နေပြည်တော်မှာ စွန့်ပစ်ခံကလေးစောင့်ရှောက်ရေးဂေဟာအသစ်ဖွင့်မယ်

Sun, 2018-03-18 17:33 -- zaythu

စွန့်ပစ်ခံကလေးတွေကို ပြုစုစောင့်ရှောက်ပေးမယ့် ကလေးပြုစုစောင့်ရှောက်ရေး ဂေဟာအသစ်တစ်ခုကို နေပြည်တော်မှာ ဖွင့်လှစ်ဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။ 

့ဂေဟာတည်ဆောက်ဖို့အတွက် နေပြည်တော်ကောင်စီက မြေနေရာပေးတာဖြစ်ပြီး ဝိသာခါဖောင်ဒေးရှင်းရဲ့ မတည်ငွေနဲ့ ဖွင့်လှစ်မှာလို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

လက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်မှာ ကလေးပြုစုစောင့်ရှောက်ရေးဂေဟာ ခုနှစ်ခုရှိပြီး ရန်ကုန်နဲ့မန္တလေးတို့က ဂေဟာတွေကိုလည်း အဆင့်မြှင့်တင်သွားဖို့ရှိတယ်လို့လည်း ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။

နေပြည်တော်၊ရန်ကုန်နဲ့ မန္တလေးက ဂေဟာတွေကို ဘယ်နေရာကပဲ ဖြစ်ဖြစ် ရာက်လာတဲ့  ခြောက်လအောက်  စွန့်ပစ်ခံကလေး တွေကို   စနစ်တကျပြုစုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဒေါက်တာစန်းစန်းအေးက ပြောပါတယ်။ 

နေပြည်တော်မှာဖွင့်လှစ်မယ့်ဂေဟာသစ်ကို အခုနှစ်ထဲမှာ အပြီးတည်ဆောက်သွားမှာလို့လည်း သိရပါတယ်။

ရင်ခွင်မဲ့ကလေးတွေလျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ဖို့အတွက်  နှစ်ရက်တာ အသိပညာပေးလှုပ်ရှားမှုပွဲကို မတ်လ၁၇နဲ့၁၈ရက်တွေမှာ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပနေတာပါ။

အဲဒီ့ပွဲမှာ အမျိုးသမီးနဲ့ကလေးသူငယ်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးက ပညာပေးပြခန်းတွေပြသတာအပြင် ရန်ပုံငွေဂီတဖျော်ဖြေပွဲလည်းပါဝင်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Sunday, March 18, 2018

Top News