World News

  • Sun 24 Jun 2018 - 21:00
     စနေနေ့နှောင်းပိုင်း တွင် ဝါရှင်တန်အစိုးရသည် တင်း ကျပ်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒကြောင့် လူကြီးမိဘများနှင့် ကွဲကွာခဲ့ရသည့်ဒုက္ခသည်ကလေး ငယ် ၅၂၂ ဦးကို မိသားစုများနှင့် ပြန်လည် ပေါင်းစည်းပေးခဲ့ ကြောင်း အမေရိကန် အမိမြေလုံ ခြုံရေးဌာနက ပြောသည်။
  • Sun 24 Jun 2018 - 18:15
    ဆော်ဒီအာရေးဗီးယား အစိုးရက ဇွန်လ ၂၄ ရက်ကစတင် ၍ အမျိုးသမီးအား ယာဉ်မောင်း ခွင့်ပေးခဲ့ပြီး အဆိုပါ သမိုင်းဝင် ပြောင်းလဲမှုကို ခေတ်သစ်လူမှု အသိုင်းအဝိုင်းကလည်း လက်ခံ ကြိုဆိုမည်ဟု မျှော်မှန်းရသည်။
  • Wed 20 Jun 2018 - 12:38
    အိန္ဒိယတွင် ATM ငွေထုတ်စက် တစ်ခုအတွင်းရှိ ငွေစက္ကူများကို ကြွက်များက ကိုက်ဝါး ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
  • Wed 20 Jun 2018 - 12:27
    ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHRC)အပေါ် အယုံအကြည် မရှိသဖြင့် နုတ်ထွက်ကြောင်း အမေရိကန် ပြည်ထောင်စုက ကြေညာသွားခဲ့သည်။ ဇွန်လ ၁၉ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက UNHRCနှင့် ပတ်သက်၍ ပြင်းထန်သည့် စကားလုံး အသုံးအနှုန်းများဖြင့် ဝေဖန် စွပ်စွဲပြီး အမေရိကန် နုတ်ထွက်သည့် ကိစ္စကို တရားဝင် အတည်ပြု ထုတ်ပြန်သွားခဲ့သည်။
  • Tue 19 Jun 2018 - 13:49
    တရားမဝင် ရွှေ့ပြောင်း အခြေချသူများ၏ ကလေးများကို မိဘများနှင့် ခွဲခြားထားရုံမျှ မကဘဲ အကျဉ်းသားများသဖွယ် ချုပ်နှောင်ထားခြင်းကြောင့် အမေရိကန် အစိုးရ၏ ပြည်ဝင်ခွင့် မူဝါဒအပေါ် ဒေါသတကြီး ဝေဖန်မှုများ ပိုမို ပြင်းထန် ဆိုးရွားလာခဲ့သည်။
  • Tue 19 Jun 2018 - 13:36
    မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေကြောင်း သိရသည်။
  • Mon 18 Jun 2018 - 17:49
     ဂျပန်နိုင်ငံ၏ ဒုတိယ အ ကြီးဆုံးမြို့တော်ဖြစ်သော အိုဆာ ကာတွင် တနင်္လာနေ့ နံနက်က ၆ ဒသမ ၁ မဂ္ဂနီကျုဒ်အင်အားရှိ ငလျင်တစ်ခု လှုပ်ခတ်ရာ လူသုံးဦး သေဆုံးခဲ့သည့်အပြင် စက်ရုံးများ လည်ပတ်မှု ရပ်ဆိုင်းခဲ့ရပြီး ပင်မ ရေပိုက်လိုင်းများ ပေါက်ကွဲခဲ့ကြောင်း အစိုးရတာဝန်ရှိသူများ နှင့် နိုင်ငံပိုင်မီဒီ ယာ NHK က ဖော်ပြသည်။
  • Sun 17 Jun 2018 - 18:57
     မလေးရှားနိုင်ငံ တွင် အားသွင်းထားသော ဖုန်း တစ်လုံး အပူလွန်ပေါက်ကွဲမှု ကြောင့် အသက်(၄၅)နှစ်အရွယ် ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် နာဇရင်ဟာဆန် သေဆုံးကြောင်း Cradle Fund Sdn Bhd ကုမ္ပဏီ ၏ ထုတ်ပြန်ချက်တစ်ခုအရ သိရ သည်။ ကြာသပတေးနေ့က အိပ်ရာဘေးတွင် ဘက်ထရီအားသွင်းထားသော ဖုန်းပေါက်ကွဲမှုကြောင့်နာဇရင်ဟာဆန် သေဆုံးခဲ့ ကြောင်း ထိုကုမ္ပဏီက အတည်ပြုပြောကြားသည်။
