World News

  • Sun 13 May 2018 - 19:40
     ပြီးခဲ့သည့်နှစ် ဇွန်လက မြို့တော်တီဟီရန်ရှိ ပါလီမန်နှင့် အယာတိုလာ ရူဟိုလာခိုမေနီ ဂူ ဗိမာန်၌ တိုက်ခိုက်မှုများ ကျူး လွန်ခဲ့သည့် စစ်သွေးကြွငါးဦးကို အကူအညီ ပေးခဲ့သောကြောင့် အီရန်တရားရုံးတစ်ခုက အမျိုးသားရှစ်ဦးအား သေဒဏ်ချမှတ်ခဲ့သည်။ လူ ၁၈ ဦး သေဆုံးစေခဲ့သည့် ယင်းတိုက်ခိုက်မှုများနှင့် ပတ် သက်၍ တီဟီရန်တော်လှန်ရေး တရားရုံးက မေလ ၁၃ ရက်တွင် ယင်းအမျိုးသားများအား သေ ဒဏ်ချမှတ်ခဲ့သည်။
  • Sun 13 May 2018 - 19:08
     ဝန်ကြီးချုပ် ဟောင်း နာဂျစ်ရာဇက်၏ ဆွေမျိုး များ နေထိုင်ခြင်းဖြစ်ဖွယ်ရှိသော ကွာလာလမ်ပူမြို့ အဆင့်မြင့် လူ နေတိုက်ခန်း အဆောက်အအုံ တစ်ခုရှိ စီစီတီဗီဖိုင်များကို ရဲတပ် ဖွဲ့က စစ်ဆေးမည်ဖြစ်ပြီး စနေ နေ့က ရဲတပ်ဖွဲ့၏ လှုပ်ရှားမှုသည် စီးနင်းမှုမဟုတ်ကြောင်း ကွာလာလမ်ပူမြို့ ရဲမှူးကြီးက ပြောကြား သည်။ ရဲတပ်ဖွဲ့အနေဖြင့် တိုင် ကြားမှုတစ်ခုအရ ဆောင်ရွက်ခဲ့ ပြီး စစ်ဆေးမှုများ ပြုလုပ်ရေး ဗီဒီ ယိုပုံရိပ်များကို ရယူရန်သာဖြစ်ကြောင်းနှင့် စီးနင်းမှုတစ်ခုဟုပြော ၍မရကြောင်း ကွာလာလမ်ပူမြို့ ရဲမင်းကြီး မာဇလမ်လာဇင်က ပြောသည်။
  • Sun 13 May 2018 - 19:07
    အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာ ယာ၌ တနင်္ဂနွေနေ့တွင် အသေခံ ဗုံးခွဲသမားများက ခရစ်ယာန် ဘုရားရှိခိုးကျောင်းသုံးခုကို တိုက် ခိုက်ရာ လူကိုးဦးထက်မနည်းသေ ဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိ ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ အင်ဒိုနီးရှားသည် ကမ္ဘာပေါ် တွင် အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်ရာ နိုင်ငံဖြစ်ပြီး မကြာသေးမီက နိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
  • Sun 13 May 2018 - 19:06
    တရုတ်နိုင်ငံ၏ ပထမ ဆုံး ပြည်တွင်း၌ ထုတ်လုပ်သော လေယာဉ်တင်သင်္ဘောသည် ပင် လယ်ပြင်စမ်းသပ်ရန် တနင်္ဂနွေနေ့က အရှေ့မြောက်ပိုင်း ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ယင်းမှာ တရုတ်က စစ်တပ်ကို ခေတ်မီစေရန် ကြိုးပမ်းမှုများ အနက် နောက်ဆုံးမှတ်တိုင်တစ်ခု ဖြစ်သည်။  ယခုထိ အမည်မပေးရသေးသော ယင်းလေယာဉ်တင် သင်္ဘောကို ယမန်နှစ် ယခုလိုအ ချိန်က မိတ်ဆက်ခဲ့သော်လည်း လက်နက်များနှင့် အခြားစနစ်များ တပ်ဆင်ခဲ့သော်လည်း တာဝန်အရ စေခိုင်းခြင်းမရှိသေးပေ။
  • Sun 13 May 2018 - 19:06
