ပုသိမ်အကျဉ်ထောင်တွင် ဆူပူအကြမ်းဖက်သူတွေကို ရုံးထုတ်

Wed, 2017-01-11 11:42 -- zaythu

ပုသိမ်အကျဉ်းထောင်အတွင်း ဆူပူအကြမ်းဖက်သူ လေးဦးကို ပုသိမ်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးခဲ့ပါ။ ဇန်နဝါရီ ၁၀ ရက်က ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး တရားလိုပြ သက်သေတွေကို လေးနာရီကြာ စစ်ဆေးခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၆ နိုဝင်ဘာလ အတွင်းက အကျဉ်းသားတစ်ဦးနေမကောင်းတာကို အကြောင်းပြပြီး ထောင်အတွင်းက တံခါးတွေနဲ့ ခုံတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပါတယ်။ ထောင်ဝန်ထမ်းတွေကိုလည်း ထိခိုက် အနာတရဖြစ်အောင် လုပ်ခဲ့ပြီး ထောင်သော့တွေကို လုယူတဲ့အထိ ဆူပူမှုတွေ ဖြစ်ခဲ့တာပါ။ ဒါကြောင့် ထောင်အာဏာပိုင်တွေက ပုသိမ်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာတော့ တတိယကြိမ်မြောက် ရုံးထုတ်မှာဖြစ်ပါတယ်။

ရုပ်သံတင်းထောက်- သက်ဆွေ

Wednesday, January 11, 2017