မြို့ပြဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် တောင်ကြီးမှာ သရုပ်ပြ

Mon, 2017-03-20 19:04 -- zaythu
မြို့ပြဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး နည်းစနစ်တွေကို တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ မတ်လ၂၀ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနက လက်တွေ့သရုပ်ပြခဲ့ပါတယ်။ မြို့ပြဘေးအန္တရာယ်တွေနဲ့ပတ်သတ်ပြီး လက်တွေ့ရှင်းလင်းပြသပေးခဲ့ပြီးတော့ ဇာတ်တိုက်လေ့ကျင့်မှုတွေကိုလည်း မီးသတ်တပ်ဖွဲ့က စွမ်းရည်ပြသခဲ့ပါတယ်။ လက်တွေ့သရုပ်ပြပွဲကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေနဲ့ စိတ်ပါဝင်စားသူတွေ လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
 
ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း
Monday, March 20, 2017

Top News