World News

  • Sun 17 Jun 2018 - 18:55
     နီကာရာဂွာနိုင်ငံတွင် ဇွန်လ ၁၆ ရက်က သေနတ်ပစ် ခတ်မှုနှင့် မီးရှို့မှုအတွင်း လူရှစ်ဦး သေဆုံးခဲ့သဖြင့် ယင်းမတိုင်မီ အစောပိုင်းက သမ္မတဒန်နီရယ် အော်တေဂါနှင့် ဆန္ဒပြသူများ ကြား ရရှိခဲ့သော ယာယီပြေငြိမ်း ရေး သဘောတူညီချက် ထိခိုက်ခဲ့ သည်။ အစိုးရနှင့် ဆက်လက်စေ့စပ်ညှိနှိုင်းမည်ဟု ကြွေးကြော်ထားစဉ် ယင်းအကြမ်းဖက်မှုကို အရပ် ဘက်ခေါင်းဆောင်များက ရှုတ်ချ ခဲ့သည်။
  • Sun 17 Jun 2018 - 18:54
     အစိုးရမဟုတ်သောအဖွဲ့ အစည်း (NGOs)များအနက် တစ် ခုက အီတလီပြည်ထဲရေးဝန်ကြီး ဆယ်လ်ဗီနီကို ဖက်ဆစ်တစ်ဦးဟု ခေါ်ဝေါ်ပြီးနောက် နယ်သာလန် အလံ တပ်ဆင်ထားသည့် ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေး သင်္ဘောနှစ်စီးကို ပြန်လည်ခေါ်ယူ ရန် အီတလီက နယ်သာလန်နိုင်ငံ ထံ တောင်းဆိုခဲ့သည်။  မြေထဲပင်လယ်၌ ရွှေ့ ပြောင်းဒုက္ခသည်များကို ကူညီ ကယ်ဆယ်နေသည့် ပြည်ပ NGOsအဖွဲ့ပိုင် ကယ်ဆယ်ရေးသင်္ဘာ များအနေဖြင့် အီတလီဆိပ်ကမ်း များသို့ မဆိုက်ကပ်ရဟု ဆယ်လ် ဗီနီက ပြောကြားပြီးနောက် အပြန်အလှန်ပြစ်တင်မှုဖြစ်ပွားခဲ့သည်။
  • Sun 17 Jun 2018 - 18:53
    ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ရုရှားနိုင်ငံတွင် စနေနေ့က မော်စကိုမြို့လယ် ကောင်၌ တက္ကစီတစ်စီးသည် လမ်းသွားလမ်းလာများ ပြည့်နေ သော ပလက်ဖောင်းပေါ်သို့ ဝင် တိုက်ခဲ့ပြီးနောက် ဘောလုံးပွဲလာ ကြည့်သော မက္ကဆီကိုနိုင်ငံသား နှစ်ဦးအပါအဝင် လူရှစ်ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်။  လူမှုမီဒီယာစာမျက်နှာများ ၌ တွေ့ရသော စီစီတီဗီဗီဒီယိုဖိုင် တွင် ထိုတက္ကစီသည် ယာဉ်ကြော ပိတ်ဆို့နေ၍ စီတန်းနေရာမှ ရုတ် တရက်ဘေးသို့ အရှိန်ဖြင့်ထွက် လာပြီး ပလက်ဖောင်းပေါ်၌ လမ်းလျှောက်နေသူများကို ဝင်တိုက်ခဲ့ ကြောင်း တွေ့ရသည်။
  • Sun 17 Jun 2018 - 18:49
     ပြီးခဲ့သည့် သီတင်း ပတ်က ကျင်းပခဲ့သည့် ဂျီ-၇ ထိပ်သီးတွေ့ဆုံပွဲတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးအား ဂျပန်နိုင်ငံသို့ မက္ကဆီကိုဒုက္ခသည် ၂၅ သန်း ပို့ပစ်ရန်နှင့် ရွေးကောက်ပွဲရှုံးနိမ့် စေရန် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း The Wall Street Journal သတင်းဌာနက ဇွန်လ ၁၆ ရက်တွင် ဖော်ပြသည်။  ထိပ်တန်းစက်မှုအင်အား ကြီး ခုနစ်နိုင်ငံ စုပေါင်းကျင်းပ သော ဂျီ-၇ ထိပ်သီးတွေ့ဆုံပွဲ သည် ပူးတွဲကြေညာချက်ထုတ် ပြန်မည့်ကိစ္စကို ပယ်ချခဲ့သော ဒေါ်နယ်ထရန့်နှင့် အခြားခေါင်း ဆောင်များအကြား သဘောထား ကွဲလွဲကာ ဖရိုဖရဲ အဆုံးသတ်ခဲ့ သည်။
  • Sun 17 Jun 2018 - 18:23
