ရန်ကုန်လေဆိပ်ကနေ ဆူးလေအထိ ငါးရာကျပ်နဲ့ယာဉ်လိုင်းအသစ် စတင်ပြေးဆွဲ

Fri, 2018-06-22 20:13 -- Nwe Mon Phyo

ဇွန် - ၂၂ ၊၂၀၁၈

ရန်ကုန်လေဆိပ်ကနေ ဆူးလေကို ခရီးသည်တစ်ဦး ငါးရာကျပ်နဲ့ ပြေးဆွဲ တဲ့YBS ယာဉ်လိုင်း အသစ်ကို ဒီကနေ့မှာစတင်ပြေးဆွဲလိုက်ပါပြီ ။


Airport Shuttle လို့အမည်ပေးထားတဲ့ အဲဒီယာဉ်လိုင်းသစ်မှာ အစီးရေ ၃၀ နဲ့ စတင်ပြေးဆွဲနေတာပါ ။
လေဆိပ်ကနေ ဆူးလေအထိ ခရီးစဉ်လမ်းကြောင်းတလျောက်မှာရှိတဲ့မှတ်တိုင်တွေအနက် မှတ်တိုင် ( ၁၁ ) ခုမှာ သာ ရပ်နားပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဖြတ်သန်းသွားမယ့် လမ်းတွေကတော့ လေဆိပ်အဝင်လမ်း ၊ ပြည်လမ်း ၊ ကမ္ဘာ့အေးဘုရားလမ်း ၊ ရွှေဂုံတိုင်လမ်း ၊ အလံပြဘုရားလမ်း ၊ ဆူးလေ ဘုရားလမ်းတို့ပဲဖြစ်ပါတယ်။

ဒီကနေ့ စတင်ပြေးဆွဲတဲ့နေ့မှာတော့ အခမဲ့ ပြေးဆွဲပေးတာပါ။

ယာဉ်လိုင်းကတော့ Omini Focus ကုမ္ပဏီက ဖြစ်ပြီး နေ့စဉ် နံနက် ငါးနာရီကနေ ည ကိုးနာရီခွဲ နောက်ဆုံး ထားပြေးဆွဲပေးမယ်လို့သိရပါတယ်။

Airport Shuttleယာဉ်လိုင်းမှာ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို လည်းတင်ဆောင်ခွင့်ပြုမယ်လို့ သိရပါတယ်။

Airport Shuttle ယာဉ်လိုင်းကို ယာဉ်စီရေ သုံးဆယ် ၊ ဝန်ထမ်းခြောက်ဆယ်ကျော်နဲ့ ပြေးဆွဲ နေတာ ဖြစ်ပြီး အစီးရေ နှစ်ဆယ် ထပ်တိုးဖို့ရှိနေတယ်လို့ သိရပါတယ်။

Friday, June 22, 2018