အိမ်ဖော်အမျိုးသမီး ဒေါ်ကရင်မ အမှု မှာ တရားလိုကို စတင်စစ်ဆေး

Thu, 2018-07-12 15:31 -- Nwe Mon Phyo

ဇူလိုင် ၁၂၊ ၂၀၁၈

အိမ်အကူအမျိုးသမီး သေဆုံးသွားပြီးအိမ်ရှင်အမျိုးသမီး တရားရင်ဆိုင်နေရတဲ့အမှုမှာ တရားလို ရာအိမ်မှူး ကို စတင်စစ်ဆေးနေပါပြီ ။

အဲဒီရာအိမ်မှူး ကို အိမ်ဖော်အမျိုးသမီးဖြစ်သူက မသေဆုံးခင်မှာ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတာတွေကို ထုတ်ပြော ပြ ခဲ့တယ်လို့ဆိုပါတယ်။

ရုံးချိန်းမှာတော့ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားလို ပြုလုပ်ပြီး တိုင်ကြားခဲ့ပုံတွေကို နှစ်ဖက်ရှေ့နေတွေက မေးမြန်းခဲ့တာပါ ။

ဒီကိစ္စကို မခံနိုင်လို့ ရင်ထဲ မချိလို့ ကိုယ်တိုင်တရားလိုပြုလုပ်ပီးတိုင်ကြားတာဖြစ်ပါတယ်။ အမှုအတွက် အမှန်တရားအတိုင်းဖြစ်စေချင်တယ်။

အမှုမှာ စွပ်စွဲခံထားရတဲ့ အိမ်ရှင်အမျိုးသမီဖြစ်သူကိုတော့လူသတ်မှု ပုဒ်မ နဲ့တရားစွဲထားတာဖြစ်ပါတယ် ။

အမှုမှာတော့သက်သေ ၂၀ ကျော်ကို စစ်ဆေးမှာဖြစ်ပြီး နောက်တပတ်မှာတော့ တပတ် နှစ်ဦးနှုန်းနဲ့စစ်ဆေးသွားမယ်လို့သိရပါတယ် ။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Thursday, July 12, 2018