ဒေါ်အောင်ဆန်းစုကြည်အတွက် စားဖိုမှူးလုပ်ဖူးသူ ဖိုးလေး ဦးနှောက်သွေးခဲပြီးဆေးကုသမှုခံယူနေ

Sat, 2018-06-23 16:59 -- Nwe Mon Phyo

ဇွန် - ၂၃ ၊၂၀၁၈

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ် ကျနေတဲ့ ကာလတွေမှာ အဝယ်တော်နဲ့ အစားအသောက် နေ့ စဉ် ပို့ ရသူအဖြစ်တာဝန်ယူခဲ့သူ ဖိုးလေးဟာ ဦးနှောက်သွေးကြောပေါက်ပြီးသွေးခဲကာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဖိုးလေးကို မနေ့က ဇွန်လ ၂၂ ရက်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကုသပေးခဲ့တာလို့ ဒီချုပ်ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောပါတယ်။

အဓိကဦးနှောက်သွေးကြောမဟုတ်ပေမယ့် သွေးကြောလေးတွေပေါက်ပြီး သွေးခဲနေတာဖြစ်တယ်လို့လည်း ဦးရန်အောင်ဆီက သိရပါတယ်။

ဖိုးလေးအတွက် အကူအညီတွေလည်းလိုအပ်နေပြီး ဒီချုပ်ပါတီအနေနဲ့လည်း အကူအညီပေးဖို့ရှိတယ်လို့ ဦးရန်အောင်ကပြောပါတယ်။

၁၉၈၈၊၈၉ခုနှစ်ပိုင်းတွေမှာ ဖိုးလေးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လူငယ်အဖွဲ့မှာပါဝင်လှုပ်ရှားခဲ့ပြီး ထိန်းသိမ်းခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။

၁၉၉၀ခုနှစ်မှာပြန်လည်လွတ်မြောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ် ချုပ် ကျနေတဲ့ကာတွေမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဝယ်တော်နဲ့ အစားအသောက် နေ့စဉ်ပို့ရသူ အဖြစ် တာဝန်ယူခဲ့ရသလို စားဖိုမှူးပါ လုပ်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖိုးလေးဟာ အလုံမြို့နယ်မှာ ဦးလေးနဲ့အတူနေထိုင်နေတယ်လို့လည်းသိရပါတယ်။

ရုပ်သံသတင်းထောက် အိမ့်မြတ်နိုးဇော်

Saturday, June 23, 2018