ပုဂ္ဂလိက ကျောင်းဥပဒေကြမ်းအပေါ် NNER ဘာပြောလိုက်လဲ

Fri, 2018-06-22 20:11 -- Nwe Mon Phyo

ဇွန် - ၂၂ ၊၂၀၁၈

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER)က ပုဂ္ဂလိကကျောင်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ဒီကနေ့မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။

ပုဂ္ဂလိကပညာရေးဆိုင်ရာဆွေးနွေးပွဲကို ဒီကနေ့ဇွန်လ(၂၂)ရက်က ရန်ကုန်မျက်မမြင်ကျောင်းမှာ ပြုလုပ်ခဲ့တာပါ။

NNERအနေနဲ့ ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ပုဂ္ဂလိကကျောင်းဥပဒေကြမ်းအပေါ် ပညာရေးအခွင့်အရေး၊ပညာရေးရည်မှန်းချက်၊ဒီမိုကရေစီစံနှုန်း၊ပညာရေးလွတ်လပ်ခွင့်ပညာရေးအရည်အသွေး၊ဘဏ္ဍာရေးနဲ့ ပြစ်မှုပြစ်ဒဏ်စတဲ့ အချက်(၇)ချက်နဲ့ ဆန်းစစ်ဝေဖန်သုံးသပ်ထားတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ပုဂ္ဂလိကကျောင်းဥပဒေကြမ်းနဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပြီး မနက်ဖြန်မှာတော့ တက္ကသိုလ်(၆)ခုရဲ့ ပဋိဥာင်တွေအပေါ် လေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

NNERက နိုင်ငံလုံးဆိုင်ရာအစည်းအဝေးနဲ့ ပညာရေးဆွေးနွေးပွဲတွေကို ဇွန်လ(၂၂)ကနေ(၂၃)ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ဆွေးနွေးပွဲတွေက ရရှိလာတဲ့ ရလဒ်တွေကို လွှတ်တော်ပညာရေးကော်မတီနဲ့ အစိုးရကို တင်ပြသွားဖို့ရှိတယ်လို့ NNER ဥက္ကဌဒေါက်တာသိန်းလွင်က ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကျောင်းဥပဒေကြမ်းကို ၂၀၁၇ခုနှစ် သြဂုတ်လမှာထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Friday, June 22, 2018