ပျဉ်းမနားမှာပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနား

Thu, 2018-07-19 20:50 -- Nwe Mon Phyo

ဇူလိုင် - ၁၉ ၊၂၀၁၈

ဒီကနေ့မှာကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို နေပြည်တော် ပျဉ်းမနားမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာတော့ ကျောင်းသူကျောင်းသားတွေက ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုထားတဲ့ ကဗျာတွေ ရွတ် ဆိုတာ ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရဝပြု တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်တွေ ၊နိုင်ငံရေးပါတီတွေက ပါတီဝင်တွေလည်းတက်ရောက်ခဲ့ကြပါ သေးတယ်။

အဲဒီအခမ်းအနားကိုတော့ အမျိုးသမီးအဖွဲ့တွေ ၊ အနုပညာရှင်အဖွဲ့တွေ ၊ လူမှုရေးအသင်းအဖွဲ့တွေ ၊ ဒေသခံ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီကနေ့ ညနေပိုင်းမှာလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာရေးဆရာ ညီပုလေးနဲ့ ၊ ဆရာ ဂျိုဇော် က အာဇာနည်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲကိုလည်း ညနေပိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Thursday, July 19, 2018