    မက်ဆီဒိုးနီးယားနိုင်ငံ နှင့် အမည်အငြင်းပွားမှုဖြေရှင်း ရန် ၎င်း၏ အစိုးရသဘောတူညီ ချက်နှင့်စပ်လျဉ်း၍ ဇွန်လ ၁၆ ရက်က ဂရိပါလီမန်၌ အယုံအကြည် မရှိအဆို မဲခွဲဆုံးဖြတ်ရာ ဝန်ကြီး ချုပ် အလက်ဇီဆီပရက်စ်သည် ယင်းအဆိုကို ကျော်လွှားနိုင်ခဲ့ သည်။
  • Wed 13 Jun 2018 - 20:51
    မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများ လျင်မြန်စေရန် အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုများ ရပ်တန့် ရန် လိုအပ်ဖွယ်ရှိသည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ် ပြန်သည်။ မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံချိန်တွင် ယင်းစစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ပေးမည်ဟု ဒေါ်နယ်ထရန့် က ပြောကြားသဖြင့် လေ့လာသူများကို အံ့ဩစေသည်။
  • Wed 13 Jun 2018 - 20:50
    ဘရာဇီးနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ ဆော် ပေါ်လို၏ အထင်ကရ ပေါ်လီ စတာလမ်းပေါ်တွင် မင်္ဂလာ ဆောင်ဝတ်စုံများဖြင့် စုံတွဲတစ်တွဲက ဓာတ်ပုံရိုက်နေစဉ် အနီးအနားမှ ဖြတ်သွားသူများက ကားဟွန်းများတီး၍ ဩဘာပေးခဲ့ သည်။ အဒီမာအဗီလီနို(၅၂)နှစ်နှင့် ဂလော်စီယာဆူဒန် (၄၅)နှစ်တို့ ဇနီးမောင်နှံက ယင်းကဲ့သို့ လူအ များအာရုံစိုက်မှုကို ရယ်မော၍လက်ဝှေ့ယမ်းပြကာ ခံယူခဲ့သည်။
  • Wed 13 Jun 2018 - 20:50
    ယခင်အစိုးရခေါင်း ဆောင်များလက်ထက်တွင် ခြိုးခြံ ချွေတာရေး နှစ်များစွာကြာ လုပ် ဆောင်ခဲ့ပြီးနောက် စပိန်အစိုးရ က ၎င်းတို့၏ ဆိုရှယ်လစ်ခေါင်း ဆောင်သစ်များသည် ငွေသုံးစွဲမှု ဆီသို့ ထိန်းချုပ်မှုပိုနည်းသော ချဉ်းကပ်မှုမျိုး ဆောင်ရွက် ကောင်း ဆောင်ရွက်မည်ဟုပြော ကာ အငြိမ်းစားပင်စင်လစာများ ကို ငွေဖောင်းပွမှုနှင့်အညီ တိုးမြှင့် ရေး ကနဦးသဘောတူညီမှုတစ် ရပ် ရရှိခဲ့သည်။ လူမှုဖူလုံရေး ငွေသုံးစွဲမှုကို ထိန်းချုပ်ထားသည့် ပါတီစုံကော် မရှင်က အသေးစိတ်သတ်မှတ် ချက်များကို ဆုံးဖြတ်ရန် လိုနေ သေးသော်လည်း ပင်စင်လစာတိုးမြှင့်ရန် သဘောတူခဲ့သည်။
  • Wed 13 Jun 2018 - 20:49
     ထောက်ခံသူများက ၎င်း၏ ကိုယ်ကာယစွမ်းပကားနှင့် အိပ်စက်ရန် စိတ်ဝင်စားမှုမရှိခြင်းအပေါ် ဂုဏ်ယူစွာပြောဆိုနေ သော အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီသည် တုတ်တစ်ချောင်းကို အားပါပါလွှဲကာ နောက်ပြန်လမ်း လျှောက်ပြီး ကျောက်တုံးကြီးတစ် တုံးပေါ်တွင် အကြောဖြေလျှော့ နေပုံများ ပါဝင်သော ၎င်း၏ နံနက်ပိုင်း ကိုယ်လက်ကြံ့ခိုင်ရေး အစီ အစဉ်၏ လျှို့ဝှက်ချက်များကို ဗီဒီ ယိုဖိုင်တစ်ခုဖြင့် ဝေမျှခဲ့သည်။ ဇွန်လ ၁၃ ရက်က အွန်လိုင်းတွင် ဖော်ပြသော သဘာဝတရား လွှမ်းခြုံထားသည့် အထူးလျှောက်လမ်းတစ်ခုပေါ်၌ စိတ်တည်ငြိမ်ရေး လမ်းလျှောက်နည်းတစ်ခု ပါဝင်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် မိုဒီက ၎င်း၏ လေ့ကျင့်ခန်းအကျိုး ကျေးဇူးများအကြောင်း အမွှမ်း တင်ပြောဆိုထားသည်။
