ဆေးလိပ်နဲ့ဆေးရွက်ကြီး တိုက်ဖျက်ပေးဖို့ လွှတ်တော်မှာအဆိုတင်

Fri, 2017-05-19 17:50 -- zaythu
မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းထားပေးမယ့် ပြည်သူတွေ လိုက်နာမှုနဲ့ အုပ်ချုပ်ရေးပိုင်းက အရေးယူမှုတွေ မရှိတာကြောင့် ပြည်ထောင်စုအစိုးရက ကိုယ်တွယ်ဖြေရှင်းပေးဖို့ ဒီနေ့ ကျင်းပတဲ့ အမျိုး သား လွှတ်တော်ကို အဆိုတင်သွင်းလိုက်ပါတယ်။ ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှု တိုက်ဖျက်ရေးအတွက် လိုက်နာကျင့်သုံးဖို့ ပျက်ကွက်ခဲ့ပါက ထောင်ဒဏ် ငွေဒဏ် ချ မှတ်ဖို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် တာဝန်ရှိတဲ့အာဏာပိုင်တွေက ဥပဒေကို ကျင့်သုံးတာမရှိသလောက်ဖြစ်နေတယ်လို့ ဒေါက်တာစန်းမောင်မောင်က လွှတ်တော်မှာ ပြောပါတယ်။
 
ဒီအဆိုနဲ့ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ဆေးလိပ်နဲ့ကွမ်းကို နှစ်ပေါင်းများစွာ စွဲလာသူတွေ၊ ဆေးကွမ်းပေါ်မှာ အမှီပြုပြီး စီးပွားရေးလုပ်ကိုင်သူတွေ ရှိတဲ့အတွက်ကြောင့် ပိတ်ပင်တားဆီးမှုတွေ လုပ်ဆောင်မယ်ဆိုရင် စီးပွားရေးအရ ထိခိုက်မှုရှိသလို အစိုးရအဖွဲ့ကို အကျပ်အတည်းဖြစ်စေတဲ့အဆိုဖြစ်တာကြောင့် လွှတ်တော်မှာ မဆွေးနွေးဖို့ ကန့်ကွက်ခဲ့ပါတယ်။ အဆိုကို ကန့်ကွက်သူရှိခဲ့တာကြောင့် မက်တပ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့အတည်ပြုခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက် - မောင်သင်တုန်း
Friday, May 19, 2017

Top News