World News

  • Sat 25 Oct 2014 - 00:01
    ဆစ်ဒနီ− သြစတြေးလျနိုင်ငံအနေ ဖြင့် အနောက်အာဖရိကဒေသ၌ အီဘိုလာရောဂါ ပျံ့နှံ့နေမှု ထိန်း ချုပ်ရေးတွင် ပိုမိုပါဝင်လုပ်ကိုင် ရန် အမေရိကန်နှင့် ဗြိတိန်အစိုးရ တို့က အကူအညီတောင်းခဲ့သည် ဟု သြစတြေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောသည်။
  • Fri 24 Oct 2014 - 22:53
     အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်တွင် တရားမဝင်သတင်းလိုက်မှုဖြင့် ထိန်းသိမ်းထားသော ပြင်သစ်ဂျာနယ်လစ် နှစ်ဦးကို တရားရုံးက ထောင်ဒဏ်နှစ်လနှင့် ၁၅ ရက် ချမှတ်လိုက်သဖြင့် ထိုဂျာနယ်လစ်များသည် ချုပ်ရက်များနှင့် ပြစ်ဒဏ်ရက်စေ့ပြီး လာမည့်တနင်္လာနေ့တွင် ပြန်လည်လွတ်မြောက်တော့မည်ဖြစ်သည်။ သောမတ်စ်ဒန်ဒွိုက်စ်(၄၀) နှစ်နှင့် ဗလင်တိုင်းဘော်ရတ် (၂၉)နှစ်တို့သည် ပါပူအာပြည်နယ် အရှေ့ပိုင်းတွင် ခွဲထွက်ရေးသူပုန်များ၏ လှုပ်ရှားမှုအကြောင်းကို ပြင်သစ်-ဂျာမန်ရုပ်သံလိုင်း Arte အတွက် သွားရောက်ရိုက်ကူးစဉ် ဩဂုတ်လဆန်းပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဖက်ဒရယ်အစိုးရသည် ပါပူအာဒေသမှ ခွဲထွက်ရေး  ပုန်ကန်မှုများအကြောင်း ဖော်ပြခြင်းနှင့်ပတ်သက် ၍ တင်းကျပ်စွာထိန်းချုပ်လေ့ရှိပြီးထိုဒေသတွင်းသို့ ပြည်ပခရီးသွားများ လွတ်လပ်စွာသွားလာနိုင်ရန် ခွင့်ပြုခြင်းမရှိပေ။   ထိုဂျာနယ်လစ်နှစ်ဦးမှာကမ္ဘာလှည့်ခရီးသည်ဗီဇာဖြင့် ဝင်ရောက်လာပြီးနောက် ခွင့်ပြုချက်မရှိဘဲ သတင်းယူမှုဖြင့် ထိန်းသိမ်းခံရပြီးနောက် ယခုသီတင်းပတ်အတွင်း အမှုစစ်ခဲ့ရာတွင် ထောင်ဒဏ်လေးလစီ သတ်မှတ်ရန် အစိုးရရှေ့နေများက စွဲဆိုခဲ့သည်။
  • Fri 24 Oct 2014 - 22:52
    မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် နာမကျန်း ဖြစ်နေသော်လည်း နိုင်ငံကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ဝါရှင်တန်မြို့တွင် ကန်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန်မင်းကူက ပြောကြားလိုက်သည်။ ကန်ကာကွယ်ရေးဝန်ကြီး ဟေဂယ်လ်နှင့် တွေ့ဆုံမှုတွင် ဝန်ကြီး ဟန်က ၎င်းသည် ကင်ဂျုံအန်က နိုင်ငံကိုထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ‘‘အပေါ်ယံမှာတော့ ကင်ဂျုံအန်ဟာ ထိန်းချုပ်မှုကို ထိရောက်စွာ လုပ်ထားနိုင်ဆဲပါ။ ဒါပေမဲ့ နိုင်ငံရဲ့ သံတမန်ရေးအရ အထီးကျန်မှုနဲ့ စီးပွားရေးဆိုးရွားစွာ အကျပ်အတည်း ကြုံတွေ့မှုတွေကတော့ ရေရှည်မှာ မတည်ငြိမ်မှုကို တိုးပွားစေပါလိမ့်မယ်’’ဟု ပင်တဂွန်တွင် ပြု လုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဟန်မင်းကူက ပြောသည်။
