အာဆီယံ -ၾသစေၾတးလ် ထိပ်သီးအစည်းအဝေးရောက်ဒေါ်အောင်ဆန်းစုကြည်

Sun, 2018-03-18 14:35 -- zaythu

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ကျင်းပမယ့် အာဆီယံ - သြစတြေးလျ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ နိုင်ငံခေါင်းဆောင် တွေကို သြစတြေးလျဝန်ကြီးချုပ် က ကြိုဆိုလိုက်ပါတယ်။
အာဆီယံ - သြစတြေးလျ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဝီ တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာတော့ သြစတြေးနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့အကြောင်းကို ဆွေးနွေးဖို့ရှိနေပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အစည်းအဝေးတက်ရောက်ဖို့မနေ့က ညနေပိုင်းက ရန်ကုန်မြို့ကနေ ဆစ်ဒနီကို လေကြောင်းခရီးနဲ့ထွက်ခွာသွားတာပါ။

Sunday, March 18, 2018