ရွှေဈေးတစ်ပတ်အတွင်း ကျပ်နှစ်သောင်းလောက်တက်လာ

Wed, 2017-01-11 15:10 -- zaythu

ပြည်တွင်းရွှေဈေးကွက်မှာ ဈေးအနည်းငယ် တက်လာပြီးနောက် လက်လီဆိုင်တွေမှာ အ၀ယ်ပြန်လိုက်လာတယ်လို့် သတင်းရရှိပါတယ်။ အမေရိကန်ဒေါ်လာလဲနှုန်း အနည်းငယ် ကျလာပေမယ့် ကမ္ဘာ့ရွှေဈေးပြန်တက်လာတာကြောင့် အခုလိုရွှေဈေး တည်ငြိမ်နေတာဖြစ်တယ်လို့ အောင်သမာဓိရွှေဆိုင်ရဲ့ အထွေထွေမန်နေဂျာ ဦးမော်ကပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ ၂၀၁၆ အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၉၀၀,၀၀၀ ကျော်နဲ့ အမြင့်ဆုံးဈေး စံချိန်တင်ခဲ့တာပါ။ ဒါပေမယ့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ဈေးပြန်ဆင်းလာပြီး ၈၄၂,၀၀၀ ကျပ် ဈေး ရှိခဲ့တာပဲဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - သန်းဌေးအောင်၊ ထွန်းထွန်းမင်း

Wednesday, January 11, 2017