  • Fri 24 Oct 2014 - 22:51
    အိန္ဒိယနိုင်ငံတွင် ကြာသပတေးနေ့က ဒီပါဝလီပွဲတော် ကာလအတွင်း နိုင်ငံအနောက်ပိုင်းဘီဟာနှင့် အရှေ့ပိုင်း ဂူဂျာရတ်ပြည်နယ်များတွင် ဝန်ကြီးချုပ်မိုဒီ၏ ရုပ်ပုံဖြင့် ရောင်းချသည့် မီးရှူးမီးပန်းများမှာ ရောင်းအကောင်းဆုံးဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ဒီပါဝလီပွဲတော်ကာလ အထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြရာ ထိုအရာများကို အများအားဖြင့် လူကြိုက်များသော ဘောလိဝုဒ်သရုပ်ဆောင်များနှင့် ခရစ်ကတ်အားကစားသ မားများ၏ ရုပ်ပုံများသုံး၍ ရောင်းချခြင်းဖြစ်သော်လည်း ယခုနှစ်တွင် ဝန်ကြီးချုပ်မိုဒီပုံများမှာ မီးရှူးမီးပန်းများ၊ ဗြောက်အိုးထုပ်များပေါ်တွင် ရောက်လာခြင်းဖြစ်သည်ဟု ဟိန္ဒူစတန်တိုင်းမ်သတင်းစာက ဖော်ပြသည်။ တန်ဖိုးရူပီး ၂၀၀ မှ ၈၀၀ ကြားရှိသည့် ထိုမီးရှူးမီးပန်းထုပ်များအပြင် ရူပီးတစ်ထောင် (၁၆ ဒေါ်လာ)ခန့်ရှိသော မိုဒီပန်းအိုးခေါ် မီးရှူးမီးပန်း လက်ရာမှာလည်း ရောင်းကောင်းခဲ့ကြောင်း ဆိုသည်။
  • Fri 24 Oct 2014 - 22:49
     ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူများသည်၎င်းတို့ကို ထောက်ခံသူများက အစိုးရဘက်မှ အဆိုပြုချက်ကို လက်ခံ၊ မခံနှင့် မြို့တော်အတွင်း၎င်းတို့ နေရာယူပိတ်ဆို့မှု လုပ်ထားခြင်းကို အဆုံးသတ်သင့်၊ မသင့်ကိစ္စများကို လွတ်လပ်စွာ သဘောထားပေးနိုင်ရန် မဲဆန္ဒခံယူမှုများ လုပ်သွားမည်ဟု သိရသည်။ လက်ရှိတွင် ပြီးခဲ့သည့် အင်္ဂါနေ့က ပြီးဆုံးခဲ့သည့် အစိုးရတာဝန်ရှိသူများနှင့် ဒီမိုကရေစီလှုပ်ရှားသူ များကြား တွေ့ဆုံဆွေးနွေးမှုများတွင် ဟောင်ကောင်အစိုးရ လက်ထောက်ခေါင်းဆောင် မစ္စကာရီလမ်းက အစိုးရနှင့် ဆန္ဒပြသူများကြား အနာဂတ် အခြေခံဥပဒေဆိုင်ရာ ပြောင်းလဲမှုများ ဆွေးနွေးနိုင်ရန် ကြားခံအဖွဲ့၊ နေရာတစ်ခုထားရှိပြီး တရုတ်ပြည်မကြီးအစိုးရသို့ အစီရင်ခံတင်ပြပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော် ဆန္ဒပြသူများက အစိုးရ၏ ကမ်းလှမ်းချက်မှာ လက်တွေ့ကျသည့်ကိစ္စရပ်များ မပါရှိကြောင်းဆိုခဲ့ပြီး ဆွေးနွေးပွဲမှာ ရလဒ်မရှိဘဲ ပြီးဆုံးခဲ့သည်။ ထို့နောက် ကြာသပတေးနေ့ညနေခင်းတွင် ဟောင်ကောင် ကျောင်းသားသမဂ္ဂခေါင်းဆောင် အဲလက်ချောင်က ၎င်းတို့အနေဖြင့် လူထုထင်မြင်ချက်နှင့် အသံများကို အစိုးရအား ရှင်းလင်းစွာ ပြောပြနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
