ဘောစိကားက အကယ်ဒမီမမှန်းရဲဘူးဆိုတဲ့ တက္ကသိုလ်ဂွမ်းပုံ

Wed, 2017-01-11 13:25 -- zaythu

ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ရက်တိုးမြှင့်ပြသခဲ့ရတဲ့ ဘောစိ ရုပ်ရှင်ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံက ဒီဇာတ်ကားမှာ အကယ်ဒမီ မမှန်းရဲပါဘူးလို့ ဖွင့်ဟလာပါတယ်။ ဂွမ်းပုံအနေနဲ့ ဒီဇာတ်ကားမှာ လုပ်ကွက်တွေရရှိခဲ့ပြီး အမှတ်တရတွေ အများကြီးဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ အနုပညာလောကထဲမှာ နှစ်ပေါင်းသုံးဆယ်ကြာရပ်တည်လာနိုင်တာဟာ ပရိသတ်ရဲ့အားပေးမှုကြောင့်ဖြစ်သလို အရေးပါတဲ့ ဇာတ်ပို့တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို ဆက်လုပ်သွားချင်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ဒါရိုက်တာ မောင်မောင်မြင့်လွင်ရဲ့ ယောင်္ကျားဆိုလာထား ဟာသရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အကယ်ဒမီခန့်စည်သူ၊ ရာဇာနေဝင်း၊ ကျော်ကျော်ဗိုလ် ၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့နဲ့အတူ ရိုက်ကူးနေတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက်- အေးမြတ်

Wednesday, January 11, 2017