉ်များကို ထပ်မံ ဖျက်သိမ်းခဲ့သည်။ ဘာလီလေဆိပ်ပြောရေးဆို ခွင့်ရှိသူက လေဆိပ်သည် ပုံမှန် လည်ပတ်နေဆဲ ဖြစ်သော်လည်း Tetstar နှင့် Virgin Australia တို့ကဲ့သို့ လေကြောင်းလိုင်းများ က ခရီးစဉ်အချို့ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောသည်။
  • Sat 02 Dec 2017 - 21:16
     နောက်ဆုံးတာဝေးပစ်ဒုံး ကျည် စမ်းသပ်မှု အောင်မြင်ခဲ့၍ မြောက်ကိုရီးယားသည် အခမ်း အနားများအကြီးအကျယ် ကျင်းပ ခဲ့ပြီး မီးရှူးမီးပန်းများ ပစ်လွှတ် ကာ ပြည်သူ့ရင်ပြင်များတွင် အ ကအခုန်များဖြင့် အောင်ပွဲခံခဲ့ ကြောင်း မြောက်ကိုရီးယားနိုင်ငံ ပိုင်သတင်းဌာနက ဖော်ပြသည်။ လက်ရှိအာဏာရ အလုပ် သမားပါတီ၏ တရားဝင်နေ့စဉ် ထုတ် သတင်းစာတစ်စောင်တွင် ထောင်နှင့်ချီသည့် စစ်သားများ နှင့် ကင်မ်အီလ်ဆွန်းရင်ပြင်၌ ပြည်သူများ လက်ခုပ်ဩဘာပေး နေသော ရောင်စုံဓာတ်ပုံများကို မျက်နှာဖုံး၌ ဖော်ပြခဲ့သည်။
  • Sat 02 Dec 2017 - 10:58
    တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ခုတွင် ပင်ဂွင်းငှက် လေမှုတ်ရုပ်များကို ထည့်သွင်း ပြသထားသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
  • Sat 02 Dec 2017 - 10:42
    အိန္ဒိယတွင် မွေးကင်းစ ကလေးငယ် တစ်ဦးကို သေဆုံးပြီဟု မှားယွင်း ဆုံးဖြတ်ခဲ့မိသည့် ဆရာဝန်များနှင့် ပတ်သက်၍ ဒေလီမြို့ရှိ ဆေးရုံတစ်ခုမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရသည်။
  • Sat 02 Dec 2017 - 10:27
    ပါကစ္စတန်နိုင်ငံရှိ ကောလိပ်တစ်ခုကို သေနတ်သမားများက စီးနင်း တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Pages

Subscribe to World News