ပထမဆုံးပွဲစဉ်မှာတင်ရုံပြည့်အားပေးမှုရခဲ့တဲ့ မုဒြာရဲ့ခေါ်သံ

Sun, 2018-03-18 14:29 -- zaythu

 ဥပ္ပါယ်တံမျဉ်ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းတွေရယူနိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ်(စ်)စတီးနားခီနဲ့ မင်းသား ဇာဏ်ခီတို့ရဲ့ ဒုတိယမြောက်ကားဖြစ်တဲ့ မုဒြာရဲခေါ်သံ ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ Junction Square ရှိ JCGV ရုပ်ရှင်ရုံတွေမှာ စတင်ပြသခဲ့ပါတယ်။

ပထမဆုံးပွဲစဉ်မှာတင် ပရိတ်သတ်များ ရုံပြည့် လာရောက်အားပေးခဲ့ပြီး နေ့လည် ၂ နာရီမှာတော့ ဒါရိုက်တာ ခရစ်(စ်)စတီးနားခီအပါအဝင် မင်းသား ဇာဏ်ခီနဲ့ မင်းသမီး လှယဉ်ကျေးတို့မှ ပရိသတ်များနဲ့ လာရောက်တွေ့ဆုံကာ လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။

Sunday, March 18, 2018