အင်္ဂလန်အသင်းနှင့် ခရိုအေးရှားအသင်း တို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်ပွဲကြို သုံးသပ်ချက် တိုက်ရိုက်တင်ဆက်မှု

Thu, 2018-07-12 14:49 -- Nwe Mon Phyo

ဇူလိုင် -၁၁၊၂၀၁၈

အင်္ဂလန်အသင်းနှင့် ခရိုအေးရှားအသင်း တို့ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်က ဒီည ၁၂ နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ ။ စိတ်လှုပ်ရှားဖွယ် ပြိုင်ပွဲစတင်ခင်မှာ ပွဲကြို သုံးသပ်ချက် ကို 7DAY TV က တိုက်ရိုက် ရိုက်ကူးတင်ဆက်ပေးနေတာပါ ။
ဒီလို ပွဲကြို သုံးသပ်ချက်ကို Live လွှင့်နေတဲ့ အချိန်မှာပဲ ထူးခြားတဲ့ အစီအစဉ်လေးတွေလည်း ရှိပါသေးတယ်။ ဒါကတော့ Wah Lah ခေါက်ဆွဲ လက်ဆောင်တွေနဲ့ ဖုန်းငွေဖြည့်ကဒ်လက်ဆောင်တွေကို ဒီအစီအစဉ်ကို ကြည့်ရင်း ရယူနိုင်မယ့် အစီအစဉ်လေးပါ။

ပွဲကြိုသုံးသပ်နေချိန်မှာပဲ မေးခွန်းလေးတွေမေးမှာပါ။ ဘောလုံးချစ်ပရိသတ်ကြီးက ဝင်ဖြေရင်း လက်ဆောင်တွေ ရမှာဖြစ်ပါတယ်။ မေးခွန်းတွေကို ဖြေဆိုရာမှာ အဖြေလည်းမှန်ပြီးအရင်ဆုံးဖြေနိုင်တဲ့သူတွေဟာ ကျပ်တစ်သောင်းဖုန်းဘီလ်နဲ့ Wa-Lah ခေါက်ဆွဲထုပ် လက်ဆောင်တွေရရှိမှာဖြစ်ပြီးတော့ ဒုတိယမြောက်မှန်မှန်ကန်ကန်ဖြေဆိုနိုင်သူကတော့ ဖုန်းဘီလ်ကျပ်တစ်သောင်း ရရှိမှာဖြစ်ပါတယ်။

အဖြေသိပြီဆိုတာနဲ့ အဖြေနဲ့ ဖုန်းနံပတ်ကို အမြန်ဆုံးရိုက်ထည့်ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို လက်မလွတ်သွားစေဖို့ ဒီ Page လေးကို See First လုပ်ထားဖို့လည်း လိုလိမ့်မယ်နော်။

Thursday, July 12, 2018