  • Sun 17 Jun 2018 - 18:56
     ဇွန်လ ၁၆ ရက်က အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက်နန်ဂါဟာမြို့၌ အစ်နေ့ပွဲတော် အ ပစ်အခတ်ရပ်စဲရေး အထိမ်းအ မှတ်ဆင်နွှဲနေသော တာလီဘန် များနှင့် အာဖဂန်စစ်သားများစုဝေးသည့်နေရာတွင် ကားဗုံး ပေါက်ကွဲမှုကြောင့် လူ ၂၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အိုင်အက်စ်အဖွဲ့က မိမိတို့ လက်ချက်ဖြစ်ကြောင်း ၎င်းတို့၏ Amaq သတင်းဌာနမှ တစ်ဆင့် ကြေညာခဲ့သော်လည်း အသေးစိတ် အခြေအနေကိုမူ မဖော်ပြပေ။
  • Sun 17 Jun 2018 - 18:55
     ဆော်ဒီအာရေးဗီးယား ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ နှင့် ဟိုသီသူပုန်များ တိုက်ပွဲဖြစ် ပွားနေသော ဟိုဒေဒါဆိပ်ကမ်း မြို့အရေးနှင့်ပတ်သက်၍ ဇွန်လ ၁၆ ရက်တွင် မြို့တော်ဆာနာ၌ ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်က အရေးပေါ်အစည်း အဝေးခေါ်ယူခဲ့သည်။ ဟိုဒေဒါမြို့ ထိန်းချုပ်ခွင့်ကို ကုလကြီးကြပ်သည့် ကော်မတီထံ လွှဲအပ်ရန်နှင့် ညွန့်ပေါင်းအဖွဲ့ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်များနှင့် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် ဟိုသီသူပုန် ခေါင်းဆောင်များနှင့် သဘောတူ ညီမှုရရှိရေး တွန်းအားပေးမည် ဟု ကုလသံအမတ် မာတင်ဂရီ ဖစ်သ်က ယုံကြည်ထားသည်။
  • Sun 17 Jun 2018 - 18:55
     နီကာရာဂွာနိုင်ငံတွင် ဇွန်လ ၁၆ ရက်က သေနတ်ပစ် ခတ်မှုနှင့် မီးရှို့မှုအတွင်း လူရှစ်ဦး သေဆုံးခဲ့သဖြင့် ယင်းမတိုင်မီ အစောပိုင်းက သမ္မတဒန်နီရယ် အော်တေဂါနှင့် ဆန္ဒပြသူများ ကြား ရရှိခဲ့သော ယာယီပြေငြိမ်း ရေး သဘောတူညီချက် ထိခိုက်ခဲ့ သည်။ အစိုးရနှင့် ဆက်လက်စေ့စပ်ညှိနှိုင်းမည်ဟု ကြွေးကြော်ထားစဉ် ယင်းအကြမ်းဖက်မှုကို အရပ် ဘက်ခေါင်းဆောင်များက ရှုတ်ချ ခဲ့သည်။
  • Sun 17 Jun 2018 - 18:54
     အစိုးရမဟုတ်သောအဖွဲ့ အစည်း (NGOs)များအနက် တစ် ခုက အီတလီပြည်ထဲရေးဝန်ကြီး ဆယ်လ်ဗီနီကို ဖက်ဆစ်တစ်ဦးဟု ခေါ်ဝေါ်ပြီးနောက် နယ်သာလန် အလံ တပ်ဆင်ထားသည့် ရွှေ့ပြောင်းဒုက္ခသည် ကယ်ဆယ်ရေး သင်္ဘောနှစ်စီးကို ပြန်လည်ခေါ်ယူ ရန် အီတလီက နယ်သာလန်နိုင်ငံ ထံ တောင်းဆိုခဲ့သည်။  မြေထဲပင်လယ်၌ ရွှေ့ ပြောင်းဒုက္ခသည်များကို ကူညီ ကယ်ဆယ်နေသည့် ပြည်ပ NGOsအဖွဲ့ပိုင် ကယ်ဆယ်ရေးသင်္ဘာ များအနေဖြင့် အီတလီဆိပ်ကမ်း များသို့ မဆိုက်ကပ်ရဟု ဆယ်လ် ဗီနီက ပြောကြားပြီးနောက် အပြန်အလှန်ပြစ်တင်မှုဖြစ်ပွားခဲ့သည်။
