ပုလဲကနေ ယူရို ၂ ဒသမ ၅ သန်းကျော်ဖိုး ကျောက်မျက်ပြပွဲမှာ ရောင်းချရ

Fri, 2018-06-22 20:19 -- Nwe Mon Phyo

ဇွန် - ၂၂ ၊၂၀၁၈

နေပြည်တော်မှာ ပြသနေတဲ့မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲမှာ ထည့်သွင်းရောင်းချ ခဲ့တဲ့ ပုလဲ က နေ ယူရို ၂ ဒသမ ၅ သန်းကျော် ဖိုးရောင်းချ ခဲ့ရတယ်လို့ ပုလဲ ရောင်းဝ်ာရေးဌာနက ဌာနမှူး ဒေါ်မြင့်မြင့်ဝင်းဆီက သိရပါတယ်။

ပုလဲတွဲ ရောင်းချ တာကို ဇွန်လ ၂၀ ရက်မှာစတင်ခဲ့တာဖြစ်ပြီး ဇွန်လ ၂၁ ရက် ညနေခင်းမှာတော့ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချခဲ့တာပါ။

ပြပွဲမှာတော့ ပုလဲအတွဲပေါင်း ၃၆၀ တွဲ ထဲကနေ ၃၄၁ တွဲကို ရောင်းချခဲ့ရပြီး ဝန်ကြီးဌာနပိုင် ပုလဲ အားလုံး ရောင်းချခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းချခဲတဲ့ ပုလဲအတွဲ ၃၄၁ တွဲမှာ ပုလဲလုံး ကိုးသောင်းခွဲကျော် ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၅၅ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲ၊ ကျောက်မျက်၊ ကျောက်စိမ်းအချောထည်နဲ့ ကျောက်မျက်အရိုင်းထည်များပါဝင်ပြီး ဇွန်လ ၂၀ မှ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Friday, June 22, 2018