လက်ထပ်မယ့်သူတွေကို တစ်နေ့ စုံတွဲ ၁၀ တွဲပဲ လက်မှတ်ထိုးပေးမယ့်ဆိုတဲ့သတင်းမမှန်ဟုဆို

Sat, 2018-01-20 11:39 -- zaythu
ရန်ကုန်တိုင်းတရားလွှတ်တော်မှာ တရက်ကို မင်္ဂလာမောင်နှံ စုံတွဲ ၁၀ တွဲသာ လက်မှတ်ရေးထိုးပေး မယ် လို့ကန့်သတ်ထားတယ်ဆိုတာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း တရားရေးဦးစီးမှူး ဒေါ်စိုးခက်ခက် က ပြောပါတယ်။
 
မင်္ဂလာလက်မှတ်ရေးထိုးမယ့် စုံတွဲတွေကို တစ်နေ့ ကို စုံတွဲ ၁၀ တွဲသာလက်ခံပေးမယ့် ဆိုတဲ့ သတင်းတွေ မနေ့က မနက်ပိုင်းကပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပျံ နှံခဲ့တာပါ။
 
ဒါပေမယ့် ရုံးအတွင်းမှာ အဓိက လုပ်ငန်းတာဝန်တွေပျက်ပြားမှာစိုးတဲ့အတွက် လုပ်ငန်းတာဝန်ပျက်ပြားအောင် တော့ လက်မှတ်မထိုးရဘူး ဆိုတဲ့ ရုံးတွင်စည်းကမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။
 
မင်္ဂလာမောင်နှံတွေအနေနဲ့ တစ်ဦး နဲ့တစ်ဦး ဘဝတစ်ခုကို တည်ဆောက်တဲ့အခါမှာ ခိုင်မာမှု ရှိတယ်ဆိုတဲ့ စိတ်ခံစားချက်နဲ့ တရားရုံးကို လာပြီးလက်မှတ်ရေးထိုးလေ့ရှိကြတာပါ။
 
ရန်ကုန်တိုင်းတရားလွှတ်တော်မှာ မင်္ဂလာမောင်နှံတွေဟာ လက်မှတ်လာထိုးလေ့ရှိပြီး အမှတ်တရဓာတ်ပုံတွေလဲ ရိုက်ကူးလေ့ရှိနေတာပါ။
 
ရုပ်သံသတင်းထောက် - ယဉ်မွန်
Saturday, January 20, 2018