World News

  • Mon 22 May 2017 - 22:40
    ပြီးခဲ့သည့်လအတွင်း နှစ်နိုင်ငံအကြား လက်နက်ရောင်းဝယ်ရေး စံချိန်တင်သဘောတူညီမှုရပြီးနောက် အိန္ဒိယရေတပ်အား ဒုံး ကျည်ကာကွယ်ရေးစနစ်များ ရောင်းချပေးရေး ကန်ဒေါ်လာသန်း ၆၃၀ သဘောတူညီချက်ရရှိခဲ့သည်ဟု အစ္စရေးနိုင်ငံက ပြောသည်။
  • Mon 22 May 2017 - 22:39
     သြစတြေးလျသမိုင်း တွင် တစ်ကြိမ်တည်းနှင့် အများ ဆုံးသော ပရဟိတအလှူအဖြစ် မိုင်းတွင်းလုပ်ငန်း သူဌေးကြီး အန်ဒရူးဖောရက်စ်က လူမှုရေး နှင့် သိပ္ပံပညာဆိုင်ရာကိစ္စအမျိုး မျိုးအတွက် ဒေါ်လာ ၂၉၈ သန်းပေးလှူခဲ့သည်။  သံသတ္တုရိုင်းတူးဖော်ရေး ကုမ္ပဏီကြီး Fortescue Metals Group  တည်ထောင်သူနှင့် ဥက္ကဋ္ဌဖောရက်စ်က ၎င်းနှင့်ဇနီး နီကိုလာတို့သည် မေတ္တာရှေ့ထား၍ ယင်းကဲ့သို့ လှူဒါန်းခြင်းဖြစ်သည်ဟုပြောသည်။
  • Mon 22 May 2017 - 22:38
     ပြီးခဲ့သည့်နှစ် ဇူလိုင် က မအောင်မြင်သော အာဏာ သိမ်းမှုအပြီး အစိုးရက နှိမ်နင်းရာ တွင် ၎င်းတို့အလုပ်များ ဆုံးရှုံးခဲ့ရခြင်းကို ဆန့်ကျင်ခြင်းအဖြစ်  နှစ်လကျော်ကြာ အစာငတ်ခံ ဆန္ဒပြနေသော ကျောင်းဆရာနှစ် ဦးကို တူရကီရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်သည်။ ရဲတပ်ဖွဲ့ကို ဟန့်တားပိတ် ဆို့ရန် ကြိုးစားခဲ့သော ရှေ့နေနှစ် ဦးလည်း ဖမ်းဆီးခံရသလို ည တွင်းချင်း ပြုလုပ်ခဲ့သည့် ဝင် ရောက်စီးနင်းမှုများအတွက် ရဲ တပ်ဖွဲ့က ပစ္စည်းများကို ရှာဖွေခဲ့ ကြသည်ဆိုသည်။
  • Mon 22 May 2017 - 22:37
    ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒူးသည် ဗင်ကူး ဗားမြို့တွင် သောကြာနေ့က အ ထက်တန်းကျောင်းကပွဲ၏ ဓာတ်ပုံတစ်ပုံတွင် အမှတ်မထင် ပါဝင် နေသည်။  ဘောင်းဘီတိုနှင့် တီရှပ် အင်္ကျီ ဝတ်ဆင်ထားသော ထရူ ဒူးသည် Stanley Park Seawall လမ်းတစ်လျှောက် အပြေးလေ့ ကျင့်နေစဉ် ပွဲတက်ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျောင်းသားအဖွဲ့ ဘေးမှ ဖြတ်ပြေးခဲ့ခြင်းဖြစ်သည်။ ထရူဒူး၏ တရားဝင်ဓာတ်ပုံဆရာက ညနေခင်းပွဲတက်ဝတ်စုံများ ဝတ်ဆင်ထားသော ကျောင်းသားအဖွဲ့ဘေးမှ ဖြတ်ပြေးနေ သည့် ထရူဒူး၏ ဓာတ်ပုံကို တွစ် တာစာမျက်နှာတွင် ဖော်ပြခဲ့ သည်။
  • Mon 22 May 2017 - 22:36
    ကာလကြာ လက်တွဲခဲ့ သော မဟာမိတ်အမေရိကန်နိုင်ငံ  နှင့် ဝေးရာသို့ ဦးတည်နေသည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတီ ၏ နိုင်ငံခြားရေးမူဝါဒများ ရှေ့ ဆက်ဆောင်ရွက်မှုအဖြစ် ၎င်း သည် ရုရှားသမ္မတ ဗလာဒီမာပူ တင်နှင့် တွေ့ဆုံရန် ရုရှားနိုင်ငံသို့ တနင်္လာနေ့က ထွက်ခွာသွား သည်။ ယင်းငါးရက်ကြာ ခရီးစဉ် သည် ပြီးခဲ့သည့်နှစ်က ဒူတာတီ အာဏာရလာပြီးနောက် ဖိလစ် ပိုင်နှင့် ရုရှားကြား ဆက်ဆံရေးကို သိသိသာသာသာ တိုးတက်ခိုင်မာ စေမည်ဖြစ်ကာ သူတော်ကောင်း ယောင်ဆောင်ပြီး အနိုင်ကျင့်နေ သည်ဟု ၎င်းစွပ်စွဲထားသော အ မေရိကန်နှင့် ဖိလစ်ပိုင်၏ ဆယ်စုနှစ်များစွာကြာ မဟာမိတ်ဖြစ်မှု စတင်ပျက်ပြားစေမည်ဖြစ် သည်။
