မနက်ခင်းသတင်းစာ

Wed, 2018-02-14 12:29 -- zaythu
မနက်ခင်း သတင်းစာ အစီအစဉ်က နေ့စဉ်ထုတ် 7Day Daily သတင်းစာမှာ ပုံနှိပ်ဖော်ပြပြီးဖြစ်တဲ့ သတင်းတွေထဲက အချို့ကို ကောက်နှုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ နေရပ်ပြန်သွားတဲ့ နမ့်ဆန်စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့သတင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ လူငယ့်ရေးရာ မူဝါဒဆွေးနွေးပွဲကျင်းပမယ့်သတင်း၊ အင်းစိန် GTI အတွက် ယူရို(၄)သန်းခန့်တန်ဖိုးရှိတဲ့ သင်ထောက်ကူကိရိယာတွေ ဂျာမနီက ပံ့ပိုးပေးမယ့်သတင်း၊ တောင်အာဖရိက သမ္မတရာထူးကနေ ဇူးမားနှုတ်ထွက်ပေးရေး အာဏာရပါတီက တောင်းဆိုမယ့်သတင်းတို့ဖြစ်ပါတယ်။
မနက်ခင်း သတင်းစာ အစီအစဉ်ကို တနလာင်္နေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈း ၃၀ အချိန်မှာ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
Wednesday, February 14, 2018