လူထုအကျိုးရှိမယ့် ရုပ်သံဇာတ်လမ်းအတိုတွေ ဖန်တီးမယ်ဆိုတဲ့ဇဏ်ခီ

Sun, 2018-03-18 14:37 -- zaythu

 ပြည်သူလူထု အသိပညာရတဲ့အပြင် အကျိုးရှိစေနိုင်မယ့် ရုပ်သံဇာတ်လမ်းအတိုလေးတွေကို ဖန်တီး ထုတ်လုပ်နိုင်ဖို့ စီစဉ်နေတယ်လို့ သရုပ်ဆောင်ဇဏ်ခီက ပြောလိုက်ပါတယ်။

အဲဒီဇာတ်လမ်းအတိုတွေထဲမှာ အမျိုးသမီးတွေအတွက် အကျိုးရှိစေမယ့် ရုပ်သံဇာတ်လမ်းတွေကို ဖန်တီးချင် တယ်လို့ ဆိုပါတယ်။

ဒီကနေ့ နေလယ်ပိုင်းက ပြုလုပ်တဲ့ လမ်းအသုံးပြုသူအမျိုးတွေ လုံခြုံဖို့ ၊ ယာဉ်မောင်းတွေအချင်းချင်း ကူညီ ကြဖို့ အတွက် ရန်ကုန်မှာပြုလုပ်တဲ့ပွဲကို တက်ရောက်ခဲ့တဲ့ ဇဏ်ခီက အဲဒီလိုပြောခဲ့တာပါ။

သရုပ်ဆောင် ဇဏ်ခီဟာ ဥပ္ပါယ်တံမျဉ် ၊ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ပရိတ်သတ်ရဲ့ အားပေးမှု ကို ရရှိထားသူဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Sunday, March 18, 2018

Top News