  • Mon 22 May 2017 - 12:10
    အတိုက်အခံ ဆန္ဒပြသူများက လူတစ်ဦးကို အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း ဗင်နီဇွဲလား အစိုးရက စွပ်စွဲ ပြောကြားလိုက်သည်။
  • Mon 22 May 2017 - 11:56
    နော်တာဒိမ်း တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် အမေရိကန် ဒုတိယ သမ္မတ မိုက်ခ်ပန့်စ် အမှာစကား ပြောနေစဉ် အတောအတွင်း ကျောင်းသူကျောင်းသား အများအပြား ထထွက်သွားပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • Mon 22 May 2017 - 11:29
    အမေရိကန်တွင် ခရီးသည်တင် လေယာဉ်တစ်စီးနှင့် ထရပ်ကားတစ်စီး တိုက်မိရာ လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
  • Mon 22 May 2017 - 11:27
    ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဒုံးကျည်စမ်းသပ်မှုကို ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့သည်။
  • Sun 21 May 2017 - 22:02
    အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှု မြင့် တက်လာနေခြင်းကို ဆန့်ကျင်၍ တောင်အာဖရိကနိုင်ငံ၏ မြို့တော်ပရီတိုးရီးယားတွင် အမျိုးသားအများစုပါဝင်သော လူပေါင်းရာနှင့်ချီ၍ ဆန္ဒပြခဲ့ကြသည်။ ယင်းနိုင်ငံတွင် ယမန်နှစ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၄,၀၀၀ ဖြစ်ပွားခဲ့သည်။
  • Sun 21 May 2017 - 22:00
    အိန္ဒိယနိုင်ငံ တောင် ပိုင်း ကီရာလာပြည်နယ်တွင် အသက် (၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ၎င်းကို နှစ်ပေါင်းများစွာကြာ မုဒိမ်းကျင့်ခဲ့သည့် ဘာသာရေးဆရာတစ်ဦး၏ ငယ်ပါအား ဖြတ်တောက်ပစ်ခဲ့သည်။ ဘာသာရေး အရေခြုံထား သည့် အဆိုပါအမျိုးသားသည် အမျိုးသမီး၏ ဖခင်ကျန်းမာရေး အတွက် ဘာသာရေးအစဉ်အ လာအရ ဆုတောင်းပွဲပြုလုပ်ပေး ရန် အိမ်သို့ လာလေ့ရှိသည်ဟု ရဲ တပ်ဖွဲ့က ပြောသည်။ အမျိုးသမီး၏ မိခင်ကလည်း ကိုယ့်ကိုယ်ကိုယ် ဘာသာရေးဆရာအသွင် ဖမ်းထားသော ထိုအမျိုးသားက မိသားစုဒုက္ခများကို ပြေပျောက်သွားအောင် စွမ်းဆောင်ပေးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
  • Sun 21 May 2017 - 21:58
     မြောက်ကိုရီးယားသည် ၎င်းတို့၏ ယခင်ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများကြောင့် နိုင်ငံတကာ ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကုလသမဂ္ဂက ပိုမိုတင်းကျပ်သော တားဆီးပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဆိုသော ခြိမ်းခြောက်မှုများ ရင်ဆိုင်ခဲ့ရပြီး သီတင်းတစ်ပတ်အကြာ မေလ ၂၁ ရက်က ကီလိုမီတာ ၅၀၀ အထိရောက်ရှိသော ပဲ့ထိန်းဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ် ခတ်ခဲ့သည်။  ယင်းနောက်ဆုံးဒုံးကျည် စမ်းသပ်မှုနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင် က နိုင်ငံတော်လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြ သည်။