  • Fri 24 Oct 2014 - 22:36
    ဘေဂျင်း− ဖေ့စ်ဘွတ်ခ်တည် ထောင်သူ မက်ဇူကာဘက်က မန် ဒရင်းဘာသာဖြင့် မိန့်ခွန်းပြော ကြားကာ တရုတ်ပရိသတ်များ၏ အားပေးမှုရရှိအောင် ကြိုးပမ်းခြင်းကြောင့် တရုတ်နိုင်ငံသားများကြား ကွဲပြားသော အမြင်များကို ဖြစ်ပေါ်စေခဲ့သည်။
  • Fri 24 Oct 2014 - 22:35
    ကာရာကတ်စ်− ဈေးကစားရန်နှင့် ပစ္စည်းအတုများလုပ်ရန် မသမာ သူ ဘူဇွာများက တိတ်တဆိတ်သို လှောင်ထားသော ဆေးပစ္စည်း များနှင့် အစားအသောက် ကုန် လှောင်ရုံများကို ဗင်နီဇွဲလားနိုင်ငံ တစ်ဝန်းတွင် အစိုးရက ဖမ်းဆီး သိမ်းဆည်းခဲ့သည်ဟု မာဒူရို၏ အစိုးရက ပြောသည်။
  • Fri 24 Oct 2014 - 22:35
    ဝါရှင်တန်− အီရန်နိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားသော တားဆီးပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ၎င်းတို့၏ နျူကလီးယား အစီအစဉ်များ ရပ်ဆိုင်းရေး အပြီးသတ် သဘောတူညီမှုမရပါက အီရန်နိုင်ငံကို တာဝန်ရှိသော နိုင်ငံအဖြစ် အကျယ်တဝင့် ရှုမြင်သွားမည်ဖြစ်ကြောင်း အမေရိကန် ထိပ်တန်း ညှိနှိုင်းရေးမှူးက ပြောကြားသည်။
  • Fri 24 Oct 2014 - 22:33
    ဝါရှင်တန်− အစ္စလာမ်မစ်နိုင်ငံ တော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့သည် တရားမဝင် ရေနံရောင်းချမှုများနှင့် ပြန်ပေးငွေ တောင်းခံခြင်းမှ တစ်လလျှင် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာရရှိ၍ ကမ္ဘာ့အချမ်းသာဆုံး အကြမ်းဖက်အဖွဲ့ ဖြစ်လာသည်ဟု ကန်အရာရှိများက အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။
  • Fri 24 Oct 2014 - 21:24
    ဝါရှင်တန်− အာဖဂန်နစ္စတန်နိုင်ငံ ရှိ စစ်သွေးကြွများနှင့်အတူ တိုက် ခိုက်နေစဉ် ဖမ်းမိပြီး ယင်းနိုင်ငံ တွင် အမေရိကန်စစ်ဘက်က ထိန်းသိမ်းထားသော ရုရှားနိုင်ငံသားကို အမေရိကန်နိုင်ငံသို့ ပို့ဆောင်ကာ အကြမ်းဖက်တိုက်ခိုက်မှု စွဲချက်များဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း ကန်အရာရှိများက ပြောသည်။
  • Fri 24 Oct 2014 - 21:23
    ဘရပ်ဆဲလ်− ၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု ၄၀ ရာခိုင်နှုန်း လျှော့ချရေး သမိုင်းဝင် သဘောတူညီချက်ကို အီးယူခေါင်းဆောင်များက သဘောတူခဲ့သည်။
  • Fri 24 Oct 2014 - 21:22