     မြောက်ကိုရီးယားအစိုး ရက နျူလက်နက်စမ်းသပ်စခန်း ပိတ်သိမ်းမည့် အစီအစဉ်ကို လာ မည့် သီတင်းနှစ်ပတ်ခန့်အတွင်း ပြည်ပမီဒီယာများအား ဖိတ်ခေါ် ၍ ကျင်းပမည်ဖြစ်ကြောင်း ပြော သည်။ မေလ ၂၃ ရက်မှ ၂၅ ရက် အတွင်း အဆိုပါနျူလက်နက်စမ်း သပ်စခန်း ပိတ်သိမ်းရန် လုပ်ငန်း စဉ်များကို ပြင်ဆင်ဆွေးနွေးနေ ကြောင်း မြောက်ကိုရီးယားနိုင်ငံ ပိုင် မီဒီယာ KCNA က စနေနေ့ တွင် ပြောကြားခဲ့သည်။
  • Sun 13 May 2018 - 19:05
     ပြီးခဲ့သည့်လကတည်း က နီကာရာဂွာနိုင်ငံကို မငြိမ် မသက်ဖြစ်စေသည့် အစိုးရဆန့် ကျင်ရေး ဆန္ဒပြမှုများကို နှိမ်နင်း ရန် ကြိုးစားမည်မဟုတ်ဟု နီကာရာဂွာစစ်တပ်က ပြောကြား ကြောင်း သတင်းအေဂျင်စီ Agence France-Presse က မေလ ၁၂ ရက်တွင် ဖော်ပြသည်။ ‘‘ဆန္ဒပြသူတွေကို နှိပ်ကွပ်ဖို့ ကျွန်တော်တို့မှာ အကြောင်းပြ ချက်မရှိပါဘူး။ တွေ့ဆုံဆွေးနွေး တာကပဲ အဖြေရှာရမယ်လို့ ကျွန် တော်တို့ ထင်ပါတယ်’’ဟု နီကာ ရာဂွာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမန်နျူရယ်ဂွေဗားရား က ပြောသည်။
  • Sun 13 May 2018 - 19:04
    အငြင်းပွားဖွယ် ပြည်သူ့ဆန္ဒခံယူပွဲ မကျင်းပမီ တင်းမာမှုများရှိနေခိုက် ဘူရွန်ဒီ နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျေးရွာတစ်ရွာကို လက်နက်ကိုင် တိုက်ခိုက်သူများက ပစ်မှတ်ထား တိုက်ခိုက်သဖြင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့သည်။  ယင်းလက်နက်ကိုင်အဖွဲ့ သည် ကွန်ဂိုနိုင်ငံမှ ကူးလာပြီး စီဘီတိုကီပြည်နယ်အတွင်း ဝင် ရောက်ခဲ့ကြောင်း တာဝန်ရှိသူများ က ပြောသည်။
  • Sun 13 May 2018 - 19:03
    လူအသေအ ပျောက်များခဲ့သော အီဘိုလာကူး စက်ရောဂါနှင့် စီးပွားရေးကျဆင်း မှုမှ ပြန်လည်နာလန်ထရန် ရုန်းကန်နေရသည့် ဆီယာရာလီယွန် နိုင်ငံ အသွင်ပြောင်းလဲရေး ကူညီ ပံ့ပိုးကြရန် သမ္မတသစ် ဂျူးလီယက်မက်ဒါဘိုင်အိုက ပြည်သူ လူထုထံ တောင်းဆိုခဲ့သည်။ ဧပြီလ ထိပ်တိုက်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူ မက်ဒါဘိုင်အို၏ သမ္မတရာထူး လက်ခံပွဲ၌ ဒေသဆိုင်ရာ ဂုဏ် သရေရှိ လူကြီးမင်းများနှင့်အတူ ထောင်နှင့်ချီသော ထောက်ခံသူ များသည် မြို့တော် ဖရီးတောင်း ရှိ စည်ပင်သာယာရေးအားကစား ကွင်းအပြည့် တက်ရောက်ခဲ့ သည်။
  • Sun 13 May 2018 - 19:03
