ယာဉ်လိုင်း ၂၀ ရှိတဲ့ ကုမ္ပဏီက ယာဉ်စီးရေ ၃၀၀ ကျော်နဲ့ သင်္ကြန်မှာ ပြေးဆွဲမယ်

Wed, 2017-04-12 18:47 -- zaythu
YBS ယာဉ်လိုင်းပေါင်း (၂၀) ရှိတဲ့ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ (YUPT) က သင်္ကြန်ကာလ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့ ယာဉ်အစီးရေ (၃၀၀) ကျော်နဲ့ ပြေးဆွဲပေးသွားမယ်လို့ သတင်းရရှိပါတယ်။ မနက် (၆) နာရီကနေ ညနေ (၆) နာရီ အထိပြေးဆွဲပေးမှာဖြစ်ပြီး ယာဉ်စီးခအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က သတ်မှတ်ပေးထားတဲ့နှုန်းထားအတိုင်း ကောက်ခံ ပြေးဆွဲပေးမှာဖြစ်တယ်လို့ YUPT ကုမ္ပဏီရဲ့ တာဝန်ရှိသူ ဦးမောင်မောင်လွင်ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အနေနဲ့ YBS စနစ်မှာ ပါဝင်ပြေးဆွဲနေတဲ့ ကုမ္ပဏီတွေကို သင်္ကြန်ကာလအတွင်း ပုံမှန်ပြေးဆွဲနေတဲ့ ယာဉ်အစီးရေရဲ့ (၂၀) ရာခိုင်နှုန်းပမာဏနဲ့ ပြေးဆွဲပေးဖို့ ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
 
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Wednesday, April 12, 2017