World News

  • Mon 08 Jan 2018 - 21:35
     မက္ကဆီကိုနိုင်ငံ အကာပူလ်ကိုမြို့ အပြင်ဘက် တွင် ဒေသဆိုင်ရာ ကိုယ်ပိုင်ခန့် အပ်ထားသော ရဲတပ်ဖွဲ့နှင့် ဒေသခံများကြား အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားပြီး လူ ၁၁ ဦး သေဆုံးခဲ့ ကြောင်း အရာရှိများက တနင်္ဂနွေ နေ့၌ ပြောကြားသည်။ တနင်္ဂနွေနေ့နံနက်က ယင်း မြို့တွင် ကျင်းပသော ပွဲတော်များ အတွင်း ဥပဒေမလိုက်နာသော လုပ်ရပ်အတွက် ရဲတပ်ဖွဲ့က လူ
  • Mon 08 Jan 2018 - 21:34
    ကိုယ်တိုင်ရေးသားခဲ့ သော အိတ်ဖွင့်ပေးစာတစ်စောင် အရ လစာပေးချေရာတွင် အမျိုး သား လုပ်ဖော်ကိုင်ဖက်များနှင့် တန်းတူမရရှိမှုကြောင့် တရုတ် နိုင်ငံဆိုင်ရာ ဘီဘီစီအယ်ဒီတာ ကာရေးဂရေစီသည် ရာထူးမှ နုတ်ထွက်ခဲ့သည်ဟုဆိုသည်။  အမျိုးသားဝန်ထမ်းများကို လစာငွေပိုပေးမှုကြောင့် ဘီဘီစီ သည် လတ်တလောအတွင်း ဝေဖန်ခံနေရပြီး ၂၀၂၀ ပြည့်နှစ် မတိုင်မီ ကျား၊ မ ကွာဟချက် ပပျောက်အောင် ဆောင်ရွက်မည် ဟု ကတိပြုထားသည်။
  • Mon 08 Jan 2018 - 10:45
    အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေသတွင် စားသောက်ဆိုင်တစ်ခု မီးလောင်မှု ဖြစ်ပွားရာ အိပ်စက်နေသူ ဆိုင်ဝန်ထမ်း ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။
  • Mon 08 Jan 2018 - 10:35
    စတော့ခ်ဟုမ်းမြို့ရှိ မြေအောက်ဘူတာ တစ်ခု အနီးတွင် ဖြစ်ပွားသည့် အမျိုးအမည်မသိ ပေါက်ကွဲမှုမှာ အကြမ်းဖက် တိုက်ခိုက်မှုနှင့် သက်ဆိုင်သည့် အထောက်အထားမျိုး မတွေ့သေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
  • Mon 08 Jan 2018 - 10:30
    ရှန်ဟိုင်း ကမ်းလွန်တွင် သင်္ဘောချင်း တိုက်မိရာမှ ပျောက်ဆုံးနေသည့် ဆီတင် သင်္ဘော အမှုထမ်း ၃၂ ဦးကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နေဆဲဟု သိရသည်။
  • Sun 07 Jan 2018 - 20:48
    နိုင်ဂျီးရီးယားအစိုးရသည် လစ်ဗျားနိုင်ငံတွင် ရောက်ရှိနေသော ၎င်းတို့၏ နိုင်ငံသားအမြောက်အမြားကို ကယ်ဆယ်ရေးနှင့် ပြန် လည်ခေါ်ယူရေး ဆောင်ရွက်နေပြီး ယင်းနိုင်ငံမှ မိခင်နိုင်ငံသို့ ပြန်ချင်သူအားလုံး အိမ်ပြန်ရောက်ချိန်အထိ ယင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဟု နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဂျော့ဖရီအွန်ယီမာကပြောသည်။
  • Sun 07 Jan 2018 - 20:47