     ပြီးခဲ့သည့်လ က လူတစ်ဦးသေဆုံးခဲ့သည့် ယာဉ် မတော်တဆမှုတွင် ပါဝင်ခဲ့သော အမေရိကန် သံတမန်တစ်ဦးကို ပါကစ္စတန်အစိုးရက နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ပိတ်ပင်ခဲ့သည်။ ဧပြီ ၇ ရက်က အစ္စလာမာဘတ်မြို့ မြောက်ဘက်တွင် အမေရိကန် သံအရာရှိ ဗိုလ်မှူးကြီး ဂျွန် ဆက်ဖ် အီမန်နျူရယ်ဟောသည် မီးပွိုင့်မီးနီပြသနေခိုက် ဖြတ်မောင်းလာစဉ် ဆိုင်ကယ်တစ်စီး ကို ဝင်တိုက်ခဲ့သောကြောင့် အသက်(၂၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
  • Sat 12 May 2018 - 21:07
    အရှေ့တီမောနိုင်ငံတွင် လပေါင်းများစွာ ကြာမြင့်သော နိုင်ငံရေး လိပ်ခဲတည်းလည်းအခြေအနေ အဆုံးသတ်ရေး ရွေးကောက်ပွဲ ကျင်းပနေသည်။ ၂၀၁၇ က ကျင်းပသော ပါလီမန်ရွေးကောက် ပွဲတွင် အနိုင်ရရှိသူ ရှင်းရှင်းလင်းလင်း မပေါ်ထွက်ခဲ့သဖြင့် သမ္မတဂူတာရက်စ်က ပါလီမန်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲသစ်ခေါ်ယူခဲ့သည်။
  • Sat 12 May 2018 - 21:06
     ပြင်သစ်နိုင်ငံ တောင်ပိုင်း အလယ်ခေတ်မြို့ကာကတ်စ်ဆွန်နီတွင် အဝါရောင် အစင်းများနှင့် စက်ဝိုင်းပုံများ ပါရှိ သော အနုပညာလက်ရာတစ်ခု ပြသမှုကြောင့် ယင်းမြို့ဒေသခံ များ ဒေါသထွက်ခဲ့သည်။ ယင်းမြို့၏ ထင်ရှားသော အစိတ်အပိုင်းနှင့် ကမ္ဘာလှည့်ခရီး သွားများ လာရောက်ရာနေရာ သည် ယင်းမြို့၏ စက်ဝိုင်းပုံဝိုင်းရံ ထားသော ခံတပ်ဖြစ်သည်။ ယင်း ခံတပ်၏ အစိတ်အပိုင်းများကို  ၁၄ ရာစုနှင့် ၁၅ ရာစုက ဆောက်လုပ်ခဲ့သော်လည်း အစိတ်အပိုင်းများစွာသည် ရှေးရောမသိမ်းပိုက်မှု ကာလအထိ သက်တမ်းရှိသည်။
  • Sat 12 May 2018 - 21:05
     မိမိအနေဖြင့် ညီညွတ်သော မလေးရှားအမျိုး သား အဖွဲ့အစည်း (UMNO) ဥက္ကဋ္ဌနှင့် Barisan National ညွန့်ပေါင်းအဖွဲ့ သဘာပတိအဖြစ်မှ နုတ်ထွက်ကြောင်း ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရတော့ မည့် နာဂျစ်ရာဇက်က မေလ ၁၂ ရက်တွင် ပြောသည်။
  • Sat 12 May 2018 - 21:03
    ဂါဇာနယ်စပ်ဒေသ တွင် သီတင်းပတ်ခုနစ်ပတ် မြောက် ဆန္ဒထုတ်ဖော်မှုအတွင်း သောကြာနေ့က အစ္စရေးစစ်သား များ၏ ပစ်ခတ်မှုကြောင့် ပါလက် စတိုင်းအမျိုးသားတစ်ဦး သေဆုံး ကြောင်း ဂါဇာကျန်းမာရေးဝန် ကြီးဌာနက ပြောသည်။  ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယူနီမြို့အနီးတွင် အသက် (၄၀) အရွယ် ဂျာဘာအ ဘူမူစတာဖာသည် ရင်ဘတ်ကို ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ ကြောင်း ထိုဝန်ကြီးဌာနက ပြော သည်။
  • Sat 12 May 2018 - 21:03
