တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရော်နယ်လ်ဒို ဆွတ်ခူး

Tue, 2017-01-10 13:24 -- zaythu

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို အများမျှော်လင့်ထားသည့်အတိုင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကပင် ဆွတ်ခူးရရှိသွားခဲ့သည်။ အသက် ၃၁ နှစ်ရှိ ပေါ်တူဂီ တိုက်စစ်သမားသည် ပြီးခဲ့သည့် ရာသီက ရီးယဲလ်မက်ဒရစ်နှင့်အတူ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့သလို လက်ရွေးစင် အသင်းကို ဦးဆောင်ပြီး ဥရောပ တံခွန်စိုက် ချန်ပီယံဆုကိုလည်း သိမ်းပိုက်ခဲ့သည်။ ပြီးခဲ့သည့် နှစ်များက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဥရောပ အကောင်းဆုံးဆု Ballon d’Orနှင့် ပူးတွဲ ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဆုနှစ်ခု ပြန်လည်ခွဲခြား ပေးအပ်ခဲ့သည်။ ရော်နယ်လ်ဒိုသည် ယခုနှစ်၏ Ballon d’Orကိုလည်း ရရှိထားပြီး ဖြစ်သည်။ရော်နယ်လ်ဒိုသည် ကစားသမားဘဝ သက်တမ်းတလျှောက်တွင် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိခြင်းလည်း ဖြစ်သည်။

Tuesday, January 10, 2017

Top News