ပုဂံမြို့သူ ရိုက်ရင်း ရေနစ်ခဲ့တဲ့ ထူးအောင်

Wed, 2018-02-21 18:52 -- zaythu

ပုဂံမြို့သူဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ရေကူးရင်း သရုပ်ဆောင်ထူးအောင်တစ်ယောက် ရေနစ်ခဲ့ပါတယ်။ 

ဇာတ်လမ်းလိုအပ်ချက်အရ ရေကူးရပေမယ့် ရေမကူးတတ်တဲ့ ထူးအောင်အတွက် ပုဂံမြို့သူဇာတ်ကားဟာ အမှတ်တရတွေ ရှိခဲ့တယ်လို့ ပြောလာပါတယ်။ ပုဂံမြို့သူ ဇာတ်လမ်းတွဲဟာ ဒါရိုက်တာ အကယ်ဒမီကျော်သူ ရိုက်ကူးနေတဲ့ 
အချစ် ဇာတ်လမ်းမှာ  စိတ်ဝင်စားစရာ မြှုပ်ကွက်တွေပါဝင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ 

အကယ်ဒမီကျော်သူဆီက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ပညာတွေအများကြီးရသလို သရုပ်ဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီးလည်း အများကြီး သင်ကြားခွင့်ရတယ်လို့ ထူးအောင်က ပြောပါတယ်။

မော်ဒယ်လ်လောကမှာ နာမည်တစ်ခုရနေတဲ့ ထူးအောင်အနေနဲ့ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး အများကြီးကြိုးစားထားသလို ပရိသတ်တွေဝေဖန်ပေးကြဖို့ကိုလည်း ထူးအောင်က ပြောလာပါတယ်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲတစ်ခုလုံးကို  မင်းသား ဒေါင်း၊ ထူးအောင်၊ မေမြင့်မိုရ်တိုနဲ့ ပုဂံမြို့မှာပဲ အခြေချရို်က်ကူးနေတာဖြစ်ပြီး လာမယ့် ဧပြီလဆန်းလောက်ထိ အချိန်ယူရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, February 21, 2018

Top News