     မလေးရှားဝန် ကြီးချုပ် မဟာသီယာမိုဟာမက် က ၎င်း၏ဝန်ကြီးအဖွဲ့တွင် အဓိကနေရာသုံးခုအတွက် ရွေးချယ်ထားသူများ၏ အမည်ကို မေလ ၁၂ ရက်က ကြေညာသည်။ လင်ဂျွန်အင်သည် ဘဏ္ဍာ ရေးဝန်ကြီး ဖြစ်လာမည်ဖြစ်ကာ မိုဟာမက်ဆာဘူသည် ကာကွယ် ရေးဝန်ကြီး ဖြစ်လာမည်ဖြစ်ပြီး မူဟီဒင်ယာစင်းသည် ပြည်ထဲရေး ဝန်ကြီး ဖြစ်လာမည်ဖြစ်ကြောင်း ဒေါက်တာမဟာသီယာက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြော ကြားသည်။
  • Sat 12 May 2018 - 11:10
    အိန္ဒိယတွင် ရဲအာနိုးလ်ဟု လူသိများ ထင်ရှားသည့် ရဲအရာရှိ တစ်ဦးမှာ ကင်ဆာရောဂါ ခံစားနေရသည့်နောက် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။
  • Sat 12 May 2018 - 10:45
    မြောက်ကိုရီးယား ပြည်သူများ၏ ဘဝအခြေအနေ မြှင့်တင်ရေးနှင့် နိုင်ငံ စီးပွားရေးကို ပြန်လည် တည်ဆောက်ရန်အတွက် အမေရိကန်က အကူအညီ ပေးသွားမည်ဟု သိရသည်။
  • Fri 11 May 2018 - 10:41
    မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမည့် နေရာအဖြစ် စင်ကာပူ နိုင်ငံကို ရွေးချယ်လိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ကြေညာခဲ့သည်။
  • Thu 10 May 2018 - 19:52
    ၂၀၁၆ က အာဏာသိမ်းရန် ကြံစည်မှုကို အခါတော်ပေးခဲ့သည် ဟု အန်ကာရာက ပြောသော အမေရိကန်အခြေစိုက်ဘာသာရေးခေါင်းဆောင်နှင့် ချိတ်ဆက်မှုရှိကြောင်း စွပ်စွဲခံရသော လေတပ်တပ်ဖွဲ့ဝင်များအပေါ် ပစ်မှတ်ထားသော စစ်ဆင်ရေး တွင် တူရကီရဲတပ်ဖွဲ့က မသင်္ကာသူ ၆၅ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
  • Thu 10 May 2018 - 19:51
     ခင်ပွန်းအမြောက်အ မြားရှိသောကြောင့် အမျိုးသမီး တစ်ဦးကို အယ်လ်ရှာဘတ်စစ် သွေးကြွအဖွဲ့ဦးစီးသော တရားရုံးတစ်ခုက စီရင်ချက်ချပြီးနောက် ယင်းအမျိုးသမီးသည် ကျောက် ဆုံးများဖြင့် ထုသတ်ခံရကြောင်း ယင်းအဖွဲ့ကပြောသည်။ ဝါဆာမီဆိုသော အမျိုးသမီး သည် ခင်ပွန်းဟောင်းများကို ကွာ ရှင်းပြတ်စဲခြင်းမရှိဘဲ (၁၁)ကြိမ် လက်ထပ်ခဲ့ကြောင်း စွပ်စွဲခံရ သည်။
  • Thu 10 May 2018 - 19:51
     မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မေလ ၉ ရက် ညက ဆည်တစ်ခုကျိုးပေါက်သွား၍ ကြီးမားသော ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လူ ၂၀ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ကင် ညာအရာရှိများကပြောသည်။ မြို့တော်နိုင်ရိုဘီ အနောက် မြောက်ဘက် မိုင် ၁၂၀ အကွာ ဆိုလိုင်မြို့တွင် ယင်းဆည်ကျိုး ပေါက်ခဲ့ခြင်းဖြစ်သည်။ ယခုအထိ ကယ်တင်နိုင်သူ ၄၀ ဦးရှိပြီဟု ကင်ညာကြက်ခြေနီအဖွဲ့က ပြော သည်။

Pages

Subscribe to World News