  • Sun 21 May 2017 - 21:57
     ဟောင်ကောင် ရဲတပ်ဖွဲ့က ထုတ်ပြန်သော စီစီ တီဗီ ဗီဒီယို၌ မေလ ၂၀ ရက် နံနက်အစောပိုင်းက တက္ကစီယာဉ်မောင်းတစ်ဦးသည် မောင်းနှင်လာသော ကားဖြင့် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးကို တိုက်မိပြီးနောက် ကားပျက်စီးခြင်း ရှိ၊မရှိ ကြည့်ရှုစစ်ဆေးကာ မောင်းပြေးသွားကြောင်း တွေ့ရသည်။ ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် ကောင်လွန်းမြို့ Pri-nce Edward Road West နှင့်Kadoorie Avenue လမ်းဆုံ၌ တွန်းလှည်းတစ်ခု တွန်းလာနေ သော ထိုအမျိုးသားကို တက္ကစီ မောင်းသူက တိုက်မိခဲ့ခြင်းဖြစ် သည်။
  • Sun 21 May 2017 - 21:56
     တောင်ကိုရီးယားအစိုးရ သစ်အနေဖြင့် စီးပွားရေးနာလန် ထူလာအောင် ကူညီဆောင်ရွက် ပေးရေး၊ တရုတ်နှင့် ဆက်ဆံရေး အဆင်ပြေစေရေးနှင့် မြောက်ကို ရီးယားအရေးဖြေရှင်းရေးစသော စိန်ခေါ်မှုများ ရင်ဆိုင်နေစဉ် တောင်ကိုရီးယားသမ္မတ မွန်ဂျေ အင်က ၎င်း၏အစိုးရအဖွဲ့သစ်အ တွက် ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံ ခြားရေးဝန်ကြီးနှင့် ထိပ်တန်းအ ကြံပေးရာထူးတို့အတွက် အမည် စာရင်းတင်သွင်းခဲ့သည်။ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဟောင်း ကင်ဒေါင်ယွန်ကို ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းထားသည်ဟု မွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပြီး ကုလသမဂ္ဂ၏ မူဝါဒရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်  ကန်းကျောင်ဝှာသည် နိုင်ငံခြားရေးဝန်ကြီးအသစ် ဖြစ်လာမည်ဟု ရေပန်းစားနေသည်။
  • Sun 21 May 2017 - 21:50
    သမ္မတသစ် ဒေါ်နယ်ထရန့်ကြောင့် အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် မရေမရာဖြစ်နေသော ကြီးမားသည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေး အာရှ-ပစိဖိတ်ဒေသရှိ ကုန်သွယ်ရေးဝန်ကြီးများက သဘောတူကြသည်။ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင် သော ပစိဖိတ်ရပ်ဝန်း ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီ ချက် (TPP) သည် ကမ္ဘာ့စီးပွား ရေး ၄၀ ရာခိုင်နှုန်းကို ကိုယ်စား ပြုခဲ့သော်လည်း နိုင်ငံခြားမှ စုပ်ယူနေသော အမေရိကန်အလုပ်အကိုင်များ ကာကွယ်ရေး အကြောင်းပြချက်ဖြင့် ထရန့်က အမေရိကန်ကို ယင်းအဖွဲ့မှ နုတ်ထွက်စေခဲ့သည်။
  • Sun 21 May 2017 - 21:46
