ပရိသတ်တွေရဲ့ ခွန်အားတွေရခဲ့တယ်ဆိုတဲ့ နီနီခင်ဇော်

Wed, 2017-01-11 17:28 -- zaythu

ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲမှာ ပရိသတ်သီချင်း အတောင်းခံရဆုံးတေးသံရှင်ဆု ရရှိထားတဲ့ နီနီခင်ဇော်က စီးတီးအက်ဖ်အမ်ရေဒီယိုရဲ့ နှစ်ပတ်လည် ပွဲမှာလည်း ယခုနှစ် အတွင်း ရေပန်းအစားဆုံး ပရိသတ်တောင်းဆိုမှု အများဆုံး အမျိုးသမီး တေးသံရှင်ဆုထပ်ပြီး ရခဲ့ပါတယ်။ အခုလို ဆုတွေရရှိတာက ၂၀၁၇ မှာ အလုပ်လုပ်ဖို့ ခွန်အားတွေရသလို ပရိသတ်တွေက သူ့ကို မမြင်နိုင်တဲ့ ခွန်အားတွေပေးတယ်လို့ နီနီခင်ဇော်က ပြောပြထားပါတယ်။

ရုပ်သံတင်းထောက် - ဇွဲဥာဏ်

Wednesday, January 11, 2017