    နယူးယောက်− ဂီနီနိုင်ငံတွင် အီဘို လာလူနာများကို ဆေးကုသပေး ပြီးနောက် နယူးယောက်မြို့သို့ ပြန်လာခဲ့သော အမေရိကန်ဆရာဝန် တစ်ဦး၌ အီဘိုလာဗိုင်းရပ်စ် ကူး စက်ခံထားရကြောင်း အောက်တို ဘာ ၂၃ ရက်တွင် စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောသည်။
  • Fri 24 Oct 2014 - 13:02
    ဂီနီယာနိုင်ငံရှိ အီဘိုလာရောဂါရှိသူများအား ကုသရေးတွင် ပါဝင်ထမ်းဆောင်ပြီး နယူးယောက်သို့ ပြန်လာသော ဆရာဝန်တစ်ဦးထံ၌ အီဘိုလာရောဂါ ကူးစက်ခံထားရပြီဖြစ်ကြောင်း သတင်းရရှိသည်။
  • Thu 23 Oct 2014 - 15:55
    အစ္စရေး နိုင်ငံ၊ ဂျေရုဆလင်မြို့တွင် လမ်းသွားလမ်းလာများကို ပါလက်စတိုင်း တစ်ဦးက ကားဖြင့် ဝင်တိုက်ခဲ့သဖြင့် လူမမယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
  • Thu 23 Oct 2014 - 14:37
    ဗြိတိန်နိုင်ငံမှ စုံတွဲတစ်တွဲသည် ရဲကားနောက်ခန်းတွင် အတူစီးနင်း လိုက်ပါလာရင်း အမျိုးသားက လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း သိရသည်။
  • Thu 23 Oct 2014 - 13:42
    ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်၏ အပျက်အစီး အစိတ်အပိုင်းများသည် အင်ဒိုနီးရှား ကမ်းခြေ တစ်နေရာရာတွင် လာတင်နေနိုင်သည့် အလားအလာရှိကြောင်း ဩစတြေးလျ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
  • Thu 23 Oct 2014 - 13:32
    ကနေဒါ နိုင်ငံအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လုံးဝ တုန်လှုပ် ကြောက်ရွံ့နေမည် မဟုတ်ဟု ဝန်ကြီးချုပ် စတီဖန် ဟာပါးက ပြောကြားလိုက်သည်။
  • Wed 22 Oct 2014 - 17:14
    ကိုဘာနီမြို့ရှိ ကာ့ဒ် တိုက်ခိုက်ရေးသမားများထံ မိမိတို့ လေကြောင်းမှ ထောက်ပံ့ပေးသည့် စစ်လက်နက်များကို အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က သိမ်းဆည်း ရရှိသွားကြောင်း သတင်းများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု အမေရိကန် စစ်ဘက်က ပြောကြားခဲ့သည်။
  • Wed 22 Oct 2014 - 15:44
    ပူပူနွေးနွေး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဆယ်ကျော်သက် ကျောင်းသူလေး မာလာလာ ယူဆွတ်ဖ်ဇိုင်သည် အမေရိကန် နိုင်ငံ၏ လွတ်လပ်ရေး ဂုဏ်ပြု ဆုတံဆိပ်ကို လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
  • Wed 22 Oct 2014 - 15:00
    မြောက်ကိုရီးယားက နယ်စပ်တွင် ခရစ္စမတ်သစ်ပင် စိုက်ထူရန် အသုံးပြုလေ့ရှိသည့် မျှော်စင်တစ်ခုကို တောင်ကိုရီးယားက ဖြိုချလိုက်ကြောင်း သိရသည်။

Pages

Subscribe to World News