နာယက ဦးတင်ဦး အမြန်ကျန်းမာလာဖို့ နေပြည်တော်မှာလည်း ဆုတောင်းပွဲလုပ်

Fri, 2017-05-19 14:39 -- zaythu
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက ဦးတင်ဦး အမြန်ဆုံးကျန်းမာလာဖို့ အတွက် ဆုတောင်းပွဲကို ဒီနေ့ မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့ ရန်အောင်မြင် ရွှေလက်လှ ဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကိုတော့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ တက်ရောက်ပြီး ဆုတောင်းမေတ္တာ ပို့သခဲ့တယ်လို့ သိရပါတယ်။
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယက ဦးတင်ဦးဟာ မေလ ၁၇ ရက် ညပိုင်းက နေအိမ် ရေချိုးခန်းထဲ ချော်လဲပြီး သတိလစ်သွားတာကြောင့် အခုချိန်ထိ ရန်ကုန်ဆေးရုံကြီးက အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ တိုးတက်ကောင်းမွန်လာပြီလို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - ပိုင်စိုးသူ
Friday, May 19, 2017