မိုးဟေကိုနဲ့ ရုပ်ရှင်ရိုက်ချင်တဲ့ ရွှေထူး

Mon, 2018-02-19 18:42 -- zaythu

ဂီတလောကထဲမှာသာမဘဲ အနုပညာလောကထဲမှာသာ ခြေဆန့်လာတဲ့ တေးသံရှင်ရွှေထူးက ဒီနှစ်ထဲမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားဖို့ လက်ခံထားတယ်လို့ ပြောလာပါတယ်။

သူ့အနေနဲ့ 7th Sence Creation နဲ့အတူ အနုပညာလုပ်ငန်းတွေကို တွဲဖက်လုပ်သွားဖို့ တစ်နှစ်စာချုပ်ချုပ်ထားသလို မိုးဟေကိုနဲ့ အတူ တွဲဖက်ပြီး ရုပ်ရှင်ရိုက်ကူးချင်တယ်လို့လည်း ရွှေထူးက ဖွင့်ဟလာပါတယ်။ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကိုဟာ သူငယ်ငယ်လေး ကတည်းက ကြိုက်ရတဲ့အနုပညာရှင် တစ်ယောက်ဖြစ်သလို သူ့ရဲ့သရုပ်ဆောင်မှုအပေါ်မှာ နှစ်သက်မှု ရှိတာကြောင့် တွဲဖက်ရိုက်ကူးချင်တာလို့ ရွှေထူးက ပြောပါတယ်။

လက်ရှိမှာတော့ ရုပ်ရှင်သရုပ်ဆောင်မိုးဟေကိုနဲ့ တွဲဖက်ရိုက်ကူးဖို့ ဇာတ်ကားထဲ လက်ခံထားတာမရှိသေးဘဲ လာမယ့် သုံးလပိုင်းထဲမှာ ဝတ်မှုန်ရွှေရည်နဲ့ ရုပ်ရှင်တစ်ကား၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့အတူ ရုပ်ရှင်တစ်ကားရိုက်ကူးဖို့ လက်ခံထားတယ်လို့ သိရပါတယ်။

ပက်ပက်စက်စက်ညှို့ ဇာတ်ကားရုပ်ရှင်ဇာတ်ကားရိုက်ကူးအပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေအပေါ်မှာ အမြဲစောင့်ကြည့်နေတဲ့ ရွှေထူးအနေနဲ့ ဒီထက်ပိုပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေလို့ ဖွင့်ဟလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Monday, February 19, 2018

Top News