  • Wed 13 Jun 2018 - 20:49
    အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ချုပ်ဆိုမည့် မည်သည့်နောက်ဆုံး သဘောတူညီချက်ကိုမဆို မဲခွဲဆုံးဖြတ်ရန် အထက်လွှတ်တော် သို့ တင်သွင်းရေး အထက်လွှတ်တော် ရီပက်ဘလေကန်အမတ် များက တောင်းဆိုသည်။ အများအားဖြင့် နျူကလီး ယား ဖျက်သိမ်းရေးကို အဓိက ထားပြီး ယခုနှစ်စောစောပိုင်းတွင် ဒေါ်နယ်ထရန့် အလေးအနက် ထား ပြောကြားခဲ့သော လူ့အခွင့် အရေးကိစ္စ မပါဝင်ခဲ့သော သ ဘောတူညီချက်တစ်ရပ်ကို ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လက်မှတ်ရေးထိုးပြီးနောက် အထက်လွှတ်တော်အမတ်များ၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ် သည်။
  • Wed 13 Jun 2018 - 14:30
    အာဖရိကတိုက်တွင် သက်တမ်းထောင်ချီ အသက်ရှည်ခဲ့သည့် သစ်ပင်ကြီးများ သေဆုံးနေမှုသည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်နေကြောင်း ပညာရှင်များက သတိပေး ပြောကြားခဲ့သည်။
  • Wed 13 Jun 2018 - 13:47
    ထောက်ပံ့ရေး လမ်းကြောင်းများ ဝင်ရောက်နိုင်ရေးအတွက် အထူးတလည် အချက်အခြာကျသည့် ဆိပ်ကမ်းမြို့ တစ်မြို့ကို သူပုန်များ လက်မှ ပြန်လည် ရရှိရေးအတွက် ယီမင်စစ်တပ်က တိုက်ပွဲများ စတင် ဆင်နွှဲနေကြောင်း သိရသည်။
  • Wed 13 Jun 2018 - 13:42
    တောင်ကိုရီးယားနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်နေသည့် အစီအစဉ်များ ရပ်ဆိုင်းရန် သမ္မတ ဒေါ်နယ်လ်ထရမ့်၏ ဆုံးဖြတ်မှုနှင့် ပတ်သက်၍ အမေရိကန် အစိုးရ အနေဖြင့် ဖြေရှင်းမှုများ ပြုလုပ်နေရသည်။
  • Mon 11 Jun 2018 - 22:11
     အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မွတ်စလင် ဥပုသ်လ ကုန်ဆုံးခါနီး ပဋိပက္ခ များ မြင့်တက်လာစဉ် ဇွန်လ ၁၁ ရက် နံနက်အစောက အမျိုးသား ငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရ သည်။ ယာလာပြည်နယ် ဘန်နန် ဆာတာခရိုင်ရှိ အိမ်တစ်လုံးပြင်ပ တွင် ဦးခေါင်း၌ ကျည်ဆန်ဒဏ်ရာ ဖြင့် သေဆုံးနေသော အလောင်း များ တွေ့ရှိခဲ့သည်။
  • Mon 11 Jun 2018 - 21:29
    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်တို့ ယနေ့ကျင်းပမည့် သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကျင်းပရန် ကန်ဒေါ်လာ သန်း ၂၀ ခန့် သုံးစွဲမည်ဖြစ်ပြီး ယင်းပမာဏထက်ဝက်ကျော် ကို လုံခြုံရေးအတွက် အသုံးပြု မည်ဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့၏ နက်ရှိုင်းသော အကျိုးစီးပွား ဖြစ်သည့် နိုင်ငံတကာ ကြိုးပမ်း အားထုတ်မှုများကြောင့် မိမိတို့ ပံ့ပိုးကူညီမှုဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဇွန်လ ၁၁ ရက်တွင် ပြောသည်။ ‘‘ဒါက ကျွန်တော်တို့ ပေးဖို့ စိတ်အားထက်သန်တဲ့ ကုန်ကျ စရိတ်ပါ’’ဟု လီရှန်လွန်းက ပြော သည်။
