တပတ်အတွင်း ထူးခြား မှုခင်းသတင်းများ

Sat, 2018-06-23 14:29 -- Nwe Mon Phyo

(အပတ်စဉ် စနေနေ့ ၁၂ နာရီ တိုင်း)

ဇွန်လ ၁၄ ရက်ကနေ ၂၁ ရက်အထိ

၁။ လှော်ကားဥယျာဉ်မှာ ရေမြင်းကိုက်ခံရပြီးလုံခြုံရေးဝန်ထမ်းသေဆုံး

ဒီတပတ်ထဲထူခြားမှုခင်းအနေနဲ့ လှော်ကားဥယျှာုဉ်မှာ ရေမြင်းကိုက်ခံရပြီး လူတစ်ဦး သေဆုံးသွားပါတယ်။

သေဆုံးသူဟာ လုံခြုံရေးဝန်ထမ်းဖြစ်ပြီး အသက် ၄၈ အရွယ်ရှိပါပြီ။

ဖြစ်စဉ်ကတော့ ဇွန်လ ၂၀ ရက် ည ပိုင်းက ဖြစ်ခဲ့တာပါ။

သေဆုံးသူဟာ တူဖြစ်သူနဲ့အတူ လှော်ကားဥယျာဉ်ထဲမှာ ရှိနေချိန်မှာ ရေမြင်းကန်အတွင်းကို ဆင်းကာ ရေမြင်းကို လိုက်လံစနောက် ရာကနေ အကိုက်ခံရပြီး သေဆုံးသွားတာလို့သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီးတော့ ထောက်ကြန့် နယ်မြေရဲစခန်းကတော့ သေမှု သေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်။

၂။ တို့ဆေးသုံးပြီး ရွှေထည်ပစ္စည်းတွေယူတယ်ဆိုတဲ့အမျိုးသမီး ကို ရဲတပ်ဖွဲ့ဖမ်းမိ

ရွှေဆိုင်နဲ့အပေါင်ဆိုင်တွေမှာ ရွှေထည်ပစ္စည်းတွေကို တို့ဆေးအသုံးပြု ပြီး လိမ်လည်ယူဆောင်တယ်ဆိုတဲ့ အမျိုးသမီး ကို ရဲတပ်ဖွဲ့က ဖမ်းမိသွားပါပြီ။

အဲဒီအမျိုးသမီး ရွှေထည်တွေကို လိမ်လည်နေတယ်ဆိုတဲ့ ရုပ်သံဖိုင် ဖေ့ဘွတ်ခ် မှာ တက်လာပြိး ငါးရက် အကြာ မှာ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာလို့သိရပါတယ်။

ဖမ်းမိသွားတဲ့ အမျိုးသမီးဟာ ဇွန်လအတွင်းက မြောက်ဥက္ကလာပ မြို့နယ် ထဲက ရွှေဆိုင်တစ်ဆိုင်မှာ ကျပ် ၁၃ သိန်းကျော် ရွှေဆွဲကြိုး ကို ဘောက်ဂျာဖြတ် ပြီး ငွေရှင်းမယ် လုပ်တဲ့အချိန်မှာ ရွှေဆိုင်အနီးမှာ ရှိတဲ့ သူရဲ့ ဆိုင်မှာ ငွေလိုက်ယူဖို့ ပြောခဲ့ပါတယ်။

ရွှေဆိုင်က အရောင်းဝန်ထမ်းတစ်ဦး ငွေလိုက်ယူရာမှာ အမျိုးသမီးက မျက်ခြေဖြတ်ပြီး ရွှေဆွဲကြိုးကို ယူသွား တာကြောင့်ရွှေဆိုင်က လိမ်လည်မှုနဲ့မြောက်ဥက္ကလာ ရဲစခန်းမှာ အမှုဖွင့်ထားတာပါ။

အဲဒီအမျိုးသမီးဟာသင်္ဃန်းကျွန်း နဲ့ ရန်ကင်းမြို့နယ် တွေမှာရှိတဲ့ အပေါင်ဆိုင်နဲ့ရွှေဆိုင်တွေမှာ ရွှေထည်ပစ္စည်း တွေ လိမ်ယူခဲ့တယ်ဆိုပြီး အမှုဖွင့်ထားတာတွေရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလို လိမ်လည်မှုတွေမှာတော့အမျိုးသမီးဟာ တို့ဆေးအသုံးပြုပြီး ယူဆောင်တယ်ဆိုပြီး လူမှုကွန်ရက်မှာ ရေးသားနေမှုတွေအပေါ်ကိုတော့ ရဲတပ်ဖွဲ့က ငြင်းဆိုထားပါတယ်။

ရွှေထည်ပစ္စည်းတွေ လိမ်ယူနေတယ်ဆိုတဲ့ သံသယူရှိသူအမျိုးသမီးကိုတော့ ပဲခူးမှာ ဖမ်းမိခဲ့တယ်လို့ ရဲ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၃။ မူးယစ်သံသယရှိသူက ခုခံတာကြောင့် သေနတ်နဲ့ချိန်ပြီး ဖမ်းဆီး

ရန်ကုန်မြို့ ရွှေဂုံတိုင်မီးပွိုင့်မှာ မူးယစ်ဆေး သတင်းအရ အဌားယာဉ်တစ်စီးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးခဲ့ရတဲ့ ဖြစ်စဉ် ဒီတပတ်ထဲ ဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၁၈ ရက် ညနေပိုင်းက ရွှေဂုံတိုင်မီးပွိုင်နားမှာ မူးယစ်ဆေးဝါးသတင်းရရှိချက်အရ အဌားယာဉ်တစ်စီး ကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှာ ကားပေါ်မှာ ပါလာတဲ့ခရီးသည်က ပါးစပ်ထဲကို မူးယစ်ဆေးဝါးတွေ မျိုး ချပြီး သက်သေ ဖျောက်ခဲ့တယ်လို့ ဗဟန်းမြို့မ ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒါအပြင် ခရီးသည်က ပါလာတဲ့ ဓားမြှောင်နဲ့ ခုခံတဲ့ပုံစံ လုပ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ချိန်ပြီး ဖမ်း ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ဖမ်းဆီးတဲ့အချိန်မှာ ကားတွေ အရမ်း ပိတ်နေတဲ့အချိန်လည်းဖြစ်တဲ့အပြင် ရဲတပ်ဖွဲ့က ဖမ်းဆီးနေတဲ့ ပုံဟာ လည်း လူမှုကွန်ရက်ပေါ်တက်လာပါသေးတယ်။

ဖြစ်စဉ်မှာတော့ရဲတပ်ဖွဲ့ ဥပဒေနဲ့အညီ ဖမ်းဆီးတာကို ခုခံဟန့်တာတဲ့ ပုဒ်မအပြင် မူးယစ် ပုဒ်မ နဲ့လည်းတရားစွဲ ထားတယ်လို့ သိရပါတယ်။

Saturday, June 23, 2018