လူမျိုးရေး အမြင်ကွဲမှုတွေက အမေရိကန်ကို သွေးကွဲစေနိုင်တယ်လို့ အိုဘားမား သတိပေး

Wed, 2017-01-11 13:40 -- zaythu

အမေရိကန်မှာ လူမျိုးစွဲ အမြင်ကွဲပြားမှုတွေဟာ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေဆဲလို့ သမ္မတ ဘာရတ် အိုဘားမားက သတိပေး ပြောကြားခဲ့ပါတယ်။ ချီကာဂိုမှာ သမ္မတ သက်တမ်း နောက်ဆုံးအကြိမ်အဖြစ် ပြည်သူတွေကို တိုက်ရိုက် မိန့်ခွန်းပြောရာမှာ အိုဘားမားက ဒီမိုကရေစီ စနစ် ခိုင်မြဲစေဖို့အတွက် ပြည်သူအားလုံး လက်တွဲညီညီ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကြွေးကြော်မှုနဲ့အတူ ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့ဖူးတဲ့ သမ္မတက “ကဏ္ဍတိုင်းမှာ အမေရိကန်ဟာ ပိုတိုးတက်၊ ပိုအားကောင်းတဲ့ နေရာတစ်ခုကို ရောက်လာခဲ့တယ်။ ပြောင်းလဲပစ်နိုင်တယ် ဆိုတာကို အားလုံး ယုံကြည်စေချင်တယ်။ ဒါဟာ အပြောင်းအလဲကို ဆောင်ယူနိုင်တဲ့ ကျွန်တော့် အရည်အသွေးကြောင့် မဟုတ်ဘူး။ ခင်ဗျားတို့ ပြည်သူတွေရဲ့ အစွမ်းအဆသာ ဖြစ်တယ် ဆိုတာကို အမြဲယုံကြည်ပါ”လို့ တိုက်တွန်းခဲ့တယ်။ ပုံမှန်အားဖြင့် သမ္မတရဲ့ နှုတ်ဆက် မိန့်ခွန်းကို အိမ်ဖြူတော်မှာ ပြောကြားလေ့ ရှိပေမယ့် အိုဘားမားက သူ့ရဲ့ အကြီးမားဆုံး နိုင်ငံရေး ရည်မှန်းချက်တွေ အစပြုခဲ့ရာ ဘူမိနက်သန်ဖြစ်တာကြောင့် ချီကာဂိုကို ရွေးချယ်ခဲ့တာလို့လည်း သိရှိရပါတယ်။

Wednesday, January 11, 2017