  • Sun 17 Jun 2018 - 18:53
    ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ရုရှားနိုင်ငံတွင် စနေနေ့က မော်စကိုမြို့လယ် ကောင်၌ တက္ကစီတစ်စီးသည် လမ်းသွားလမ်းလာများ ပြည့်နေ သော ပလက်ဖောင်းပေါ်သို့ ဝင် တိုက်ခဲ့ပြီးနောက် ဘောလုံးပွဲလာ ကြည့်သော မက္ကဆီကိုနိုင်ငံသား နှစ်ဦးအပါအဝင် လူရှစ်ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်။  လူမှုမီဒီယာစာမျက်နှာများ ၌ တွေ့ရသော စီစီတီဗီဗီဒီယိုဖိုင် တွင် ထိုတက္ကစီသည် ယာဉ်ကြော ပိတ်ဆို့နေ၍ စီတန်းနေရာမှ ရုတ် တရက်ဘေးသို့ အရှိန်ဖြင့်ထွက် လာပြီး ပလက်ဖောင်းပေါ်၌ လမ်းလျှောက်နေသူများကို ဝင်တိုက်ခဲ့ ကြောင်း တွေ့ရသည်။
  • Sun 17 Jun 2018 - 18:49
     ပြီးခဲ့သည့် သီတင်း ပတ်က ကျင်းပခဲ့သည့် ဂျီ-၇ ထိပ်သီးတွေ့ဆုံပွဲတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးအား ဂျပန်နိုင်ငံသို့ မက္ကဆီကိုဒုက္ခသည် ၂၅ သန်း ပို့ပစ်ရန်နှင့် ရွေးကောက်ပွဲရှုံးနိမ့် စေရန် ပြုလုပ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း The Wall Street Journal သတင်းဌာနက ဇွန်လ ၁၆ ရက်တွင် ဖော်ပြသည်။  ထိပ်တန်းစက်မှုအင်အား ကြီး ခုနစ်နိုင်ငံ စုပေါင်းကျင်းပ သော ဂျီ-၇ ထိပ်သီးတွေ့ဆုံပွဲ သည် ပူးတွဲကြေညာချက်ထုတ် ပြန်မည့်ကိစ္စကို ပယ်ချခဲ့သော ဒေါ်နယ်ထရန့်နှင့် အခြားခေါင်း ဆောင်များအကြား သဘောထား ကွဲလွဲကာ ဖရိုဖရဲ အဆုံးသတ်ခဲ့ သည်။
  • Sun 17 Jun 2018 - 18:23
    မက်ဆီဒိုးနီးယားနိုင်ငံ နှင့် အမည်အငြင်းပွားမှုဖြေရှင်း ရန် ၎င်း၏ အစိုးရသဘောတူညီ ချက်နှင့်စပ်လျဉ်း၍ ဇွန်လ ၁၆ ရက်က ဂရိပါလီမန်၌ အယုံအကြည် မရှိအဆို မဲခွဲဆုံးဖြတ်ရာ ဝန်ကြီး ချုပ် အလက်ဇီဆီပရက်စ်သည် ယင်းအဆိုကို ကျော်လွှားနိုင်ခဲ့ သည်။
  • Wed 13 Jun 2018 - 20:51
    မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုများ လျင်မြန်စေရန် အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုများ ရပ်တန့် ရန် လိုအပ်ဖွယ်ရှိသည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ် ပြန်သည်။ မြောက်ကိုရီးယားခေါင်းဆောင်နှင့် တွေ့ဆုံချိန်တွင် ယင်းစစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ပေးမည်ဟု ဒေါ်နယ်ထရန့် က ပြောကြားသဖြင့် လေ့လာသူများကို အံ့ဩစေသည်။
  • Wed 13 Jun 2018 - 20:50
    ဘရာဇီးနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ ဆော် ပေါ်လို၏ အထင်ကရ ပေါ်လီ စတာလမ်းပေါ်တွင် မင်္ဂလာ ဆောင်ဝတ်စုံများဖြင့် စုံတွဲတစ်တွဲက ဓာတ်ပုံရိုက်နေစဉ် အနီးအနားမှ ဖြတ်သွားသူများက ကားဟွန်းများတီး၍ ဩဘာပေးခဲ့ သည်။ အဒီမာအဗီလီနို(၅၂)နှစ်နှင့် ဂလော်စီယာဆူဒန် (၄၅)နှစ်တို့ ဇနီးမောင်နှံက ယင်းကဲ့သို့ လူအ များအာရုံစိုက်မှုကို ရယ်မော၍လက်ဝှေ့ယမ်းပြကာ ခံယူခဲ့သည်။
  • Wed 13 Jun 2018 - 20:50
    ယခင်အစိုးရခေါင်း ဆောင်များလက်ထက်တွင် ခြိုးခြံ ချွေတာရေး နှစ်များစွာကြာ လုပ် ဆောင်ခဲ့ပြီးနောက် စပိန်အစိုးရ က ၎င်းတို့၏ ဆိုရှယ်လစ်ခေါင်း ဆောင်သစ်များသည် ငွေသုံးစွဲမှု ဆီသို့ ထိန်းချုပ်မှုပိုနည်းသော ချဉ်းကပ်မှုမျိုး ဆောင်ရွက် ကောင်း ဆောင်ရွက်မည်ဟုပြော ကာ အငြိမ်းစားပင်စင်လစာများ ကို ငွေဖောင်းပွမှုနှင့်အညီ တိုးမြှင့် ရေး ကနဦးသဘောတူညီမှုတစ် ရပ် ရရှိခဲ့သည်။ လူမှုဖူလုံရေး ငွေသုံးစွဲမှုကို ထိန်းချုပ်ထားသည့် ပါတီစုံကော် မရှင်က အသေးစိတ်သတ်မှတ် ချက်များကို ဆုံးဖြတ်ရန် လိုနေ သေးသော်လည်း ပင်စင်လစာတိုးမြှင့်ရန် သဘောတူခဲ့သည်။
  • Wed 13 Jun 2018 - 20:49
     ထောက်ခံသူများက ၎င်း၏ ကိုယ်ကာယစွမ်းပကားနှင့် အိပ်စက်ရန် စိတ်ဝင်စားမှုမရှိခြင်းအပေါ် ဂုဏ်ယူစွာပြောဆိုနေ သော အိန္ဒိယဝန်ကြီးချုပ် နာရန် ဒရာမိုဒီသည် တုတ်တစ်ချောင်းကို အားပါပါလွှဲကာ နောက်ပြန်လမ်း လျှောက်ပြီး ကျောက်တုံးကြီးတစ် တုံးပေါ်တွင် အကြောဖြေလျှော့ နေပုံများ ပါဝင်သော ၎င်း၏ နံနက်ပိုင်း ကိုယ်လက်ကြံ့ခိုင်ရေး အစီ အစဉ်၏ လျှို့ဝှက်ချက်များကို ဗီဒီ ယိုဖိုင်တစ်ခုဖြင့် ဝေမျှခဲ့သည်။ ဇွန်လ ၁၃ ရက်က အွန်လိုင်းတွင် ဖော်ပြသော သဘာဝတရား လွှမ်းခြုံထားသည့် အထူးလျှောက်လမ်းတစ်ခုပေါ်၌ စိတ်တည်ငြိမ်ရေး လမ်းလျှောက်နည်းတစ်ခု ပါဝင်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် မိုဒီက ၎င်း၏ လေ့ကျင့်ခန်းအကျိုး ကျေးဇူးများအကြောင်း အမွှမ်း တင်ပြောဆိုထားသည်။
  • Wed 13 Jun 2018 - 20:49
    အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ချုပ်ဆိုမည့် မည်သည့်နောက်ဆုံး သဘောတူညီချက်ကိုမဆို မဲခွဲဆုံးဖြတ်ရန် အထက်လွှတ်တော် သို့ တင်သွင်းရေး အထက်လွှတ်တော် ရီပက်ဘလေကန်အမတ် များက တောင်းဆိုသည်။ အများအားဖြင့် နျူကလီး ယား ဖျက်သိမ်းရေးကို အဓိက ထားပြီး ယခုနှစ်စောစောပိုင်းတွင် ဒေါ်နယ်ထရန့် အလေးအနက် ထား ပြောကြားခဲ့သော လူ့အခွင့် အရေးကိစ္စ မပါဝင်ခဲ့သော သ ဘောတူညီချက်တစ်ရပ်ကို ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လက်မှတ်ရေးထိုးပြီးနောက် အထက်လွှတ်တော်အမတ်များ၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ် သည်။

Pages

Subscribe to World News