    ဒုတိယအကြိမ်ပြန်လည် ရွေးကောက်ခံရသော အီရန် သမ္မတ ဟတ်ဆန်ရိုဟာနီအနေ ဖြင့် အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့မှုကို ရပ်တန့်ရန်၊ ဒုံး ကျည်ပစ်လွှတ် စမ်းသပ်မှုများကို ရပ်တန့်ရန်နှင့် ဒုတိယသမ္မတ သက်တမ်းတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဟု မျှော်လင့်ကြောင်း မေလ ၂၀ ရက် တွင် အမေရိကန်က ပြောသည်။ ‘‘သမ္မတရိုဟာနီအနေနဲ့ အီရန်နိုင်ငံနဲ့ တခြားကမ္ဘာ့နိုင်ငံတွေ ဆက်ဆံရေးကို ပြောင်းလဲချင် တဲ့ ဆန္ဒရှိတယ်လို့ မျှော်လင့်ပါ တယ်။ ဒီလိုပြောင်းလဲမှုတွေကို သူလုပ်နိုင်ပါတယ်’’ဟု အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့၌ပြောသည်။
  • Sun 21 May 2017 - 21:45
    အီရန်သမ္မတ ရွေး ကောက်ပွဲတွင် ၎င်းပြန်လည်ရွေး ကောက်ခံရခြင်းက မဲဆန္ဒရှင် များအနေဖြင့် အစွန်းရောက်ဝါဒ ကို ပယ်ရှားပြီး ပြင်ပကမ္ဘာနှင့် ပိုမိုဆက်ဆံလိုကြောင်း ပြသခြင်းဖြစ်သည်ဟု သဘောထားအလယ်အလတ်ကျသည့် အီရန် သမ္မတရိုဟာနီက ပြောသည်။ အဓိကပြိုင်ဘက်ဖြစ်သည့် ရိုင်စီကို မဲ ၅၇ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရပြီး ထိပ် တိုက်မဲခွဲရမည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့သည့် ရိုဟာနီက ၎င်းအပေါ် အတိုက်အခံများ၏ ဝေဖန်ခွင့်ကို အလေးထားကြောင်းပြောသည်။
  • Sun 21 May 2017 - 21:44
    အမေရိကန်က ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် အမေရိ ကန်ဒေါ်လာ ၁၁၀ ဘီလီယံနီးပါး တန်ဖိုးရှိသော လက်နက်ရောင်း ဝယ်ရေးစာချုပ်အတွက် သဘော တူညီခဲ့ကြောင်း မေလ ၂၀ ရက် တွင် အိမ်ဖြူတော်အရာရှိတစ်ဦး က ပြောသည်။ ပထမဆုံး ပြည်ပခရီးစဉ်အ ဖြစ် ထွက်ခွာလာသော အမေရိ ကန်သမ္မတဒေါ်နယ်ထရန့် ဆော် ဒီအာရေးဗီးယားနိုင်ငံသို့ ရောက် ရှိသော ပထမနေ့တွင် အဆိုပါ သဘောတူညီမှု ထွက်ပေါ်လာ ခြင်းဖြစ်သည်။
  • Sun 21 May 2017 - 21:43
    အကျင့်ပျက်ခြစား မှုဖြင့် မိမိအပေါ် စုံစမ်းစစ်ဆေး မှုများ ဆိုင်းငံ့ထားရေး တရားရုံး ချုပ်ထံ တောင်းဆိုမည်ဟု ဘရာဇီးသမ္မတ မိုက်ကယ်တီမာက ပြောကြားပြီး ယင်းမှာ အဓိကကျသော အထောက်အထားတစ်ခုကို ပြု ပြင်ပြောင်းထားခြင်းကြောင့် ဖြစ် သည်ဟု ၎င်းကဆိုသည်။ အကျဉ်းကျနေသော နိုင်ငံ ရေးသမားတစ်ဦးအား နှုတ်ပိတ်ခ ပေးအပ်ရေး ဆွေးနွေးသော လျှို့ဝှက်အသံဖမ်းတိပ်ခွေကို အစစ်အမှန် ဟုတ်၊ မဟုတ် အတည်ပြုရန် လိုအပ်သည်ဟု ၎င်းကပြော သည်။ တီမာသည် အကျင့်ပျက်ခြ စားမှု၊ တရားဥပဒေကြောင်းအ ရ အရေးယူမှုကို ပိတ်ဆို့တားဆီးခဲ့သည်ဟု သံသယရှိဖြစ်နေကြ သည်။
  • Sun 21 May 2017 - 21:42
    လန်ဒန်မြို့ရှိ အီကွေဒေါ သံရုံးတွင် ခိုလှုံရန် ကြိုးပမ်းခဲ့ရ သော မုဒိမ်းမှုစွပ်စွဲချက်များနှင့် ပတ်သက်၍ မိမိကို ဖမ်းဆီးရန် ကြိုးပမ်းမှုများကို မေ့ပစ်မည် မဟုတ်၊ ခွင့်လွှတ်မည်မဟုတ်ဟု ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အက်ဆန်းက ပြောကြား သည်။ ဆွီဒင်အစိုးရက ၎င်းအပေါ် မုဒိမ်းမှုစွဲချက်ဖြင့် စုံစမ်းစစ်ဆေး နေခြင်း ရပ်တန့်လိုက်ခြင်းကို ကြိုဆိုရင်း အက်ဆန်းက အမေရိကန် နှင့် ဗြိတိန်အာဏာပိုင်များနှင့် ဆွေးနွေးရန် ပြင်ဆင်ထားသည် ဟု ပြောသည်။

Pages

Subscribe to World News