ဥာဏ်စမ်းပဟေဠိတွေမေးပြီး လက်မှတ်တွေကို အမှတ်တရပေးခဲ့တဲ့ နှင်းဆီးအဖွဲ့သားတွေ

Fri, 2018-01-19 10:34 -- zaythu
ဒီတစ်ခေါက်မှာ ကပြဖျော်ဖြေမယ့် နှင်းဆီနယ်နမိတ်အငြိမ့်အတွက် နှင်းဆီအဖွဲ့သားတွေဟာ ပရိသတ်တွေနဲ့ တွေ့ဆုံရင်း လက်မှတ်တွေကို အမှတ်တရပေးနိုင်မယ့်အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။
 
ကပြဖျော်ဖြေတဲ့ နှင်းဆီအငြိမ့်သက်တမ်းတလျှောက် အမှတ်တရတွေကို ဥာဏ်စမ်းပဟေဠိလုပ်ကာ ပရိသတ်တွေကို မေးမြန်းခဲ့ပြီး အဖြေမှန်ကန်တဲ့ပရိသတ်တွေအတွက် လက်မှတ် ၁၈ စောင်ကို ပရိသတ်တွေအတွက် လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
 
နှင်းဆီ အဖွဲ့သားတွေအနေနဲ့ ပရိဟိတလုပ်ငန်းတွေမှာ အကျိုးပြုနိုင်ဖို့အတွက် ဖျော်ဖြေမှုတွေကို ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီတစ်ခေါက်ဖျော်ဖြေပွဲကတော့ ရခိုင်ဒေသပြန်လည်ဖွံ့ဖြိုးရေးရန်ပုံငွေပဒေသာကပွဲအဖြစ် ဖျော်ဖြေတာဖြစ်ပါတယ်။
 
နှင်းဆီနယ်နမိတ် အငြိမ့်အတွက် လက်မှတ်တွေကိုတော့ တော်ဝင်စင်တာ၊ အမျိုးသားဇာတ်ရုံရှေ့တွေမှာရောင်းချပေးနေပြီ ဇန်နဝါရီ ၁၉ရက်နဲ့ ၂၀ရက် နှစ်ညတာ အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
 
ရုပ်သံသတင်းထောက် - အေးမြတ်
Friday, January 19, 2018