    ဆိုးရွားသော ဆောင်းရာသီ မုန်တိုင်းတစ်ခု တိုက်ခတ်ပြီးနောက် နယူး ယောက်မြို့ရှိ အထင်ကရ လေ ဆိပ်ကြီးတွင် လေကြောင်းခရီးစဉ် အများအပြားကို ထိန်းသိမ်းနိုင် ရေး ကြိုးပမ်းနေရစဉ် စံချိန်တင် အပူချိန်ကျဆင်းခြင်းကြောင့် ဇန် နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံ အရှေ့ပိုင်းနှင့် ကနေဒါနိုင်ငံတွင် အအေးလွန်ကဲခဲ့သည်။ ကနေဒါနိုင်ငံ အွန်တာရီအို နှင့် ကူးဘက်မြို့တို့တွင် အပူချိန် အနုတ် ၅၀ ဒီဂရီဆဲလ်စီးယပ်စ် (အနုတ် ၅၈ ဒီဂရီဖာရင်ဟိုက်) သို့ ချဉ်းကပ်လာမည်ဟု ခန့်မှန်း ထားသည်။
  • Sun 07 Jan 2018 - 20:46
    အမေရိကန်နိုင်ငံ ဟူ စတန်မြို့တွင် ဆဲလ်ဖုန်းစတိုးဆိုင် အတွင်းသို့ လက်နက်ကိုင်၍ ဝင်ရောက်လုယက်သူတစ်ဦးကို ဆိုင်ဝန်ထမ်းက အပြင်ဘက်သို့ ထွက် ကာ ဆိုင်တံခါးသော့ပိတ်ပြီး ဖမ်းဆီးခဲ့သည့် ဗီဒီယိုဖိုင်ကို အာဏာပိုင်များက ဖော်ပြခဲ့သည်။ ယမန်နှစ် ဧပြီ ၁၇ ရက်က တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ Latino Cell ဆဲလ်ဖုန်းစတိုး ဆိုင်၌ ဖြစ်ပွားခဲ့သည့် မှတ်တမ်း ဗီဒီယိုကို ယခုသီတင်းပတ်ကျမှ သာ အာဏာပိုင်များက တရားဝင် ထုတ်ဖော်ပြသခြင်းဖြစ်သည်။
  • Sun 07 Jan 2018 - 20:41
     သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် အပူချိန် ၁၁၇ ဖာရင်ဟိုက်အထိ မြင့်တက်ခဲ့ပြီး ၁၉၃၉ နောက်ပိုင်း အပူပြင်းဆုံးရာသီဥတုနှင့် ကြုံတွေ့နေသည်။  မဟာဆစ်ဒနီဧရိယာအ တွက် မီးဘေးသတိပေးချက် အ မြောက်အမြားထုတ်ပြန်ခဲ့ပြီး မီး သုံးစွဲခွင့်တားမြစ်မိန့်များ ဆစ်ဒနီ မြို့တစ်ခွင်တွင် ထုတ်ပြန်ခဲ့သည်။
  • Sun 07 Jan 2018 - 20:39
     ဒေါ်လာသန်းပေါင်း များစွာ ပါဝင်သော အကျင့်ပျက် ခြစားမှုတစ်ခုတွင် ပါဝင်ခြင်း ကြောင့် အိန္ဒိယအဓိကအတိုက်အခံခေါင်းဆောင် လာလူပရာဆတ်ယာဒါသည် ဇန်နဝါရီ ၆ ရက်က ထောင်ဒဏ်သုံးနှစ်ခွဲ ချမှတ်ခံ ရသည်။  ရထားဝန်ကြီးဟောင်းဖြစ် ပြီး ဆင်းရဲသော အရှေ့ပိုင်းပြည် နယ်ဘီဟာ၏ ဝန်ကြီးချုပ်ဟောင်း ယာဒါ (၆၉)နှစ်သည် ဇာတ်နိမ့် များအတွက် အကျိုးဆောင်ပေး ခြင်းကြောင့် ယင်းပြည်နယ်တွင် လူကြိုက်များသူဖြစ်သည်။
  • Sun 07 Jan 2018 - 20:36
    ပါပူးဝါးနယူးဂီနီနိုင်ငံရှိ ဝေးလံခေါင်ဖျားသော မီးတောင် ကျွန်းတစ်ခုတွင် မီးတောင်ဝမှ ပြာမှုန့်များ စတင်မှုတ်ထုတ်နေ ရာ ပေါက်ကွဲနိုင်သည့် အန္တရာယ် ကြုံတွေ့နေရသည်။ ထို့ကြောင့် တနင်္ဂနွေနေ့တွင် မီးတောင်စတင်မှုတ်ထုတ်ရာ နေရာမှ လွတ်ကင်းရန် ဒေသခံ ၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းခဲ့ရ ကြောင်း မီဒီယာများကပြောကြား သည်။  ပါပူးဝါးနယူးဂီနီကျွန်း မြောက်ဘက်တွင် တည်ရှိသော အမြင့် ၃၆၅ မီတာရှိ Kadovar Island မီးတောင်ကျွန်းသည် ဇန် နဝါရီ ၅ ရက်ကတည်းက ပြာမှုန့် များ မှုတ်ထုတ်နေသည်။
