၂၀၁၆ မှာ ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသား ခြောက်သိန်းကျော် လာရောက်ဖူးမြော်

Tue, 2017-01-10 13:31 -- zaythu

ရွှေတိဂုံစေတီတော်ကို ၂၀၁၆ခုနှစ်အတွင်း လာရောက်ဖူးမျှော်တဲ့ နိုင်ငံခြားသားဦးရေ ခြောက်သိန်းကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၇နှစ်အတွင်း အများဆုံးလာရောက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ လာရောက်ဖူးမျှော်တဲ့ နိုင်ငံခြားသားတွေထဲမှာတော့ ထိုင်းနိုင်ငံသားတွေ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး အနေနဲ့ ဂျပန်နိုင်ငံသားတွေလို့ သိရပါတယ်။ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်ကို အခါကြီးရက်ကြီးနဲ့ ပွဲတော်ရက်တွေမှာ လာရောက်ဖူးမျှော်တဲ့ ဘုရာဖူး အရေအတွက်ဟာ တစ်သိန်းကျော်ခန့် လာရောက်ဖူးမျှော်မှုတွေ ရှိတယ်လို့ ဂေါပကအဖွဲ့မှ သတင်းတွေအရ သိရပါတယ်။

ရုပ်သံသတင်းထောက် - သန်းဌေးအောင်၊ဖိုးတုတ်

Tuesday, January 10, 2017