အညာမြေက ထန်းဇလုပ်အပန်းဖြေ စခန်းဆီ

Fri, 2017-02-17 18:18 -- zaythu

ဒီတစ်ပတ် 7Day TV ပရိသတ်တွေကို အပြောင်းအလဲ ဖြစ်သွားအောင် အညာမြေ မုံရွာမြို့က အပန်းဖြေစရာနေရာလေး တစ်ခုကို ညွှန်းပေးချင်ပါတယ်။ ပွင့်လင်းရာသီမို့ ခုလိုအချိန်အခါမှာ အညာဘုရားဖူး ခရီးစဉ်တွေ အသွားအလာများကြပါတယ်။ အညာမြေပူပူမှာ မျက်စိအေးစရာ ထန်းဇလုပ်ချောင်းနဲ့ အပန်းဖြေစခန်းလေးပါ။ ထန်းဇလုပ် အပန်းဖြေစခန်းကို သွားမယ်ဆိုရင် မုံရွာကနေ မုံရွာ- အရာတော်- ရွှေဘိုလမ်းအတိုင်း ကျောက္ကာမြောက်ရွာကို သွားရမှာပါ။ ကျောက္ကာရွှေဂူနီ ဘုရားကြီးကို ဖူးပြီးတာနဲ့ ဒေသထွက် ယွန်းထည်ပစ္စည်းတွေ ၀ယ်ယူပြီး ထန်းဇလုပ် အပန်းဖြေစခန်းမှာ အနားယူလို့ရပါတယ်။ မကြာခင်မှာတော့ ထန်းဇလုပ်အပန်းဖြေစခန်းကို ပုဂ္ဂလိကကိုပေးပြီး အဆင့်မြှင့်ဖို့ စီစဉ်နေပါတယ်။ မုံရွာကို အညာဘုရားဖူးရောက်ခဲ့မယ် ဆိုရင်တော့ ၀င်လည်သင့်တဲ့နေရာ တစ်ခုအဖြစ် ထန်းဇလုပ် အပန်းဖြေစခန်းလေးကို ညွှ့န်းဆိုပေးလိုက်ရပါတယ်။

ရုပ်သံသတင်းထောက် - မျိုးမင်းဦး၊ ညီညီဇော်

Friday, February 17, 2017