ချစ်နေရတဲ့သူရှိတယ်လို့ ဖွင့်ဟလာတဲ့ နန်းခင်ဇေယျာ

Wed, 2018-02-14 12:34 -- zaythu

အချစ်တွေနဲ့ထုံမွှန်းနေတဲ့ ဒီနေ့လို  ချစ်သူများနေ့မှာတော့ သရုပ်ဆောင်နန်းခင်ဇေယျာက ချစ်ရသူကို အဝေးကကြည့်ရင်း တနေ့တာကို ဖြတ်သန်းမယ်လို့ ဖွင့်ဟလာပါတယ်။
 
အရင်က ချစ်သူများနေ့တွေမှာ လက်ဆောင်တွေ ရခဲ့ဖူးပေမယ့်လည်း ဒီနှစ်မှာတော့ ရဖို့အခြေအနေမရှိဘူးလို့ နန်းခင်ဇေယျာက ပြောပါတယ်။
 
အလှမယ်တစ်ယောက်ဖြစ်ရုံသာမကဘဲ အနုပညာနယ်ပယ်မှာပါ နေရာတစ်ခုရနေတဲ့ နန်းခင်ဇေယျာအနေနဲ့ ချစ်သူထားဖို့ အစီအစဉ်မရှိသေးဘဲ တိတ်တိတ်လေးချစ်ရတာကိုပဲ သဘောကျမိတယ်လို့ ဆိုပါတယ်။
 
အဲ့ဒါကြောင့် ဒီနှစ်ချစ်သူများနေ့ကတော့ သူ့အနေနဲ့ တစ်ယောက်တည်းသာ ဖြတ်သန်းဖြစ်မှာဖြစ်ပြီး နောက်နှစ်တွေမှာတော့ မသေချာသေးပါဘူးလို့ ပရိသတ်တွေကို ဖွင့်ဟလာပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်

Wednesday, February 14, 2018