  • Mon 11 Jun 2018 - 13:39
    မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ခိုလှုံ ရွှေ့ပြောင်းလာသူများကို ဆိပ်ကမ်းများက လက်ခံ ကယ်ဆယ်ခွင့်ကို အီတလီ အစိုးရသစ်က တားဆီး ပိတ်ပင်လိုက်သည်။
  • Mon 11 Jun 2018 - 13:02
    ဒေါ်နယ်လ်ထရမ့်နှင့် တွေ့ဆုံချိန်၌ ကင်မ်ဂျုံအန်းသည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စအပြင် ခိုင်မာ တည်မြဲသည့် ငြိမ်းချမ်းရေး ကဏ္ဍအတွက်ပါ ထည့်သွင်း ဆွေးနွေးသွားမည်ဟု မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။
  • Sun 10 Jun 2018 - 23:19
    ဂျပန်နိုင်ငံတွင် ကျည် ဆန်ရထားပေါ်၌ ဖြစ်ပွားသည့် ဓားဖြင့်တိုက်ခိုက်မှုအတွင်း ခရီးသည်တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီးနောက် သံသယရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးထား ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ စနေနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီက တိုကျိုမှ အိုဆာ ကာသို့သွားသော ရှင်ကာဆန် ရထားတစ်စီးပေါ်တွင် ယင်းတိုက် ခိုက်မှုဖြစ်ပွားခဲ့သည်။
  • Sun 10 Jun 2018 - 23:17
    အီရတ်နိုင်ငံနယ်စပ် အနီး နိုင်ငံအနောက်မြောက်ပိုင်း ၌ လုံခြုံရေးစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ရာ စစ်သွေးကြွကိုးဦး ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဇွန်လ ၉ ရက်တွင် ပြောသည်။ IRGC ထုတ်ပြန်ချက်တစ်ခု အရ ယင်းစစ်သွေးကြွများသည် ဇွန်လ ၈ ရက်က အီရန်နိုင်ငံနယ် စပ်ထဲသို့ မဖြတ်ကျော်မီ အီရတ် နိုင်ငံမြောက်ပိုင်း၌ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။
  • Sun 10 Jun 2018 - 23:16
     အမေရိကန်နှင့် ကုန် သွယ်ရေး အငြင်းပွားနေသည့် တရုတ်နိုင်ငံ၏ သမ္မတစီကျင်းပင် က တရုတ်အနေဖြင့် တစ်ကိုယ် ကောင်းဆန်ပြီး အမြင်ကျဉ်းသော ကုန်သွယ်ရေးမူဝါဒများကို လက် မခံဘဲ ငြင်းပယ်ကြောင်း ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့ပြီး ပွင့်လင်းသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ဆောက်ရန် တိုက် တွန်းခဲ့သည်။ တရုတ်နှင့်ရုရှား ဦးဆောင် သော ဒေသဆိုင်ရာ လုံခြုံရေး အဖွဲ့ဖြစ်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးညီလာခံ အစည်းအဝေး ၌ မိန့်ခွန်းပြောကြားစဉ်အတွင်း စီသည် အမေရိကန်နိုင်ငံကို ဖော်ပြပြောဆိုခြင်းမရှိပေ။

Pages

Subscribe to World News