World News

  • Wed 23 May 2018 - 19:29
     ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း MH 370 ကို လေယာဉ်မှူးက တမင် တကာ ထိုးဆင်းခဲ့သည်ဆိုသော ပြောဆိုမှုများကို ဩစတြေးလျ စုံစမ်းစစ်ဆေးရေးမှူးများက ပယ် ချခဲ့သည်။ ယင်းလေယာဉ်သည် ပယ် လယ်ထဲသို့ ထိန်းချုပ်ဖျက်ချခြင်း ခံရသည်ဆိုသော လတ်တလော ပြောဆိုနေမှုများကို အင်္ဂါနေ့က ဩစတြေးလျ ပို့ဆောင်ရေးဘေး ကင်းရေးအဖွဲ့က ပယ်ချသည်။
  • Tue 22 May 2018 - 13:49
    မိမိကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိခဲ့ဖူးကြောင်း မလေးရှား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဌာန အကြီးအကဲက ဝန်ခံ ပြောကြားခဲ့သည်။
  • Tue 22 May 2018 - 13:34
    အိန္ဒိယ နိုင်ငံ တောင်ပိုင်းတွင် ဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။
  • Mon 21 May 2018 - 23:27
    အမေရိကန်က တဲလ်အဗစ်မြို့ရှိ ၎င်းတို့သံရုံးကို ဂျေရုဆလင်သို့ ပြောင်းရွှေ့ပြီးနောက် ဒုတိယနိုင်ငံအဖြစ် ပါရာဂွေးက ၎င်းတို့၏ သံရုံးကို ဂျေရုဆလင်မြို့တွင် မေလ ၂၁ ရက်က ဖွင့်လှစ်ခဲ့သည်။
  • Mon 21 May 2018 - 23:27
     ဩဇာကြီးသော တရုတ်ဒုတိယသမ္မတသစ် ဝမ်ကီရှန်း သည် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ် ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက မေလ ၂၁ ရက်တွင် ပြောကြားပြီး ၎င်းသည် မတ်လကဒုတိယသမ္မတအဖြစ် ခန့်အပ်ခံရ ပြီးနောက်ပိုင်း ပထမဆုံးပြည်ပ ခရီးစဉ်ဖြစ်သည်။
  • Mon 21 May 2018 - 23:26
     အိန္ဒိယနိုင်ငံသို့ တရားမဝင် မူးယစ်ဆေးဝါးမှောင် ခိုကူးရန် ကြိုးစားခဲ့သည့် အမျိုး သမီးတစ်ဦး၏ ဝမ်းဗိုက်ထဲမှ ကိုကင်းဆေးတောင့် ၁၀၆ တောင့်ကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ သတင်းတစ်ခု ရပြီးနောက် မေလ ၁၄ ရက်တွင် ဒေလီအပြည် ပြည်ဆိုင်ရာလေဆိပ်၌ အသက် (၂၅)နှစ်အရွယ် နိုင်ငံခြားသူအမျိုးသမီးတစ်ဦးကို မူးယစ်ဆေးမှောင် ခိုကူးမှုဖြင့် ဖမ်းဆီးခဲ့သည်။ ထို့နောက် အဆိုပါ အမျိုး သမီးကို ဆေးရုံတစ်ရုံ၌ ဝမ်းနုတ် ဆေးသုံး၍ ဝမ်းဗိုက်ထဲရှိ ကိုကင်း ဆေးတောင့်များကို ထုတ်ယူခဲ့ သည်။
  • Mon 21 May 2018 - 23:25
    အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် ပိုနိုရိုဂို ဒေသတွင် ဖုန်းအသစ်ဝယ်ပေးရန် ပူဆာသော အသက် (၁၆)နှစ်အရွယ် လူငယ်တစ်ဦးကို မိဘများက အစ်နေ့ပွဲတော်ပြီးမှသာ ဝယ်ပေးမည်ဟု ပြောသောကြောင့် ၎င်းက နေအိမ်ကို မီးရှို့ ခဲ့သည်။
  • Mon 21 May 2018 - 23:24
     နစ်ပါဗိုင်းရပ်စ်ပိုးကြောင့် လူကိုးဦး သေဆုံးခဲ့ ကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ် ကျန်းမာ ရေးတာဝန်ရှိသူများက ပြော သည်။ ပြီးခဲ့သည့် သီတင်းနှစ်ပတ် အတွင်း သေဆုံးသူသုံးဦးတွင် နစ်ပါဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ ခဲ့ပြီး ကျန်သေဆုံးသူခြောက်ဦး၏ နမူနာများကို စစ်ဆေးနေသည်။
  • Mon 21 May 2018 - 13:09
    ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်သည် အဖျားရောဂါ တစ်ခုကြောင့် ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။
