ဦးကိုနီ၊ ကိုနေဝင်းနဲ့ တာဝန်သိ အငှားယာဉ်မောင်းတွေကို ဂုဏ်ပြုထောက်ပံ့မှု

Fri, 2017-02-17 16:32 -- zaythu

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ စွန့်လွှတ်ဝံ့သူ ကိုးနေဝင်းနဲ့ တာဝန်သိ အငှား ယာဉ်မောင်းတွေ အတွက် သိန်း ၁၂ဝဝ ကျော်ကို အလှူရှင်တွေက ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပေးအပ်ခဲ့ပါတယ်။ ဦးကိုနီမိသားစု အတွက် သိန်းနှစ်ရာ၊ ဦးနေဝင်းမိသားစု အတွက် သိန်းကိုးရာကျော်နဲ့ တက်စီသမား ဦးကျော်ဦးအတွက် သိန်းနှစ်ဆယ်၊ တာဝန်သိ အငှား ယာဉ်မောင်းတွေအတွက် သိန်းကိုးဆယ်ကို အလှူရှင်တွေက ပေးခဲ့ကြတာပါ။ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ သိန်းတစ်ထောင်ပေးပြီး စေခိုင်းသူဟာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Friday, February 17, 2017