သူရဦးတင်ဦးကို ပြည်တွင်းမှာပဲ ဆေးကုသမယ်

Fri, 2017-05-19 14:46 -- zaythu
ဒီချုပ် ပါတီ နာယက သူရဦးတင်ဦးရဲ့ ဆေးကုသမှုကို ပြည်တွင်းမှာသာ လုပ်ဆောင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ သူရဦးတင်ဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေတာဖြစ်ပြီး ဒီနေ့(မေလ၁၉ )နေ့လည်ပိုင်းမှာ ပြည်ထောင်စုဝန်ကြီးက လာရောက်ကြည့်ရှုခဲ့တာပါ။
 
ဆေးကုသမှု ခံယူနေရတဲ့ သူရဦးတင်ဦးကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဌနဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ ဇနီးတို့ဟာလဲ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဦးတင်ဦးဟာ မေလ ၁၇ ရက် ည က နေအိမ် ရေချိုးခန်းမှာ ချော်လဲခဲ့ပြီး သတိလစ်သွားတာကြောင့် ဆေးရုံတင်ပို့ကုသခဲ့ရတာဖြစ်ပါတယ်။
 
သတင်း - အောင်ဇော်ထွန်း ၊ ရုပ်သံ - မြတ်သီဟမောင်
Friday, May 19, 2017