  • Mon 21 May 2018 - 12:38
    ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် လက်ရှိ သမ္မတ နစ်ကိုလက်စ် မာဒူရိုက အနိုင်ရသွားခဲ့သည်။
  • Sun 20 May 2018 - 20:27
    တောင်ကိုရီးယားလုပ်ငန်းစုံစီးပွားရေးလုပ်ငန်းကြီး LG အုပ်စု၏ ဥက္ကဋ္ဌ ကူဘွန်ဖူးသည် အသက်(၇၃)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ သည်။ ၎င်းသည် အဘိုးဖြစ်သူ ၁၉၄၇ က တည်ထောင်ခဲ့သော ကုမ္ပဏီကို စီးပွားရေး အင်ပါယာကြီးဖြစ်အောင် ချဲ့ထွင်နိုင်ခဲ့ သည်။
  • Sun 20 May 2018 - 20:21
    ဂရိနိုင်ငံ၏ ဒုတိယအ ကြီးဆုံးမြို့တော် တက်စ်ဆာလို နီကီမြို့တော်ဝန်သည် လူတစ်ဒါ ဇင်ခန့်၏ ဝိုင်းဝန်းထုရိုက်မှုခံရ သောကြောင့် ဆေးရုံ၌ ကုသမှုခံ ယူနေရကြောင်း တာဝန်ရှိသူများ က ပြောသည်။  ယီအန်နစ်ဘောတာရစ် (၇၅)နှစ်သည် အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနားတစ်ခုသို့ တက်ရောက်မှုနှင့်ပတ် သက် ၍ အမျိုးသားရေးဝါဒီအဖွဲ့၏ ဒေါသထွက်ခြင်းခံရပြီး ဝိုင်းဝန်းကန်ကျောက်ခံရကာ ပုလင်းများဖြင့် ပစ်ပေါက်ခံခဲ့ရသည်။
  • Sun 20 May 2018 - 20:21
    တရုတ်နိုင်ငံ အရှေ့ ပိုင်း ရှန်ဒေါင်ပြည်နယ်တွင် ငါး လွှာပြတင်းပေါက်မှ ပြုတ်ကျလာ သည့် ကလေးငယ်တစ်ဦးကို အိမ် နီးချင်းအမျိုးသားတစ်ဦးက ဖမ်း ယူကယ်ဆယ်ခဲ့သည့် ဗီဒီယိုဖိုင် သည် အင်တာနက်သုံးစွဲသူများ အကြား ပျံ့နှံ့နေသည်။ နေအိမ်တွင် လူကြီးများမရှိခိုက် အဆိုပါ (၂)နှစ်အရွယ် ကလေးငယ်သည် ပြတင်းပေါက် အပြင်ဘက်ရှိ လေအေးပေးစက် ပေါ်သို့ တွားသွားနေစဉ် အိမ်နီး ချင်းများက တွေ့ရှိခဲ့သည်။
  • Sun 20 May 2018 - 20:20
     အီရတ်ပါလီမန်ရွေး ကောက်ပွဲတွင် ရှီးဟိုက်ဘာသာ ရေးခေါင်းဆောင် မိုခတာဒါ အယ်လ်ဆာဒါ၏အဖွဲ့ အနိုင်ရ ကြောင်း ကြေညာပြီး ၂၄ နာရီ မပြည့်မီ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီသည် မေလ ၁၉ ရက်က အယ်လ်ဆာဒါနှင့် တွေ့ဆုံခဲ့ပြီး ယင်းမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး အတူလက်တွဲဆောင်ရွက်ရန် အရှင်းလင်းဆုံးလက္ခဏာ ဖြစ်သည်။
  • Sun 20 May 2018 - 20:19
     ရှေ့လတွင် ကျင်းပ ရန် စီစဉ်ထားသည့် အမေရိကန် နှင့် ထိပ်သီးဆွေးနွေးပွဲကို ပယ် ဖျက်ရန် မြောက်ကိုရီးယား၏ မကြာမီက ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီး ယားသမ္မတ မွန်ဂျေအင်တို့ တနင်္ဂ နွေနေ့က ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားသမ္မတ ရုံးက ပြောသည်။ သီတင်းပတ်များစွာကြာ အ ပြုသဘောဆောင် နွေးထွေးသော စကားလုံးများဖလှယ်၍ သံတမန် ဆက်ဆံရေး ချောမွေ့ခဲ့ပြီးနောက် နျူလက်နက်စွန့်လွှတ်ရန် အမေရိ ကန်အစိုးရက အတင်းဖိအားပေး ပါက အမေရိကန်- မြောက်ကိုရီး ယား ထိပ်သီးတွေ့ဆုံမှုမှ နုတ်ထွက်မည်ဖြစ်ကြောင်း မြောက် ကိုရီးယားအစိုးရက ခြိမ်းခြောက်ခဲ့သည်။
  • Sun 20 May 2018 - 18:44
    ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက်တွင် မိုး ကြိုးပစ်၍ အသက်(၄)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် စုစု ပေါင်း လူငါးဦး ပွဲချင်းပြီးသေဆုံး ကြောင်း တာဝန်ရှိသူများက ပြော သည်။ တောင်တန်းဒေသဖြစ်သော ခိုကန်ပြည်နယ် သာမာဘင်းခရိုင် တွင် ကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းနေစဉ် မိုးခိုနေသည့် လူငါးဦး သေဆုံးခဲ့ ကြောင်း ရဲမှူးချုပ်လေမန်လိုင်က ပြောကြားသည်။ အဆိုပါ သေဆုံးသူငါးဦးအ နက် သုံးဦးသည် မိသားစုဝင်များ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
  • Sun 20 May 2018 - 18:44
     နိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ် ဝန်ကြီး ချုပ်သည် ပါလီမန်တွင် အယုံအကြည် ရှိ၊ မရှိ မဲခွဲဆုံးဖြတ်ရန် မိနစ်ပိုင်းအလိုတွင် ရာထူးမှ နုတ်ထွက် သဖြင့် ယင်းမှာ အိန္ဒိယ၏အာဏာရ BJP ပါတီအတွက် ဆုတ်ယုတ် မှုတစ်ခုဖြစ်ခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သုံးရက်သာ အုပ်ချုပ်ထားသော ယက်ဒီအူရက်ပါက ပြည်နယ် ပါလီမန်တွင် လူများစုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဟု ပြော သည်။
  • Sun 20 May 2018 - 18:43
     ၎င်းနှင့် ဆက် နွှယ်သော အိမ်ခြံမြေတိုက်ခန်း များတွင် ရာနှင့်ချီသော ဇိမ်ခံအသုံးအဆောင်ပစ္စည်းများနှင့် ငွေသားများ သိမ်းဆည်းခံရပြီးနောက် မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က ရဲတပ်ဖွဲ့စီးနင်းမှုများကို ဝေဖန်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နာဂျစ်ရာဇက်သည် မပျော်မရွှင် ဖြစ်နေကြောင်း ရှေ့နေဖြစ်သူဟာပယ်လ်ဆင်း ဂရီဝယ်လ်က ပြောသည်။
  • Sun 20 May 2018 - 18:42
    ထိုင်းနိုင်ငံ၌ စစ် တပ်က နှိမ်နင်းဖြိုခွင်းမှုကြောင့် လူ ၉၁ ဦး သေဆုံးခဲ့သည့် ၂၀၁၀ အစိုးရဆန့်ကျင်ဆန္ဒထုတ်ဖော်မှု နှစ်ပတ်လည် အထိမ်းအမှတ်အ ဖြစ် မေလ ၁၉ ရက်တွင် ဘန် ကောက်မြို့၌ ရာချီသော လူများ စုဝေးခဲ့သည်။ ၂၀၁၄ မေလတွင် အရပ် သားအစိုးရကို ဖြုတ်ချပြီး စစ်တပ် က အာဏာသိမ်းခဲ့သည့် လေးနှစ် ပြည့် နှစ်ပတ်လည်မတိုင်မီ ရက် ပိုင်းအလိုတွင် အဆိုပါစုဝေးမှု ပေါ်ပေါက်လာပြီး လက်ရှိအာဏာသိမ်းစစ်အစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ဖိအားများ ရင်ဆိုင်နေရသည်။
  • Sun 20 May 2018 - 18:40
    တရုတ်နှင့် အမေရိကန်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲမှန်သမျှ စွန့်လွှတ်ရန်နှင့် ခြိမ်းခြောက်သော အကောက်အခွန်များမှ နောက်ဆုတ်ရန် သဘောတူညီခဲ့ကြောင်း တရုတ်ဒုတိယဝန်ကြီး ချုပ် လျူဟီက ပြောကြားသည်ဟု ဆင်ဟွာသတင်းအေဂျင်စီက မေလ ၂၀ ရက်တွင် ဖော်ပြသည်။  ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်ခဲ့သည့် တရုတ်ကုန်သွယ်ရေး ကိုယ်စား လှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ လျူဟီက နှစ်ဖက်စလုံး သဘော တူညီချက်တစ်ခုရခဲ့ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲမည်မဟုတ်ကြောင်းနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံအခွန်တိုးမြှင့်ကောက်ခံခြင်း ရပ် တန့်မည်ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာကဖော်ပြသည်။

Pages

Subscribe to World News