ခေတ်နဲ့သစ်တို့ရဲ့ မွေးနေ့အလှူ

Sat, 2018-01-20 11:41 -- zaythu
တေးသံရှင်လင်းလင်းနဲ့ သရုပ်ဆောင်ချစ်သုဝေတို့ အမွှာသမီးလေးနှစ်ယောက်ရဲ့ တစ်နှစ်ပြည့်မွေးနေ့အလှူအဖြစ် လင်းလင်းတို့မိသားစုဟာ ရန်ကင်းကလေးဆေးရုံကို သိန်းလေးဆယ်လှူဒါန်းခဲ့ပါတယ်။
 
ပရိသတ်တွေချစ်ကြတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ တစ်နှစ်ပြည့်အလှူဖြစ်ကာ ကလေးတွေရဲ့တစ်နှစ်ပြည့်အလှူကို ကုသိုလ်တွေနဲ့ဖြတ်သန်းချင်တာကြောင့် ရန်ကင်းကလေးဆေးရုံကိုသွားရောက်ခဲ့တာဖြစ်ပြီး အရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေတဲ့ကလေးတွေအတွက် သိန်းလေးဆယ် လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် လင်းလင်းနဲ့ချစ်သုဝေတို့ဟာ ရန်ကင်းကလေးဆေးရုံမှာရှိတဲ့ ကလေးတွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး အမှတ်တရလက်ဆောင်တွေကိုလည်း ပေးခဲ့ပါတယ်။
 
ခေတ်နဲ့သစ်တို့ရဲ့ မွေးနေ့ကိတ်ခွဲခြင်းအစီအစဉ်ကို ရန်ကင်းကလေးဆေးရုံမှာရှိတဲ့ ကလေးတွေနဲ့အတူ ပြုလုပ်ခဲ့ပြီး တစ်နှစ်ပြည့်အလှူကို ပျော်ရွှင်စွာ ဖြန်သန်းခဲ့ကြပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Saturday, January 20, 2018