ဗိုလ်ချုပ်ဈေးသင်္ကြန် စည်သေးရဲ့လား

Wed, 2017-04-12 18:42 -- zaythu
ဗိုလ်ချုပ်ဈေးသင်္ကြန်ဆိုတာ နှစ်တိုင်း သင်္ကြန်မကျခင် တစ်ရက်အလိုမှာ ကျင်းပလေ့ရှိပြီး စတိုင်အလန်းတွေနဲ့ ဖက်ရှင်တွေကိုပါ တစုတစည်းတည်း မြင်ခွင့်ရတဲ့ နေရာတစ်ခုပါ။ ဒီနှစ်ဗိုလ်ချုပ်ဈေးသင်္ကြန်ကတော့ ယခင်နှစ်တွေကလို စည်ကားခြင်းမရှိတော့ဘဲ ကလေးငယ်အချို့နဲ့ လူကြီးအချို့သာ ရေပက်ကစားကြတာ တွေ့ရပါတယ်။ ဒီကနေ့ ဧပြီလ ၁၂ရက်နေ့ မနက်ပိုင်းမှာ ဈေးကို လာရောက်လည်ပတ်သူတွေ နဲ့ နိုင်ငံခြားသားအချို့ကို ရေပက်ကစားနေကြတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဈေး သင်္ကြန်သာမကဘဲ ရန်ကုန်မြို့တစ်ခုလုံးမှာလည်း မနက်ဖြန်မှာ ကျရောက်မယ့် မဟာသင်္ကြန်ပွဲတော်အတွက် ပြင်ဆင်မှု အနည်းငယ်သာ တွေ့နေရသလို ရန်ကုန်မြို့တွင်းမှာ မဏ္ဍပ်ကြီး၁၆ခု၊ မဏ္ဍပ်အလတ် ၁၅ခုနဲ့ မဏ္ဍပ်အသေး ၅၇ခု ပဲ ရှိနေတာ ဖြစ်ပါတယ်။
 
ရုပ်သံသတင်းထောက်-မြတ်သီဟမောင်
 
Wednesday, April 12, 2017

Top News