၂၀၃၀ မှာ မြန်မာနိုင်ငံက လမ်းမကြီးတွေ နိုင်လွန်ကတ္တရာလမ်းဖြစ်တော့မှာလား

Fri, 2017-05-19 16:57 -- zaythu
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဓိက လမ်းမကြီးတွေကို နိုင်လွန်ကတ္တရာလမ်းအဖြစ် ၂၀၃၀ မှာ အပြီးခင်းသွားဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ဒီနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်လေးဦး မေးမြန်းတဲ့ မေးခွန်းတွေကို လာရောက်ဖြေကြားစဉ်မှာ ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
 
အခုလက်ရှိမှာဆိုရင် မြန်မာနိုင်ငံအနှံရှိ တိုင်းနဲ့ပြည်နယ် ခရိုင်ရုံးအားလုံးတွင် နိုင်လွန်ကတ္တရာ လမ်းခင်းဖို့အတွက် ရွေ့ပြောင်းနိုင်လွန် ကတ္တရာဖျော်စက်တွေကို ထားရှိနိုင်ဖို့ စီစဉ်ဆောက်ရွက် နေတယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တစ်ခု အနေနဲ့ တစ်နိုင်ငံလုံးမှာ နိုင်လွန်ကတ္တရာ လမ်းခင်းဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
 
ရုပ်သံ သတင်းထောက် - မောင်သင်တုန်း
Friday, May 19, 2017

Top News