ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေအချိန်အကြာကြီးမစောင့်နိုင်တော့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ဆို

Thu, 2018-07-12 14:28 -- Nwe Mon Phyo

ဇူလိုင် - ၁၁ ၊၂၀၁၈

မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ပြည်သူတွေဟာ အချိန်အကြာကြီးမစောင့်နိုင်ကြတော့ ဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ( ၂၁ ) ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့တာပါ ။

အခုလို ညီလာခံဟာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ဇစ်မြစ် နိုင်ငံရေးပြသာနာတွေကို ဆွေးနွေးအဖြေရှာဖို့ ကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကြန့်ကြာနှောင့်နှေးနေတာတွေကြောင့် ပြည်သူတွေရဲ့အခွင့်အခမ်း တွေကို အလဟသ ဖြုန်းတီးရာ ရောက်သွားမှာကို စိုးရိမ်မိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသေးတယ် ။

ပြည်တွင်းငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင်ရဖို့အတွက် အစည်းအဝေးကို တက်ရောက်လာတဲ့ အစု အဖွဲ့အသီးသီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတဲ့နောက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြော ခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အချိန်မဆွဲပဲ ရဲရဲဝံ့ဝံ လုပ်ဆောင်ကြဖို့ လိုအပ်ပြီး လိုတာထက်ပိုပြီး အချိန်ကြာလာရင် ဘေးပယောဂတွေ ၊ ဝင်ရောက်စွတ်ဖက် မှု တွေ ၊ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောခဲ့ပါတယ် ။

၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကိုတော့ ဇွန်လ ၁၁ ရက် စပြီး ခြောက်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ် ။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Thursday, July 12, 2018