မယ်လိမ့်လုံအမှုမှာ တရားလိုပြသက်သေဆိုင်ဝန်ထမ်းဘာတွေထွက်ဆိုသွားလဲ

Thu, 2018-07-12 14:24 -- Nwe Mon Phyo

ဇူလိုင် - ၁၁ ၊၂၀၁၈

ဆိုင်ဝန်ထမ်းကို ဓမ္မတာနဲ့ဆန့်ကျင်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ မယ်လိမ့်လုံစားသောက်ဆိုင် ပိုင်ရှင် ဟာ တခြားဆိုင်ဝန်ထမ်းတစ်ဦးကိုလည်း အလားတူ အဓမ္မပြု ကျင့်ခဲ့တယ် လို့ တရားလိုပြသက်သေတစ်ဦးက ဒီနေ့တရားခွင့်မှ ထွက်ဆိုသွားပါတယ် ။

အဲဒီလို ထွက်ဆိုသွားတဲ့ သက်သေဟာ မယ်လိမ့်လုံ ဆိုင်က ဝန်ထမ်းအမျိုးသားဖြစ်တယ်လို့ တရားလို ရှေ့နေ ကပြောပါတယ် ။

ဒီထွက်ဆိုချက်နဲ့ပတ်သက်ပြီး မဟုတ်မမှန်လုပ်ကြံပြောဆိုသွားတယ်လို့ စွပ်စွဲခံထားရသူ ဆိုင်ရှင်ဘက်က ရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးအေးသက်က ဆိုပါတယ် ။

နောက်လာမယ့်ရုံးချိန်းကို ဇူလိုင် ၂၅ ရက်နေ့ကို ချိန်းဆိုထားပြီး၊ အဲဒီနေ့မှာ တရားလိုပြ သက်သေ ၂ ဦးကို စစ်ဆေးမယ်လို့လည်း သိရပါတယ်။

ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေဖြစ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးနဲ့ ဆိုင်ဝန်ထမ်းတစ်ဦးကို စစ်ဆေးခဲ့တာပါ။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Thursday, July 12, 2018