  • Sun 07 Jan 2018 - 20:36
    ကမ္ဘောဒီးယားတွင် လူ ၁ ဒသမ ၇ သန်းခန့်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့သော ခမာနီအစိုးရကျရှုံးသည့် (၃၉)နှစ်ပြည့်အထိမ်းအမှတ်ကို ဇန်နဝါရီ ၇ ရက်တွင် ပြုလုပ်ရာ ထောင်ချီသော ကမ္ဘောဒီးယားနိုင်ငံသားများ တက်ရောက်လာကြသည်။ ၁၉၇၉ ဇန်နဝါရီ ၇ ရက်တွင် ခမာနီအစိုးရအုပ်ချုပ်မှု အဆုံး သတ်ခဲ့သည့် (၃၉)နှစ်ပြည့်အ ထိမ်းအမှတ် အခမ်းအနားကို ဝန်ကြီးချုပ်ဟွန်ဆန်၏ လက်ရှိအာ ဏာရပါတီ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က ဦးဆောင်၍ ဖနွမ်း ပင်မြို့၌ ပြုလုပ်ရာ လူ ၄၀,၀၀၀ ခန့် တက်ရောက်လာကြသည်။
  • Sun 07 Jan 2018 - 20:35
     မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်နှင့် တိုက်ရိုက်ဆွေးနွေးပြောဆိုရန် ဆန္ဒရှိ ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။ တောင်ကိုရီးယားတွင် ဖေ ဖော်ဝါရီ၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် မြောက်ကိုရီးယားအသင်း ပါဝင် ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆွေးနွေးရန် တောင်ကိုရီးယား၏ ကမ်း လှမ်းမှုကို မြောက်ကိုရီးယားက လက်ခံပြီးနောက် ဒေါ်နယ်ထရန့် က ယင်းသို့ ပြောကြားခြင်းဖြစ် သည်။
  • Sun 07 Jan 2018 - 20:34
    ဆီနီဂေါနိုင်ငံတောင်ပိုင်း ကာဆာမန့်စ်ဒေသရှိ တောအုပ် တစ်ခုအတွင်း ဇန်နဝါရီ ၆ ရက်က သေနတ်သမားများက ပစ်ခတ်ခဲ့ သောကြောင့် လူ ၁၃ ဦး သေဆုံး ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဆီနီဂေါစစ်တပ်ကပြောသည်။ ဂီနီဘစ်ဆူးနိုင်ငံ နယ်စပ်မှ ခြောက်မိုင်ခန့်အကွာ ဘိုရိုဖာယေးမြို့အနီးရှိ တောအုပ်ထဲတွင် ထင်း ရှာနေသော အရပ်သားများကို တိုက်ခိုက်ခဲ့သည့် ယင်းတိုက်ခိုက် မှုသည် မည်သူ့လက်ချက် (သို့မဟုတ်) မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့သလဲဆိုခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒယ်လ်အန်ဒီအေးက ပြောသည်။
  • Sun 07 Jan 2018 - 20:33
