စတော့ဈေးကွက်လည်း အရောင်းအဝယ်အကျနဲ့ သင်္ကြန်မှာနား

Wed, 2017-04-12 18:45 -- zaythu
ရန်ကုန်စတော့အိတ်ချိန်းရဲ့ ရှယ်ယာအရောင်းအ၀ယ်ဈေးကွက်ကိုတော့ သင်္ကြန်ကာလအတွင်းခေတ္တပိတ်ထားမှာဖြစ်ပြီး လာမယ့်ဧပြီ ၁၈ မှသာပြန်လည်ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။ ရန်ကုန်စတော့ဈေးကွက်မှာတော့ ဈေးနှုန်းအနည်းငယ်ပြန်လည်တက်လာပေမယ့် ရှယ်ယာ အရောင်းအ၀ယ်တွေ လျော့ကျနေသေးတာဖြစ်ပါတယ်။ ရှယ်ယာ အရောင်းအ၀ယ်အနေနဲ့ကတော့ ဧပြီလဆန်းကထက် သုံးပုံတစ်ပုံလောက်လျော့ကျမှုရှိလာခဲ့တာပါ။ သင်္ကြန်ကာလနီးကပ်လာတာနဲ့အမျှ ရှယ်ယာရောင်းဝယ်သူတွေရဲ့ စိတ်ဝင်စားမှုနည်းပါးလာမှုကြောင့် ခုလိုအရောင်းအ၀ယ်တွေနည်းပါးနေတာဖြစ်တယ်လို့ ရှယ်ယာအရောင်းအ၀ယ်ပြုလုပ်နေသူအချို့က သုံးသပ်ထားပါတယ်။
 
ရုပ်သံသတင်းထောက် - သန်းဌေးအောင်
 
 
Wednesday, April 12, 2017

Top News