    လသို့ နှစ်ကြိမ်သွား ရောက်ခဲ့ပြီး ပထမဆုံး အာကာသ လွန်းပျံယာဉ်ခရီးစဉ်ကို ကြီးကြပ် ခဲ့သော အမေရိကန်အာကာသ ယာဉ်မှူး ဂျွန်ယောင်းသည် အသက် (၈၇)နှစ်အရွယ်တွင် ကွယ် လွန်သွားကြောင်း နာဆာကပြော သည်။ ‘‘ဒီကနေ့ နာဆာနဲ့ ကမ္ဘာကြီး ဟာ စွန့်ဦးတီထွင်သူတစ်ယောက် ကို ဆုံးရှုံးရပါတယ်’’ဟု နာဆာ အေဂျင်စီအကြီးအကဲ ရောဘတ် လိုက်ဖု့သ်က ကြေညာချက်၌ ဖော်ပြထားသည်။ ယောင်းသည် ဂျီမီနီ၊ အပို လိုနှင့် အာကာသလွန်းပျံယာဉ် ခရီးစဉ်များတွင် လိုက်ပါဖူးသည့် တစ်ဦးတည်းသော လူပုဂ္ဂိုလ်ဖြစ် သည်။
  • Sun 07 Jan 2018 - 20:31
     ဂျာမနီနိုင်ငံရေး မတိုး သာ၊ မဆုတ်သာဖြစ်နေမှု အဆုံးသတ်ရန် အဓိပတိမစ္စစ်မာကယ် သည် ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးညှိနှိုင်းမှုများကို ဇန်နဝါရီ ၇ ရက်တွင် စတင်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပပြီး သုံးလကျော်အထိ ဂျာမနီသည် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။
  • Sun 07 Jan 2018 - 20:30
    ကွန်ဂိုနိုင်ငံတွင် ပြီး ခဲ့သည့်လက ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို ကုလသမဂ္ဂက စုံစမ်းစစ် ဆေးနေသည်။ ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်သော ထုတ်ပြန်ချက်အရ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် အန်တို နီယိုဂူတာရက်စ်က ကုလသမဂ္ဂ ဆိုင်ရာ လက်ထောက်အတွင်း ရေးမှူးချုပ်ဟောင်း ရုရှားလူမျိုး ဒီမီထရီတီတော့ဗ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့၌ ဦးဆောင်ရန် ခန့် အပ်ခဲ့သည်။
  • Sun 07 Jan 2018 - 17:39
     ဒီဇင်ဘာ ၆ ရက်ည နေက တရုတ်နိုင်ငံအရှေ့ဘက် ကမ်းလွန်တွင် ရေနံတင်သင်္ဘော တစ်စီးနှင့် ကုန်တင်သင်္ဘောတစ် စီး တိုက်မိခဲ့ပြီး လူ ၃၂ ဦး ပျောက် ဆုံးနေသည်။
  • Sat 06 Jan 2018 - 20:13
    ဆော်ဒီအာရေးဗီးယားသို့ ဟိုသီသူပုန်များက ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချဖျက်ဆီးခဲ့သည်။ ယင်းဒုံးကျည်ကို နိုင်ငံ၏ အနောက်တောင်ဘက် ယီမင်နိုင်ငံနှင့် နယ်စပ်အနီး နက်ရန်မြို့၌ ကြားဖြတ်ပစ်ချခဲ့ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။
  • Sat 06 Jan 2018 - 20:12
    ဟန်ဂေရီနိုင်ငံရှိ တိုက်ခန်းတစ်ခုတွင် လွန်ခဲ့သော ရက် သတ္တပတ် များစွာကတည်းက သေဆုံးနေသည့် အမျိုးသမီးတစ် ဦး၏ဘေး၌ လဲလျောင်းနေသော ၎င်း၏ခွေးကလေးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ Zsazsa ဟု အမည်ပေးထား သော အသက်(၉)နှစ်အရွယ် ထို ခွေးကလေးကို သေဆုံးနေသည့် သခင်နှင့်အတူ ဘူဒါပက်စ်မြို့ တိုက်ခန်းတစ်ခုအတွင်း ဇန်နဝါရီ ၃ ရက်က တွေ့ရှိခဲ့သည်။

Pages

Subscribe to World News